နစက အစား လုံထိန်းရဲထပ်ဖွဲ့မှ တာဝန်ယူထမ်းဆောင်သွားမည်
——————————– Arakan Events
နစက အစားလုံထိန်းရဲထပ်ဖွဲ့မှ အစားထိုးတာဝန်ယူသွားမည်ဖြစ်ရာ ယနေ့ မှစတင်ပြီး မောင်တောမြို့သို့လုံထိန်း ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးရောက်ရှိ နေပြီဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။
တိုင်းရင်းသားများ၏ယုံကြည်မှုကို ဖျက်ဆီးခဲ့သော နစက အား ယခုကဲ့သို့ ဖျက်သိမ်းပြီးနောက် ဒီမိုကရေစီနိုင်ငံများအတိုင်း ရဲတပ်ဖွဲ့မှ တာဝန်ယူခြင်းဖြစ်ကြောင်းသိရသည်။
နစက ဖျက်သိမ်းပြီဟု သမ္မတက ဇူလိုင်လ ၁၂ ရက်နေ့ ည ၈ နာရီသတင်းတွင် ရုတ်တရကြေငြာခဲ့ခြင်းဖြစ်ပြီး ဒေသခံအများစု က အံ့သြခဲ့ကြကြောင်းလည်းသိရသည်။
နစက က ကုလားတွေနဲ့ပေါင်းပြီး နယ်စပ်မှာဖြစ်ချင်သလိုဖြစ်နေခဲ့တာ။ထောင်နန်းစံသွားတဲ့ ကွပ်ကဲရေးမှူး အောင်ကြီးက ကုလားတွေဆီက ငွေပေးပြီး တိုင်းရင်းသားကျေးရွာတွေကို မီးရှို့နေတာကို ရပ်ကြည့်နေခဲ့တဲ့သူဖြစ်တယ်။နောက်ပြီးကုလားတွေကို ဘွဲ့လက်မှတ်တွေ ပေး နေတဲ့ပုံတွေ ပေါ်ထွက်လာခဲ့တယ်။ နစကဟာ နယ်စပ်မှာ ဗိုလ်ကျပြီးတော့ ကုလားတွေကို ခိုးသွင်း၊ခိုးထုတ်လုပ်နေခဲ့တာဖြစ်တယ်။ အခု နစက ကိုဖျက်သိမ်းလိုက်ပြီဆို တော့ နောက် ဘယ်လိုလာမလဲတော့မသိသေးဘူး။ လုံထိန်းဝင်လာမယ်ဆိုတာကလည်း နစကလို မဆိုးဖို့လိုတယ်။ဟု မောင်တောမြို့ခံတစ်ဦးကပြောသည်။
ရခိုင်ပြည်နယ်၏အဓိလုံခြုံရေးဖြစ်သည့် နစကအား ဆက်လက်ထားရှိခြင်းအားဖြင့် ရခိုင်ပြည်နယ်၏လုံခြုံရေး မှာ ယခုပိုမိုဆိုးရွာလာနိုင်ခြေရှိသည်။ ယင်းအတွက် လုံထိန်းတပ်ဖွဲ့အား တာဝန်လွဲအပ်ခြင်းဖြစ်နိုင်သည်။
သို့သော်လည်း ထိုသို့လွှဲအပ်ခြင်းအားဖြင့် ရခိုင်ပြည်နယ်လုံခြုံရေးကောင်းမွန်လာမည်လားဆိုသည့် မေး ခွန်းများဖြစ်လာခဲ့သည်။ လက်ရှိတွင်တိုင်းရင်းသားများစိုးရိမ်မှုများကို ရင်ဆိုင်နေရသည်။ ရခိုင်ပြည်နယ် လုံခြုံဖိုအတွက် ကုလားရခိုင်သင့်မြတ်ရေးသည် မည့်အခါမျှ ဖြစ်လာမည်မဟုတ်ကြောင်းလည်းပြော ဆိုကြသည်။
လာဒ်စားမှုပပျောက်သွားမှသာ ရခိုင်ပြည်နယ်ပိုမိုလုံခြုံလာမည်ဖြစ်သည်။ လက်နက်ကိုင်များလာဒ်စား ခြင်း သည် လွန်စွာကြောက်စရာကောင်းသဖြင့် ယခုတာဝန်ထမ်းဆောင်မည့် လုံထိန်းတပ်ဖွဲ့ဝင်များအား စနစ်တကျ ကိုင်တွယ်ဖြေရှင်းပြီး တာဝန်သိသူများဖြစ်စေရန်လိုအပ်နေပြီး တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်မှသာ တိုင်းရင်းသားပြည်သူများ အလေးထားအားထားလာမည်ဖြစ်သည်။