GW အတွင်းရေးမှူးဖမ်းဆီးမှု ပြည်ထဲရေးထံ စာပို့မေးမြန်းထားဟု ပြန်ကြားရေး ဒုဝန်ကြီးဆို

ယုံကြည်ချက်အကျဉ်းသားများလွတ်မြောက်ရေး လှုပ်ရှားခဲ့သူ ကိုဝေဖြိုးအောင်
ယုံကြည်ချက်အကျဉ်းသားများလွတ်မြောက်ရေး လှုပ်ရှားခဲ့သူ ကိုဝေဖြိုးအောင်

 

Press-Lease-for-Wai-Phyo-burmese

 

ပြန်ကြားရေးဝန်ကြီးဌာနက သုံးစွဲရန် ဆိုင်းငံ့ထားသည့် ၁၉၆၂ ပုံနှိပ် အက်ဥပဒေဖြင့် Generation Wave (GW) အဖွဲ့အတွင်းရေးမှူး ဦးဝေဖြိုးအောင်ကို ပြည်မြို့ အမှတ် (၁) ရဲစခန်းက အရေးယူ ထားခြင်းကြောင့် ပြည်ထဲရေးဝန်ကြီးဌာနကို တရားဝင် စာပို့ မေးမြန်းထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။
GW အတွင်းရေးမှူးဖမ်းဆီးမှု ပြည်ထဲရေးထံ စာပို့မေးမြန်းထားဟု ပြန်ကြားရေး ဒုဝန်ကြီးဆိုရန်ကုန်၊ ဇူလိုင် ၁၂ပြန်ကြားရေးဝန်ကြီးဌာနက သုံးစွဲရန် ဆိုင်းငံ့ထားသည့် ၁၉၆၂ ပုံနှိပ် အက်ဥပဒေဖြင့် Generation Wave (GW) အဖွဲ့အတွင်းရေးမှူး ဦးဝေဖြိုးအောင်ကို ပြည်မြို့ အမှတ် (၁) ရဲစခန်းက အရေးယူ ထားခြင်းကြောင့် ပြည်ထဲရေးဝန်ကြီးဌာနကို တရားဝင် စာပို့ မေးမြန်းထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။ပြည်မြို့ အမှတ် (၁) ရဲစခန်းက ဦးဝေဖြိုးအောင်ကို အရေးယူထားသည့် ၁၉၆၂ ပုံနှိပ် အက်ဥပဒေသည် ပြန်ကြားရေးဝန်ကြီးဌာနက ဆိုင်းငံ့ထားသည့် ဥပဒေဖြစ်ကြောင်း၊ ယင်းကြောင့် အရေးယူမှု ဖြစ်စဉ်ကို ပြည်ထဲရေးဝန်ကြီးဌာနက ပြန်လည် ရှင်းပြပေးရန် မေးမြန်းထားကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ဦးဝေဖြိုးအောင်သည် အဖွဲ့အစည်းတစ်ခုက ဆောင်ရွက်သည့် ရေရှည် တည်တံ့မည့် ဖွံ့ဖြိုးတိုးတက်မှု အလုပ်ရုံဆွေးနွေးပွဲတွင် ပါဝင်ကူညီရန် ပြည်မြို့သို့ ခေတ္တရောက်ရှိစဉ် ဇူလိုင်လ ၁၀ ရက်နေ့က ၂၀၁၁ ခုနှစ်အတွင်း ကျူးလွန်ခဲ့သည့် ပြစ်မှုကြွေးကျန် အတွက်ဟုဆိုကာ ပြည်မြို့အမှတ် (၁) ရဲစခန်းက ထိန်းသိမ်းထားခြင်း ဖြစ်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြည်မြို့ အမှတ် (၁) ရဲစခန်းကို ဆက်သွယ်မေးမြန်းရာ ၁၉၆၂ ပုံနှိပ်ဥပဒေ ဆိုင်းငံ့ထားသည်ကို မိမိတို့ထံ တစ်စုံတစ်ရာ ညွှန်ကြားထားခြင်း မရှိကြောင်း တာဝန်ကျ ရဲအရာရှိက ပြောကြားသည်။

ထို့အတွက် ဦးဝေဖြိုးအောင်ကို ဇူလိုင်လ ၁၂ ရက်တွင် အထက်ပါ ဥပဒေပုဒ်မ ၁၇ (၁) အရ ထုတ်ဝေခွင့် ကန့်သတ်ထားသည့် စာရွက်စာတမ်းများ ပုံနှိပ်ဖြန့်ချိမှုဖြင့် တရားစွဲဆိုမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

GW အဖွဲ့ အတွင်းရေးမှူး အရေးယူခံရမှုအတွက် တရားစီရင်ရေးကဏ္ဍကို ဝင်ရောက်စွက်ဖက်မည် မဟုတ်သော်လည်း တရားစီရင်ရေးမှန် မမှန်ကိုမူ စောင့်ကြည့်မည် ဖြစ်ကြောင်း လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီဝင်နှင့် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးရဲအောင်က ပြောကြားသည်။

လတ်တလော ဦးဝေဖြိုးအောင်ကို ဖမ်းဆီး ထိန်းသိမ်းထားသည့်အပြင် ယခုနှစ်လတာ ကာလအတွင်း နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများကို ဖမ်းဆီးမှု ပိုမိုများပြားလာကြောင်း၊ ယင်းသို့ဆောင်ရွက်မှုသည် ဒီမိုကရေစီ အပြောင်းအလဲတွင် နိုင်ငံတကာ၏ ယုံကြည်မှုကို ထိခိုက်စေနိုင်ကြောင်း GW အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးမိုးသွေးက ပြောကြားသည်။ PHOTO CREDIT GENERATION WAVE

Wai Phyoe
Wai Phyoe
Wai Phyoe
Wai Phyoe

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s