“ဦးဝီရသူ ယဉ်ကျေးလိမ္မာသင်တန်း အောင်ပွဲ တက်ရောက်”
******************************************
(၂၄-၅-၂၀၁၃)ရက်နေ့ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဧသုခရပ်ကွက်၊ ဧသုခဓမ္မာရုံတွင် ကျင်းပသော နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း အောင်ပွဲတွင် သင်တန်းသူ/သားများအား သြဝါဒတရား ဟောကြားချီးမြှင့်ခဲ့သည်။

ပထမကိုးဟာ ဘုရားဂုဏ်ပဲကွဲ့
ရွတ်ဆိုကြည့်တိုင်း ကြည်ညိုဖွယ်။
ဘေးရန်ကင်းကွာ ချမ်းသာရေးမို့
ဘုရားဂုဏ်ကို ကြည်ညိုမယ်။
ဒုတိယခြောက်ဟာ တရားဂုဏ်ပဲကွယ့်
ရွတ်ဆိုကြည့်တိုင်း ကြည်ညိုဖွယ်။
ဘေးရန်ကင်းကွာ ချမ်းသာရေးမို့
တရားဂုဏ်ကို ပွားများမယ်။
တတိယကိုးဟာ သံဃာ့ဂုဏ်ပဲကွယ့်
ရွတ်ဆိုကြည့်တိုင်း ကြည်နူးဖွယ်။
ဘေးရန်ကင်းကွာ ချမ်းသာရေးမို့
သံဃာဂုဏ်ကို ပူဇော်မယ်။ ။
“ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး သံတမန်ကွန်ယက်မှ မေတ္တာရပ်ခံအပ်ပါသည်”
========================================
========================================

၂၁-၅-၂၀၁၃ ရက်နေ့မှာ ဂျာနယ်တစ်ချို့မှ ဖတ်လိုက်ရပါတယ်။ အမေရိကန်ပြည်ထောင်စုကို ရောက်နေတဲ့ မြန်မာနိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က ဖြေကြားတာကိုပါ။ အနာဂတ်မြန်မာနိုင်ငံတော်အတွက် တပ်မတော်ရဲ့ မဖြစ်မနေပါဝင်ရမည့် အကြောင်းရင်းတွေ အကြောင်းပါ။ ကျွန်တော်တို့ ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးကွန်ယက်က လုံးဝ ထောက်ခံပါတယ်။ တပ်မတော်အစိုးရလက်ထက်မှာ ပစ္စုပ္ပန်လို ကြီးမားတဲ့ ဘာသာရေး လူမျိုးရေး ပဋိပက္ခ မကြုံခဲ့ရဘူးတဲ့။ ကျွန်တော်တို့တွေဟာ ဒီမိုကရေစီကို ကြောက်သွားပါတယ်။ ဒီမိုကရေစီဟာ အခြေခံလူတန်းစားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်နဲ့ ဗလီကျောင်းတွေ မီးရှိုခံရမှုကို မကာကွယ်လိုက်နိုင်တာ မျက်မြင်ကိုယ်တွေ့ ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မီဒီယာ၊သံဃာ၊ ရဟန်းတို့ ပူးပေါင်းပြီး ငြိမ်းချမ်းရေးတရားတွေ ဟောပါတယ်။ ဒါပေမယ့် နှစ်ပေါင်းများစွာ ခေါက်ရိုးကျိုးနေပြီဖြစ်တဲ့ မြန်မာပြည်နှင့် မြန်မာနိုင်ငံတော်ကြီး ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်အောင် တင်ပေးနိုင်ဖို့ ကျွန်တော်တို့ သမ္မတကြီး ဦးသိန်းစိန်နဲ့ တပ်မတော်ကြီးရဲ့ အကူအညီ အထူး အားထားရပါလိမ့်မယ်။ ဒါကြောင့် ရှေးက တပ်မတော် ခေါင်းကြီးတွေရဲ့ စေတနာအမှားကို နောက်ကြောင်းပြန်ဖွပြီး၊ ရေးသား ပြုမူပြောဆိုပြီး၊ မီဒီယာတွေ တစ်ချို့ ဖွမနေကြပါနဲ့၊ ရဟန်းသံဃာတွေ တိုင်းရင်းသားတွေရဲ့ မျိုးပျောက် စိုးကြောက် သံသယတွေကို ကြီးထွားအောင် မလုပ်ကြပါနဲ့။ စုပေါင်းရယူရမယ့် ဒီမိုကရေစီ ဖြစ်သည့်အတွက် ဒီမိုကရေစီအပင်ကို စုပေါင်း စိုက်ပျိုးခဲ့ကြပါလို့ နောက်မွေးဖွားလာမယ့် မျိုးဆက်သစ်တွေကိုယ်စား တောင်းပန်အပ်ပါတယ်။ ရှေးက အတိတ်အမှားကြောင့် ပစ္စုပ္ပန်မှာ မဆိုင်သူတွေကြားက ခံနေရပါတယ်။ ဒါကြောင့် ပစ္စုပ္ပန်အမှားကြောင့် အနာဂတ်မှာ အပြစ်မရှိတဲ့ သင်တို့ ကျွနုပ်တို့ မျိုးဆက်သစ်တွေကို ဒုက္ခတောထဲ ထားခဲ့မယ့်အစား ငြိမ်းချမ်းရေးကို တည်ဆောက်ကြပါလို့ မေတ္တာရပ်ခံ အပ်ပါသည်။
ဒိုင်းမွန်းရွှေကြည်
ငြိမ်းချမ်းရေးနှင့် ချမ်းကြည်ရေး သံတမန်ကွန်ယက်
————-
“ခရီးသွားသံဃာတစ်ပါးကို ကုလားတစ်ယောက်က ဆိုင်ကယ်နှင့် ဝင်တိုက်”
*****************************************************
ယနေ့ ၂၅-၅-၂၀၁၃၊ မနက်(၄း၃၀)အချိန် မန္တလေးမြို့၊ ၂၆-ဘီလမ်း၊ ပိုက်ကျုံးတံတား အရှေ့ဘက်တွင် ခရီးသွားနေတဲ့ သံဃာတော်တစ်ပါးကို ကုလားတစ်ယောက်က နောက်မှ ဆိုင်ကယ်နှင့်ဝင်တိုက်တဲ့ အမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။
အတိုက်ခံရတဲ့ ကိုယ်တော်မှာ စကုတိုက်၊ မြသိန်းတန်ကျောင်းမှ ဦးသောပါက(၆၄)နှစ် (၉)ဝါ ဖြစ်ပြီး၊ အတိုက်ခံရတဲ့ နေရာမှာတင် လဲကျ၊ မေ့မျောသွားကာ ရပ်ကွက်နာရေး အသင်းက ဆေးရုံသို့ ပို့ပေးခဲ့ပါတယ်။
ဆိုင်ကယ်နှင့် ဝင်တိုက်တဲ့ ကုလားက ထိန်းဝင်း(၄၂)နှစ်၊ (ဘ)ဦးညိုလေး ဖြစ်ပြီး၊ ဝင်တိုက်ပြီး ထွက်ပြေးတာကြောင့် ရပ်ကွက်ထဲရှိ ဝိုင်းဝန်းဖမ်းဆီးကြပြီး၊ အမှတ်(၅)ရဲစခန်းကို သွားအပ်ကြပါတယ်။
ဦးသောပါကသည် ခေါင်းမှာ သုံးချက်ချုပ်ရပြီး၊ ပတ်တီးစည်းထားရတယ်လို့ သိရပါတယ်။ ဆေးရုံမှာ ဆေးကုသနေတဲ့ အတောအတွင်းမှာ ဦးလှဝင်း (အောင်မြေသာစံမြို့နယ်၊ ရဲတပ်ဖွဲ့မှူး)နှင့် ဦးအုံးခင် (ချမ်အေးသာစံ မြို့နယ်၊ ရဲတပ်ဖွဲ့မှူး)တို့ လာရောက် စောင့်ကြပ်ပေးကြကြောင်း၊ မွန်းလွဲ(၁း၀၀)နာရီ အချိန်တွင် သံဃာတော်တစ်ပါး မှ ဦးသောပါကကို မြသိန်းတန်ကျောင်းအထိ လိုက်လံပို့ဆောင်ပေးကြောင်း၊ ဦးသောပါကသည် ခေါင်းမှ ဒဏ်ရာကြောင့် ပုံမှန် အသိစိတ် ချို့ယွင်းနေကြောင်း၊ ဆိုင်ကယ်နှင့် ဝင်တိုက်တဲ့ ကုလားထိန်ဝင်းကို အမှတ်(၅) ရဲစခန်းမှာ ချုပ်ထားကြောင်းသိရသည်။
စုံစမ်းရန်=
ဦးလှဝင်း- အောင်မြေသာစံမြို့နယ်၊ ရဲတပ်ဖွဲ့မှူး ၉၀-၉၁၀၃၉၁၁၄
ဦးအုံးခင်- ချမ်းအေးသာစံမြို့နယ်၊ ရဲတပ်ဖွဲ့မှူး ၀၉-၄၀၂၅၁၃၈၄၄
ဦးဉာဏုတ္တရ စကုတိုက်၊ မြသိန်းတန်ကျောင်း ၀၉-၄၀၂၇၀၆၆၃၁