U YE HTUT INFORMATION 1.JUNE 2013မလေးရှားနိုင်ငံ ကမ်ပွန်း( KamPung )ရှိ မြန်မာဘုန်းတော်ကြီး

1.JUNE 2013 U YE HTUT
မလေးရှားနိုင်ငံ ကမ်ပွန်း( KamPung )ရှိ
မြန်မာဘုန်းတော်ကြီး
ကျောင်း အနီးမှာ ရိုက်ပွဲဖြစ်တယ်၊ ဆလာရန်းမှာ ရိုက်ပွဲဖြစ်တယ်၊ မြန်မာတွေသေတယ်ဆိုတဲ့ သတင်းတွေ အင်တာနက်ပေါ်မှာ တွေ့နေရပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနက တဆင့် မလေးရှားမှာ ရှိတဲ့ မြန်မာသံရုံးကို ညနေ ငါးနာရီကျော်ကတစ်ကြိမ်၊ အခု ည ၈နာရီကျော်က တစ်ကြိမ်၊အဲဒီသတင်းတွေနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းခဲ့ပါတယ်။

သံအမတ်ကြီးက အဲဒီဖြစ်စဉ်တွေမှန်ကန်မှုမရှိကြောင်း၊ မြန်မာဘုန်းတော်ကြီးကျောင်းက ဆရာတော်နဲ့လည်း ညနေက စပြီး အဆက်အသွယ်မပြတ်ရရှိနေကြောင်း၊ ဆရာတော်က အဲဒီလို တိုက်ခိုက်မှုများမရှိကြောင်းပြောတယ်လို့ အကြောင်းပြန်ပါတယ်။

အင်တာနက်ပေါ်က သတင်းများကို အလွယ်တကူမယုံကြည်ကြပါနဲ့။မလေးရှားအပါအ၀င် နိုင်ငံ တကာမှာရှိနေတဲ့ မြန်မာသံရုံးများကလည်း မြန်မာနိုင်ငံသားများကို ကာကွယ်ကူညီစောင့်ရှောက် ဖို့ အသင့်ရှိပါတယ်။

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s