ကွမ်တန်းပြည်နယ်တွင် မြန်မာတစ်ဦး ထပ်မံအသတ်ခံရ

8.6.2013 မနက် ကွန်တန်းပြည်နယ် ဂျလန်းမတ်လွတ်စတာ မှာ မြန်မာနိုင်ငံသားတစ်ဦး ဒါးဒဏ်ရာ 10 ချက်နဲ့ သေဆုံးနေတဲ့အကြောင်းကို မလေးရှား သတင်းဌာန ကွာလာလမ်ပူပိုစ့်က ယနေ့ဖော်ပြသွားပါတယ်။

သေဆုံးသူရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ မိန်းခလေးတစ်ဦးအလုပ်ရောက်တဲ့အချိန် နံနက် 7 နာရီမှာ ယခုလို မောင်ပန်းလှိုင် အသက် 41 နှစ် သေဆုံးနေတာကိုသတင်းပို့လာတာပါလို့ ကွမ်တန်းပြည်နယ်ရဲချုပ် Mohd Yusoff မှသတင်းထောက်များကိုပြောကြားခဲ့ပါတယ် ။

Isu-Lahad-Datu-Gambar-Ngeri-Mayat-Penceroboh-300x168

သူလုပ်ဖော်ကိုင်ဖက်ရဲ့ အိပ်ခန်းကို အလုပ်စဖို့ပြောရန် သွားတဲ့ အခါ သေဆုံးရဲ့ အခန်းပတ်ဝန်းကျင်မှာ သွေများတွေ့တော့ အလန့်တကြားဖြစ်ပြီး သူ့အခန်းဖွင့်ကြည့်တဲ့အခါမှာ အသတ်ခံရသူ ရဲ့အလောင်းကို အခန်းအပြင်ဘက်မှ သွေးများနဲ့တွေ့ရတာပါလို့ ပြောကြားသွားခဲ့ပါတယ် ။

ရဲမှူးကဆက်လက်ပြီး ပြီးခဲ့တဲ့ည 12 လောက်မှာ အကြမ်းဖက်မှု့ စတင်ဖြစ်ပွားခဲ့တာဖြစ်ကြောင်း လုပ်ဖော်ကိုင်ဖက်များ အိပ်ချိန်မှာဖြစ်ပွားတယ်လို့ယုံကြည်ကြောင်း နဲ့ သူ့အခန်းဖော် 3 ယောက်လက်ချက်နဲ့သေဆုံးနိုင်ကြောင်း ထိုအခန်းဖော် 3 ဦး ဖြစ်တဲ့ အသက် 19 နှစ်တစ်ဦး၊ 26 နှစ်တစ်ဦး ၊ နဲ့ 28 နှစ်တစ်ဦးအား ရှာဖွေနေကြောင်းကို ယနေ့ မလေးရှား Kuala Lumpur Post ရဲ့အင်တာနက်စာမျက်နှာမှာဖော်ပြသွားခဲ့တဲ့ သတင်းအား ဘာသာပြန်တင်ဆက်ပေးရပါတယ် ။

http://www.kualalumpurpost.net/mayat-warga-myanmar-ditemui-dengan-kesan-tikaman/

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s