U WIRA THU: “ဦးဝီရသူထံသို့ အိတ်ဖွင့်ပေးစာ”

လေးစားစွာလျှောက်ထားအပ်ပါသည် အရှင်ဘုရား။

969017_292464380897077_629446910_n

တပည့်တော် ဦးတာသည် 18.6.2013 နေ့ ညနေက၊ သိမ်တောင်ကျောင်း၊ မြောက်ဘက်မုဒ်ဦးမှ ကြို၍စာတစ်စောင် ပေးခဲ့ပါတယ်ဘုရား။

တပည့်တော်၏ဆန္ဒနှင့် ဆရာတော်၏ဟောပြောချက်များ ထပ်တူဖြစ်နေ၍ တပည့်တော် ဝမ်းမြောက် ဝမ်းသာ ဖြစ်ရပါတယ်ဘုရား။

အရှင်ဘုရားတို့အဖွဲ့ တောင်ကြီးမှ ပြန်ကြွပြီး မကြာမီ TIME-မဂ္ဂဇင်းမှ အရှင်ဘုရား၏ ပုံနှင့် သိက္ခာကျစေသော အရေးအသားများ DVB-မှ တွေ့မြင်ရ၍ အရှင်ဘုရားအတွက် စိုးရိမ်စိတ်များ ဖြစ်ပေါ်ခဲ့ ပါသည်။ သို့သော် …

၁။       အစိုးရမှ အရှင်ဘုရားဘက်မှ ရပ်တည်ခြင်း။

၂။       SNLD-ပါတီမှ အရှင်ဘုရားဘက်မှ ရပ်တည်ခြင်း။

၃။    ရန်ကုန်အောင်ဆန်းတပ်ဦးကျောင်းတိုက် သံဃာ(၁ဝဝဝ)ကျော် အစည်းအဝေးမှ                                  ထောက်ခံခြင်း။

၎။       ဆရာတော်ကြီး ဦးဉာဏိဿရ၊ (ရေ ဆရာတော်ကြီး)မှ ထောက်ခံဟောပြောခြင်း။

၅။       ငါးကျမ်းပြီး ဆရာတော်ဘုရားကြီးမှ အရှင်ဝီရသူ အပြစ်မရှိကြောင်း တင်ပြချက်များကြောင့်                       တပည့်တော် အရှင်ဘုရားအတွက် စိတ်အေးရပါတယ် ဘုရား။

ယနေ့ အခြေအနေမှာ ဆရာဇော်ဂျီရဲ့“ထလော့မြန်မာ”ကဗျာလေးဟာ ဆရာတော်နဲ့ သိပ်ကိုကိုက်ညီတဲ့ ကဗျာလေးဖြစ်လို့ ထည့်ပေးလိုက်ပါတယ်ဘုရား။

အလုပ်များတဲ့ကြားက အားတဲ့အချိန် ဖတ်ရှုတော်မူပါဘုရား။

ကျန်းမာရေးနှင့် မူဆလင်အန္တရာယ် အစဉ်သတိထားပါ ဘုရား။

လေးစားကြည်ညိုလျက်

ဦးတာ (ကျောင်းဆရာ-ငြိမ်း)

“ထလော့မြန်မာ”

၁။       ထလော့မြန်မာ၊ အိုမြန်မာတို့

ဒို့ရွာ၊ ဒို့မြေ၊ ဒို့ရွာမြေဝယ်

စေတီစပါး၊ များလဲများ၏

များပါလေလဲ၊ တမွဲမွဲနှင့်

ဆင်းရဲကာသာ၊ ကာလကြာလျှင်

ယာစကာမျိုး၊ တညှိုးညှိုးနှင့်

ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား

လှည့်လည်သွားလျှက်၊ မစားလေရ ဝမ်းမဝ၍

ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

၂။       ထလော့မြန်မာ၊ အိုမြန်မာတို့

ဒို့ရွာ၊ ဒို့ပြည်၊ ဒို့ရွာမြေဝယ်

ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်

သီးနှံချိုပြား၊ များလဲများ၏

များပါလေလဲ၊ တမွဲမွဲနှင့်

ဆင်းရဲကာသာ၊ ကာလကြာလျှင်

မြင်သာမြင်ရ၊ မစားရနှင့်

တောကပြိတ္တာ ဖြစ်မည်တည်း။

၃။       ထလော့မြန်မာ၊ အိုမြန်မာတို့

အားမပျော့နှင့်၊ မလျှော့လုံ့လ

သူကစ၍၊ ငါကအားလုံး

လက်ရုံးများမြောင်၊ ဉာဏ်များမြောင်နှင့်

စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့

ဤမြေ၊ ဤရွာ၊ ဘယ်သူ့ရွာလဲ

ဤယာစပါး၊ ဘယ်သူ့စပါးလဲ

ထလော့တာဝန်၊ ပွန်လော့လုပ်ငန်း

ဉာဏ်ရှေ့ပန်း၍၊ တဝမ်းတစိတ်

ညီစေသတည်း။

အမျိုးဘာသာ၊ သာသနာအတွက်

ကြိုးစားလုပ်မည်… ဝီရသူ…ဟေ့

ဇော်ဂျီ + ဦးတာ

အရှင်ဝီရသူအား ဦးညွတ်လျက်

ဦးတာ (ကျောင်းဆရာ-ငြိမ်း)

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s