UWSA နှင့် အစိုးရ တို့ အချက် ၅ ချက် ထပ်မံသဘောတူ

SATURDAY, 13 JULY 2013 00:17 သျှမ်းသံတော်ဆင့်

ဂျူလိုင်လ ၁၂ ရက် ၂၀၁၃  ညနေပိုင်း ၀ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် UWSA ပြင်ပဆက်ဆံရေး ဌာနကြီးမှူး ဦးကျောက်ကော်အန် ဦးဆောင်သောအဖွဲ့နှင့် အစိုးရ ပြည်ထောင်စုငြိမ်း ချမ်း ရေး လုပ်ငန်းဖေါ် ဆောင် ရေးကော်မတီ ဒုတိယ ဥက္ကဌ ဦးသိန်းဇော်တို့ တွေ့ဆုံကာ သဘောတူညီချက် ထပ်မံလက်မှတ်ရေး ထိုးကာ ထုတ်ပြန်ကြေငြာခဲ့သည်။

 

agreement of uwsa 12 july
agreement of uwsa 12 july

“သူတို့တွေ့ဆုံတာက ည ၇ နာရီမှ ပြီးတယ်။   ၅ ချက်ထပ်မံလက်မှတ်ထိုးတယ်။ သတင်းထောက်တွေ မေးလိုက်ရင်လဲ တောင်ပိုင်း ၀ ပြဿနာက အဆင်ပြေပြီလို့ဘဲပြောနေကြတယ်။ ညီအစ်ကိုချင်း စိတ်ဝမ်းကွဲ တာတွေထပ် မဖြစ်စေရပါဘူး လို့ဘဲပြောတယ်။ ဘယ်လိုဖြေရှင်း မလဲ။ ဘယ်လိုအာမခံချက်ပေးလဲ တိုက်ပွဲမဖြစ်အောင် စတာတွေ သေခြာခြာ ဖြေကြားပေးတာရှိဘူး” ဟု လိုက်ပါသတင်းယူသူ ကျိုင်းတုံဒေသခံ စိုင်းယီမောဝ့် က ပြောသည်။

ကျိုင်းတုံမြို့ တြိဂံတိုင်းစစ်ဌာနချုပ် ရွှေတြိဂံရိပ်သာတွင် ထပ်မံသဘောတူခဲ့သော အချက် ၅ ချက် မှာ – “ပြည်ထောင်စုအဆင့် သဘောတူထားဖူးတဲ့ အချက်တွေကို နှစ်ဘက်စလုံးလိုက်နာမယ်၊ ထာဝရ ငြိမ်းချမ်းရေးရတဲ့အထိ နှစ်ဘက်ပူးပေါင်းဆောင်ရွက်မယ်၊ အစိုးရတပ်နဲ့ ၀ တပ်အကြား တပ်ပိုင်းကိစ္စတွေရှိလာရင် နည်းလမ်းကောင်းတွေရှာပြီး ပွင့်ပွင့်လင်းလင်းတွေ့ဆုံဆွေးနွေး မယ်၊ နိုင်ငံတော်ကနေ ဘယ်တော့မှခွဲမထွက်ဘဲ နိုင်ငံတော်အချုပ်အခြာအာဏာ နဲ့ နယ်မြေ တည်တံ့ရေးအတွက် ၀ တွေက စွမ်းရည်များကို လှူဒါန်းပေးဆောင်မယ်၊ မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် ပြည်ထောင်စုအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မယ်” – သဖြင့် ပါရှိကြောင်း  စိုင်းယီမောဝ့် က ပြောပါသည်။

တွေ့ဆုံပွဲတွင် ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ပြင်ပဆက်ဆံရေးဌာနကြီးမှူး ဦးကျောက်ကော်အန် ဦးဆောင်သည့်အဖွဲ့ဝင် ၅ ယောက်၊ ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းဖေါ်ဆောင်းကော်မတီ ဒုတိယ ဥက္ကဌ ဦးသိန်းဇော်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၊ အမှတ် ၂ အထူးစစ်ဆင်ရေးတပ်ဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် တို့တက်ရောက်ဆွေးနွေးခြင်းဖြစ်သည်။

မြန်မာအစိုးရ၏ တပ်မတော်သည် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် မ တွေ့ဆုံမီ နှစ်ရက်အလို ဂျူလိုင် ၁၀ ရက်နေ့တွင် တိုက်ခိုက်ရေး တင့်ကားအစီး ၂၀ တိတိ သံလွင် အနောက်ခြမ်းမှ တြိဂံတိုင်းစစ်ဌာနချုပ်သို့ ရောက်ရှိလာသည်ဟု ကျိုင်းတုံမြို့တွင်းနေ အပစ်ရပ်အရာရှိကြီးတဦးက ပြောပါသည်။

“အခုဆွေးနွေးပွဲက တောင်ပိုင်း ၀ ပြသနာဖြေရှင်းနိုင်ကြပြီလို့ပြောကြတယ်။ ဒါပေမယ့် ၀ နဲ့မဆွေးနွေးခင် တင့်ကား အစီး ၂၀ ကျော်က တြိဂံတိုင်းကို ထပ်ရောက်လာတယ်။ ဘာသဘော လဲတော့မသိဘူး” ဟု ပြော၏။

တိုက်ပွဲဝင် သံချပ်ကာကားများ၊ စစ်ရဟတ်ယာဉ်များ လက်ဝယ်ပိုင်ဆိုင်ထားသည် ဆိုသည့် သတင်းထွက်ရှိထား သည့် ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်သည် တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများအနက် အင်အားအတောင့်တင်းဆုံးတပ်မတော်ဖြစ်သည်။ သီးခြား ၀ ပြည်နယ် ထူထောင်နိုင်ဖို့ရန်လည်း နေပြည်တော်အစိုးရထံတောင်းဆိုထားသည်။

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s