ရခိုင်တို့၏ သေရေးရှင်ရေး အဆုံးအဖြတ်ကာလ ( Critical period )

 

source share arakan news

ရခိုင်တို့၏ သေရေးရှင်ရေး အဆုံးအဖြတ်ကာလ ( Critical period )
**************************************
အပိုင်း ( ၁ )
———–
# မြောက်ဦးခေတ်ကို ဘိုးတော်မောင်ဝိုင်း ကျူးကျော်သိမ်းပိုက်မှုကြောင့် ရခိုင်တို့၏ ကိုယ်ထီးကိုယ့်နန်း ရပ်ဆိုင်းပျောက်ကွယ် ပျက်စီးခဲ့ရသည် ။ စစ်နိုင်သူတို့ နိုင့်ထက်စီးနင်းပြုလုပ်မှုကြောင့် လူအသေအပျောက်များ ။
သုံ့ပန်းဘ၀ဖြင့် ကိုယ့်ပြည်ကိုယ့်မြေကိုယ့်ရေကို စွန့်ခွာခဲ့ရသူများလည်း ဒုနှင့်ဒေး ။
ပြည်ကြီးရခိုင် ဖရိုဖရဲ ဖြစ်သွားခဲ့သော်လည်း လူမျိုးမပျောက်၊ သာသနာ ဆက်လက် တည်တံ့ခဲ့ ။

# ၁၈၂၄ ခုနှစ်တွင် ရခိုင်ပြည်သည် အင်္ဂလိပ်လက်အောက်သို့ ပြောင်းလဲကျရောက်ခဲ့ ။
အင်္ဂလိပ်တို့လက်ထက်တွင် ရခိုင်တို့ လယ်ယာမြေစီးပွားရေး အထူးကောင်းမွန်ခဲ့ပြီး
စစ်တွေသည် ဆန်စက်ကြီးများမြို့တော်ဖြစ်ခဲ့ ။ စစ်တွေ နိုင်ငံတကာဆိပ်ကမ်း၌ ပင်လယ်ကူးသင်္ဘောကြီးများ အဆက်မပြတ် ဥဒဟို ၀င်ထွက်ဆိုက်ကပ် စည်ကားခဲ့သည်။ ရမ်းဗြဲကျွန်း ကျောက်ဖြူနယ်သည် ရေနံတွင်းများဖြင့်နာမည်ကြီးခဲ့ ။
သံတွဲ ငပလီကမ်းခြေကို ကမ္ဘာကျော်အပန်းဖြေစခန်း တစ်ခုအဖြစ် ဖန်တီးနိုင်ခဲ့သည်။
ရခိုင်လူမျိုး ခေတ်ပညာတတ်များလည်း အများအပြားထွက်ပေါ်ခဲ့သည်။
သို့သော် နောင်တစ်ချိန်တွင် ရခိုင်များကို အကြီးအကျယ် ဒုက္ခပေးလာမည့် စစ်တကောင်းသား ဘင်္ဂလီကုလားများ ရခိုင်နယ်မြေများသို့ တံခါးမရှိဓါးမရှိ ၀င်ရောက်လာခြင်းများလည်း ရှိလာခဲ့သည်။ အမျိုးဘာသာ သာသနာအတွက် တစ်စုံတစ်ရာပြသနာမရှိခဲ့ ။ ထိုခေတ်ကိုမှီလိုက်ကြသူများက” ခေတ်ကောင်းစဉ်က ”
ဟု လွမ်းဆွတ်တမ်းတခဲ့ကြသည်။

 

74727_556225451100599_1528009698_n

# အင်္ဂလိပ်တို့ထံမှ လွတ်လပ်ရေးရပြီဆိုသော ၁၉၄၈ ခုနှစ်မှစတင်၍ ရခိုင်တိုင်းဟုတစ်မျိုး ၊ ရခိုင်ပြည်နယ်ဟု တစ်ဖုံ ခေါ်ဆိုပြီး ရိုးမအရှေ့သားတို့ စီမံခန့်ခွဲအုပ်ချုပ်မှု လက်အောက်သို့ ယနေ့ထိရောက်ရှိနေပြီဲဖြစ်သည်။
ပြည်ထောင်စုဖွားတိုင်းရင်းသားများဆိုသော စကားလုံးလှလှအောက်တွင် ရခိုင်ပြည်သည် ဖွံ့ဖြိုးမှုအနိမ့်ဆုံး ၊ အဆင်းရဲဆုံးဆိုသည့် အမင်္ဂလာပညတ်များကို
ပိုင်ဆိုင်ထားရပြီဖြစ်သည်။
ရေနောက် မြက်ခြောက် လာ၍ ရခိုင်ပျိုရွယ်သူတို့ ရေကြည်ရာမြက်နုရာ ရှာရင်း မိခင်ရခိုင်မြေရင်တွင်းကို ဖယ်ခွာ သွားကြသူတွေကလည်း မရေမတွက်နိုင်။
အစ်ကိုကြီးဆိုသည့် အုပ်ချုပ်သူ ရိုးမအရှေ့သားတို့ အာဏာတည်မြဲရေးအတွက်
နိုင်ငံရေးဝှက်ဖဲတစ်ခုအဖြစ် ကုလားများကို မျက်နှာသာပေး၊
ရခိုင်များနှင့် ရန်တိုက်ပေး စသည်တို့ကို စဉ်လာမပျက် ကျင့်သုံးလာခဲ့ကြသည်။ ထိုအကျိုးဆက်များအဖြစ် ဘင်္ဂလီကုလားတို့သည် ရခိုင်တို့အပေါ် လူဦးရေ အရ၊ စီးပွားရေး အရ ၊ အသာစီး ရရှိလာခဲ့ကြသည် ။

# ဤကြားထဲတွင် မူဆလင်ရေနံဒေါ်လာရိပ်မှ မလွတ်ကင်းသည့်
UN အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းများကလည်း မြန်မာ junta များကို ဖိအားပေးနိုင်ရန်အတွက် လူ့အခွင့်အရေးမျက်နှာဖုံးစွပ်ပြီး ဘင်္ဂလီကုလားများကို ဒေါ်လာမျက်နှာကြောင့် လိုသည်ထက်ပို၍ ကူညီပံ့ပိုး
မြှောက်ပင့်ပေးမှုများကို ဆယ်စုနှစ် ၂ ခုကျော် ပြုလုပ်ပေးခဲ့ ကြပြီးဖြစ်သည် ။ ရခိုင်တို့ဖက်ကိုကား မသထာရေစာ နတ်တင်သလောက်ပင် ပေးဖို့ ၀န်လေးခဲ့ကြသည် ။

# ၂၀၁၂ ခုနှစ် မိုးဦးကာလ ဇွန်လ အရောက်တွင်….. ( ဆက်ပါဦးမည် )

( Than Tun Than ) face book မှ ကူးယူဖေါ်ပြသည်..

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s