၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်းအား ကန့်ကွက်

၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်းအား ကန့်ကွက်
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
နေပြည်တော် ဇွန် ၂၃

၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်း Vol 182, No. 1 တွင် မြန်မာနိုင်ငံမှ ဗုဒ္ဓ၏သားတော် သံဃာတစ်ပါးဖြစ်သူ ဦးဝီရသူအား မျက်နှာဖုံးတင်၍ “THE FACE OF BUDDHIST TERROR” ဆောင်းပါးအား ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံသည် ဘာသာရေးခွဲခြားမှု မရှိဘဲ လွတ်လပ်စွာကိုးကွယ်ခွင့် ပြုထားသည့် နိုင်ငံ ဖြစ် သည်။ မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓဘာသာကို နိုင်ငံသား အများစုက ယုံကြည်လေးမြတ်စွာ ကိုးကွယ်ကြသော်လည်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ ပုဒ်မ ၃၆၂ တွင် “နိုင်ငံတော်သည် ခရစ်ယာန် ဘာသာ သာသနာ၊ အစ္စလာမ်ဘာသာသာသနာ၊ ဟိန္ဒူဘာသာ သာသနာ နှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို ဤဖွဲ့စည်းပုံအခြေခံဥပဒေအာဏာတည်သောနေ့၌ နိုင်ငံတော်တွင်ရှိနေကြသော ကိုးကွယ်ရာဘာသာများ ဟူ၍ အသိအမှတ်ပြုသည်” ဟူ၍ ပြဌာန်းထားသည်။

ဗုဒ္ဓဘာသာသာသနာသည် ကံ ကံ၏ အကျိုးကို လည်းကောင်း၊ ကိုယ်တိုင် ကျင့်ကြံအားထုတ်၍ ရရှိသည့် အသိအမြင်ကို အခြေခံ၍ လည်းကောင်း ရွေးချယ်ဆုံးဖြတ်ခွင့် ပေးထားသည့် မြင့်မြတ်သော ငြိမ်းချမ်းရေးကို ရှေ့ရှုသည့် ဘာသာတရား ဖြစ်သည်။ ဗုဒ္ဓ၏ သားတော်များ ဖြစ်သည့် သံဃာတော် များသည်လည်း (၂၂၇)သွယ်သော သိက္ခာပုဒ်တို့ကို လိုက်နာစောင့်ထိန်းကြရပြီး သာသနာတော် သန့်ရှင်း၊ တည်တံ့၊ ပြန့်ပွားရေးအတွက် နှစ်ပေါင်း ထောင်နှင့်ချီ၍ ငြိမ်းချမ်းစွာ ကြိုးပမ်းအားထုတ် ခဲ့ကြသူများ ဖြစ်သည်။

ထို့ပြင် “၉၆၉” အမှတ်တံဆိပ်သည် ဗုဒ္ဓမြတ်စွာဘုရား၏ ဂုဏ်တော်(၉)ပါး၊ ဗုဒ္ဓတရားတော်၏ ဂုဏ်တော်(၆)ပါးနှင့် သံဃာတော်တို့၏ ဂုဏ်တော် (၉)ပါးကို ကိုယ်စားပြုသော၊ ဗုဒ္ဓဘာသာဝင်တို့ ယုံကြည်ကိုးကွယ်သည့် ရတနာသုံးပါးကို ရည်ညွှန်းသည့် သင်္ကေတ အမှတ်တံဆိပ် ဖြစ်ပြီး ငြိမ်းချမ်းရေး သင်္ကေတဖြစ်သည့် အားလျော်စွာ ဗုဒ္ဓသာသနာတော်ကို ညိုးနွမ်းစေနိုင်မည့် နေရာဌာနနှင့် ကိစ္စများတွင် အသုံးမပြုရန် သက်ဆိုင်ရာ သံဃာ့အဖွဲ့အစည်းများက အလေးထား မေတ္တာရပ်ခံလျက် ရှိသည်ကိုလည်း တွေ့ရှိရသည်။

လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရအနေဖြင့် လွတ်လပ်ပွင့်လင်းသော ဒီမိုကရေစီလူ့ဘောင် သို့ အသွင်ကူးပြောင်းစ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအတွင်း မလိုလားအပ်သော ပဋိပက္ခများ ဆက် လက် ဖြစ်ပေါ်လာခြင်း မရှိစေရန် နိုင်ငံတော်အစိုးရ၊ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ၊ မီဒီယာများနှင့် ပြည်သူများ ပူးပေါင်း၍ ကြိုးပမ်း တည်ဆောက်နေသောအချိန် ဖြစ်သည်။ ကိုးကွယ် ယုံကြည်ချက်ဆိုင်ရာ ကိစ္စရပ်များသည် သိမ်မွေ့နက်နဲသော အကြောင်းခြင်းရာများ ဖြစ်၍ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှု၊ ဘာသာသာသနာများအကြား အပြန်အလှန် လေးစားယုံကြည်မှုတို့နှင့်အတူ အထူးအလေးထား ဆောင်ရွက်သင့်ကြောင်း တွေ့ရသည်။

တိုင်းမ်မဂ္ဂဇင်းပါ ဖော်ပြချက်သည် နှစ်ပေါင်းထောင်ချီ၍ တည်တံ့လာခဲ့ပြီး မြန်မာနိုင်ငံသား အများစုကိုးကွယ်ရာဖြစ်သော ဗုဒ္ဓဘာသာ သာသနာတော်အပေါ် အထင်အမြင်လွဲမှားစေပြီး လက်ရှိ ဆောင်ရွက်နေသည့် ဘာသာပေါင်းစုံတို့အကြား အပြန်အလှန် ယုံကြည်မှုတည်ဆောက်နေခြင်းကိုလည်း ထိခိုက်စေနိုင်ကြောင်း တွေ့ရသည်။

သို့ဖြစ်၍ THE FACE OF BUDDHIST TERROR ဆောင်းပါး ရေးသားဖော်ပြခဲ့သည့် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်း Vol 182, No. 1 အား ကန့်ကွက်ကြောင်း ဖော်ပြအပ်ပါသည်။

[Read More : http://www.president-office.gov.mm/zg/briefing-room/news/2013/06/23/id-3765]

 
 Image

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s