မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေများ စုံစမ်းရန် အထူးကိုယ်စားလှယ် အဖွဲ့ မလေးရှားနိုင်ငံသို့ ထွက်ခွာ
++++++++++++++++++++++++++++++
မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားများ၏ လတ်တလော ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ပတ်သက်ပြီး မြေပြင်ကွင်းဆင်း စုံစမ်းရန်နှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် တွေ့ဆုံဆွေးနွေးရန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဇင်ယော်၊ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါ်ဝင်းမော်ထွန်းတို့ ဦးဆောင်သည့် အထူးကိုယ်စားလှယ် အဖွဲ့ဝင် (၄) ဦးသည် ဇွန် (၁၁) ရက် ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် မလေးရှားနိုင်ငံသို့ ထွက်ခွာသွားရာ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌လိုက်ပါ ပို့ဆောင်ကြသည်။