11.JUNE 2013 MALAYSIA
ကွယ်လွန်သူ ကိုဝင်းလှိုင် သည် ၂.၆.၂၀၁၃ တွင် အကြမ်းဖက်သူများလက်ချက်ဖြင့်သေဆုံးခဲ့ပါသည်။ယနေ့ ၁၁.၆.၂၀၁၃ မှာ ကိုဝင်းလှိုင် ကို ကပ်ပုန်းနာရေးကူညီမှု့အသင်းမှ ကောင်းမွန်စွာသဂြိုလ်ပြီးဖြစ်ကြောင်း…..
12,JUBE 2013 မလေးရှား ရောက်မြန်များမှ မြန်မာပြည်မှ မိဘပြည်သူများထံပြန်လည်အကူညီတောင်းခံခြင်း
မင်္ဂလာပါ facebook သုံးစွဲနေတဲ့ မြန်မာပြည်မှ ညီအကိုမောင်နှမများခင်ဗျာ ။
အောက်ပါ ဓာတ်ပုံပိုင်ရှင် မြင့်ဇော်ဆိုသူမှာ မလေးရှားနိုင်ငံ Perak ပြည်နယ်
Langkap ထိန်းသိမ်းရေးစခန်း (BODY NUMBER – 2639) မှာ ကျန်းမာရေး အခြေအနေ အတော်ဆိုးဝါးနေပြီး ယနေ့ တာဝန်ရှိသူများ သွားရောက် ကူညီသည့်အခါ မြန်မာပြည်မှ မိဘဆွေမျိုးများ နှင့်နေရာ ကိုပင် မပြောနိုင်တော့ပါ ။
ထို့အတွက် ကျွန်တော်တို့ မလေးရှားမှ ကူညီမှု့များဖြင့် မြန်မာနိုင်ငံသို့ အရောက်ပို့ဆောင်မည်ဖြစ်သော်လည်း မြန်မာနိုင်ငံတွင်မူမည်သူမည်ဝါ လာရောက် တာဝန်ယူမည် ပြီးလေဆိပ်တွင် ကြိုနိုင်မည်ကို ကျွန်တော်တို့ မသိပါသောကြောင့် လေယာဉ်ဖြင့်တင်လွတ်ရန် အခက်အခဲရှိနေပါသည် ။

Langkap ထိန်းသိမ်းရေးစခန်း (BODY NUMBER – 2639)
သို့ကြောင့် မြန်မာပြည်မှ သက်ဆိုင်သူများ ဤ ပုံပိုင်ရှင် ဆွေးမျိုးအသိုင်းအဝိုင်းညီအကိုမောင်နှမများသည် ။
အောက်ပါဖုန်းနံပတ်သို့ ချက်ခြင်းဆက်သွယ် အတည်ပြုနိုင်သည် ။
လက်ရှိမောင်မြင့်ဇော်မှာ မလေးရှားလဝက မှ ကုသမှု့ကို ကန့်ရှိ ထိမ်းသိမ်းခံရသော သူများအား ကုသမှု့လက်အောက်တွင်ရှိနေပြီ သက်ဆိုင်ရာမှ ပြန်ပို့ပေးရန် အဆင်သင့်ရှိနေသည် ။
အကယ်၍ မြန်မာပြည်ရှိ လူမှု့ရေးအဖွဲ့စည်းများ မြန်မာပြည်လေဆိပ်တွင် လာရောက်ကြိုဆိုနိုင်ပါက လည်း ကျွန်တော်တို့ထံအကြောင်းကြားဆက်သွယ်နိုင်သည် ။
ဆက်သွယ်ရန်
မလေးရှားရောက် မြန်မာများ Facebook စာမျက်နှာ
www.facebook.com/mmrinmy
ရွှေလူငယ် – 0124468842 (ကိုမျိုး ဧဒင်)
ယဉ်ထွေး – 0104399603 (တာဝန်ခံ)
12.june 2013
ဦးဇော်ဇော် ဧရာဝတီဖောင်ဒေးရှင်း မှ US ၂၀၀၀၀ လက်ခံရရှိပါသည်။
We are received the amount of US dollar 20000 from U Zaw Zaw, Aye Yar Wa Di foundation group
ဦးအောက်ကိုဝင်း KBZ ဘဏ် မှ US ၅၀၀၀၀ လက်ခံရရှိပါသည်။
We received the amount of US dollar 50000 from U Aung Ko Win, KBZ bank.
အလှူရှင်များထံမှစာအိတ်နှင့်ငွေများ