“ဦးဝီရသူထံ ဂျာမန် သတင်းဌာနလာရောက် အင်တာဗျူး”
****************************************

၂-၆-၂၀၁၃- မွန်းတည့် (၁၂း၀၀)နာရီတွင် ဓမ္မသဟာယကျောင်း၌ လာရောက်တွေ့ဆုံခြင်းဖြစ်ပြီး ဂျာမဏီနိုင်ငံ S.Z- သတင်းစာမှ Dr. Aerras ဖြစ်သည်။
နီယိုနာဇီတို့၊ နာဇီကတုံးတို့၊ ဘာမီးစ် ဘင်လာဒင်တို့၊ မြန်မာအိုစမာတို့ဟာ ကုလားတွေ အသုံးပြုနေကြတဲ့ အမည်တွေပါ။ ဦးဇင်းကိုယ် ဦးဇင်း အဲဒီလို မခံယူဖူးပါဘူး။ အဲဒီလို အပြောခံရလို့လည်း လုံးဝတုန်လှုပ်မှု မရှိပါဘူး။
ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံ၊ ကိုယ့်သာသနာကို လွတ်လပ်စွာ ချစ်ခွင့်ရှိသလို၊ လွတ်လပ်စွာ ကာကွယ်ခွင့် လည်း ရှိပါတယ်။
ကာကွယ်တာကို တိုက်ခိုက်တ် ထင်ပြီး၊ စွပ်စွဲနေတာကတော့ ဦးနှောက်မဲ့လူသားတွေ (သို့) မှိုင်းမိလူသား အတ္တသမားတွေ ဖြစ်နေလို့ နေမှာပါ။
နားလည်ပေးလို့ ရပါတယ်။

———
“ဦးဝီရသူထံ ဂျပန်သတင်းဌာနမှ လာရောက်အင်တာဗျူး”
***************************************
***************************************
၂-၆-၂၀၁၃- ညနေ (၂း၃၀)နာရီတွင် ဓမ္မသဟာယကျောင်း၌ လာရောက်တွေ့ဆုံခြင်းဖြစ်ပြီး၊ THE MAINICHI NEWSPAPERS (JAPAN) မှ Mr. Takayuki KASUGA- ဖြစ်သည်။
Mr. Takayuki KASUGA-သည် ဦးဝီရသူအား အိုစမာဘင်လာဒင်နှင့် နှိုင်းကာ အကြမ်းဖက်သမား အသွင် ပုံဖော်နေကြသူများအား ပြန်လည်ချေပလို၍ လာရောက်တွေ့ဆုံခြင်း ဖြစ်ပြီး၊ ဦးဝီရသူကို မြန်မာပြည်၏ မဟတ္တမဂန္ဓီ အဖြစ် ဂုဏ်ပြုရေးသားမည် ဖြစ်ကြောင်း ပြောကြားသွားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ အခုလို ဖြေကြားခဲ့ပါသည်။
အရင်တုန်းက “ဒေါ်အောင်ဆန်းစုကြည်ကို ရာခိုင်နှုံးပြည့် ထောက်ခံ အားပေးခဲ့တယ်။ အမေတစ်ယောက်လို အားကိုးခဲ့တယ်။ ရခိုင်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာတော့ အမှတ်တွေ လျှော့ပစ်လိုက်ပြီ။ နောင်တစ်ချိန်မှာ အမျိုးသားသစ္စာဖောက် အဖြစ်နှင့် မြန်မာတစ်မျိုးသားလုံးရဲ့ ဘုံရန်သူ ဖြစ်သွားမှာတောင် စိုးရိမ်နေရတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားရေးအတွက် အားကိုးလို့ မဖြစ်နိုင်တော့တဲ့ အဆုံး ပြည်သူတွေ ကိုယ့်အားကိုယ်ကိုးဖို့ပဲ လှည့်လည် ဟောကြားနေရတယ်။”

————-
“ဦးဝီရသူ ရတနာပန်းခင်း ယဉ်ကျေးလိမ္မာ သင်တန်းဆင်းပွဲ သြဝါဒတရားဟောကြား”
***********************************************************

၂-၆-၂၀၁၃- ည(၇း၀၀)နာရီ၊ စစ်ကိုင်းမြို့နယ်၊ အင်းဇရွာ၊ ဒသမအကြိမ် ရတနာပန်းခင်း ယဉ်ကျေး လိမ္မာသင်တန်း ဆင်းပွဲမှာ ဟောကြားခြင်း ဖြစ်သည်။
ကျောင်းသူ/သား နှစ်ရာအပြင်၊ အင်းဇရာသူ/သားများပါ လာရောက် နာယူကြသည်။
ဓမ္မပူဇာ ဝတ္ထုငွေ (၂၅၃၀၀၀)ကျပ်ကို အင်းဇရွာရှိ ရတနာပန်းခင်း စာကြည့်တိုက် အတွက် ပြန်လည် လှူဒါန်းခဲ့ကြောင်း သိရသည်။