“ဦးဝီရသူထံ အယ်လ်ဂျာဇီးယား သတင်းဌာန လာရောက် အင်တာဗျူး”
**************************************************
၇-၆-၂၀၁၃- မွန်းလွဲ (၂း၀၀)နာရီ မစိုးရိမ်တိုက်သစ်၊ ဓမ္မစေတိယကျောင်းမှာ လက်ခံတွေ့ဆုံခြင်း ဖြစ်သည်။
ဘန်ကောက် အခြေစိုက် အယ်လ်ဂျားဇီးယား (ALJAZEERA) သတင်းဌာနမှ Mr. WAYNE HAY-လာရောက် အင်တာဗျူးခြင်း ဖြစ်သည်။
၂ဝဝ၃-ခုနှစ်တုန်းက အဖမ်းခံရပြီး၊ အခု အဖမ်းမခံရခြင်းနှင့် ပတ်သက်ပြီး မေးရာမှာ အခုလို ဖြေကြားခဲ့ပါတယ်။
၂ဝဝ၃-ခုနှစ်မှာ ကျောက်ဆည် အဓိကရုဏ်းဖြစ်တယ်။ ဦးဇင်းအပေါ် သံသယရှိလို့ ခေါ်စစ်တယ်။ ဦးဇင်း ပယောဂ လုံးဝ မပါမှန်း သိသွားလို့ ပြန်လွှတ်ဖို့ စီစဉ်တယ်။ မနက်ဖြန်ပြန်လွှတ်မယ်ဆိုရင် ဒီနေ့လို အကြိုညမျိုးမှာ သံဃာ(၃၀၀၀)လောက် က လမ်းပေါ်ထွက်ပြီး “ဦးဝီရသူ လွတ်မြောက်ရေး ဒို့အရေး” ကြွေးကြော် ဆန္ဒပြလိုက်တော့ အစိုးရက ပစ်ခက်နှိမ်နင်းတယ်။ ခြေထောက်ထိ၊ လက်ထိ၊ မျက်နှာထိ-တဲ့ သံဃာ(၁၇)ပါး ဒဏ်ရာတွေနှင့် ထောင်ထဲရောက်လာတယ်။
ဒီတော့ ဦးဇင်းကို ပြန်လွှတ်လို့ မဖြစ်တော့ဘူး-ဆိုပြီး နန်းတွင်းထောင်ကနေ အိုးဘိုထောင်ကို ပို့လိုက်တော့တာပါပဲ။ ဆူပူမှုကို ဖန်တီးလို့ ဆိုပြီး ၅(ည)တပ်တယ်။ ပြစ်ဒဏ်က (၇)နှစ်၊ တရားခွေတွေ ဖြန့်ချီလို့ ဆိုပြီး ၈(၁)နှင့် (၂)နှစ်။ ခွင့်ပြုချက်မရဘဲ စာအုပ်နှစ်အုပ် ထုတ်ဝေလို့ဆိုပြီး (၁၇/၂၀)နှင့် (၁၄)နှစ်။ သာသနာညှိုးနွှမ်းမှုဆိုပြီး ၂၉၅(က)နှင့် (၂)နှစ် ပေါင်း(၂၅)နှစ် ချလိုက်ကြတယ်။
မိတ္ထိလာဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ မဖမ်းကြတာကတော့ ရွှေဆိုင်မှာ ဖြစ်ကတည်းက တစ်ခြားမကူးစက်အောင် ပူးပေါင်းကာကွယ်ပေးခဲ့တာရယ်။
ပိတ်မိနေတဲ့ ကုလားတွေကို ပူးပေါင်းကယ်တင်ခဲ့တာရယ်။ ဦးသောဘိတ အသက်ခံရလို့သာ အဓိကရုဏ်း ကြီးသွားတာ ထင်ရှားတာရယ်ကြောင့် မဖမ်းကြတာပါ။