၁။ အမျိုး ဘာသာသာသနာနှင့် ဗုဒ္ဓဘာသာအပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံအတွက်လိုအပ်လျှက်ရှိသော ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေများ ပြဌာန်းနိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းသည် နိုင်ငံတော်နှင့် နိုင်တော်သူ /သား အားလုံးညီညွတ်ရေး၊ စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ရည်ရွယ်လျက် ကန့်ကွက်သူနှင့် ထောက်ခံသူ အားလုံးတို့ထံမှ အကြံဥာဏ်များ ရယူလိုခြင်းသာဖြစ်သည်။
၂။ တစ်စုံတစ်ဦး အဖွဲ့အစည်းတစ်ခုနှင့် အခြားဘာသာများစသည့် မည်သည့်ကိုမျှ ထိခိုက်နစ်နာစေလိုသော ရည်ရွယ်ချက် (လုံးဝ)မရှိပါ။
၃။ အမျိုးစောင့် ဥပဒေပြဌာန်းရေးနှင့် ပတ်သက်၍ ကဲ့ရဲ့ခြင်း၊ ရှုံ့ခြခြင်း၊ပုတ်ခက်ခြင်းနှင့်ထောက်ပြဝေဖန်ခြင်းများကို ကြိုဆိုလက်ခံကာ လမ်းပြကူညီသည်ဟု မှတ်ယူလျက် အဆိုပါ အချက်များအားလည်း ထည့်သွင်းစဉ်းစားသွားမည်ဖြစ်သည်။
၎။ ဆွေးနွေးတင်ပြကြရာတွင် တင်ပြမှုစကားလုံး သုံးနှုန်းမှုများသည် ဤအလုပ်ရုံဆွေးပွဲနှင့် သက်ဆိုင်းခြင်းမရှိဘဲ တင်ပြသူပုဂ္ဂိုလ်၏ တာဝန်သာဖြစ်သည်။
အမျိုးဘာသာ သာသနာ စောင့်ရေးအဖွဲ့(ဗဟို) မြန်မာနိုင်ငံ
ရက်စွဲ ။၂၀၁၃ ခုနှစ်၊ဇူလိုင်လ(၁၁)ရက်၊ကြာသတေးနေ့
့
စာအမှတ် ။၀၀၁၅/မစဥ-မဘသ/၂၀၁၃