ယနေ့ ည ၇ နာရီအချိန်အထိ ရရှိတဲ့သတင်းများအရ ရခိုင်ပြည်နယ်အတွင်းမှာ မုန်တိုင်းဒဏ်ကြောင့် သေဆုံး၊ ဒဏ်ရာရရှိမှုမရှိကြောင်းသိရှိရပါတယ်။
မဟာစင်မုန်တိုင်းအခြေအနေကို အစိမ်းရောင်အဆင့်သတ်မှတ်လိုက်ပါပြီ။ ဒါဟာ ရခိုင်ကမ်းရိုးတန်းမှာ မုန်တိုင်း အန္တရာယ် မရှိတော့ဘူးလို့ ဆိုလိုတာဖြစ်ပါတယ်။
ကျွန်တော်က အဝေးကနေ သတင်းထုတ်ပြန်ရလို့ ပင်ပန်းတယ်လို့ မဆိုနိုင်ပါဘူး။ တကယ် မြေပြင်မှာ ကယ်ဆယ်ရွှေ့ပြောင်းရေးလုပ်ငန်းများကို လက်တွေ့ ဆောင်ရွက်ခဲ့ ရသူများ။ သံသယတွေ၊ သွေးထိုးလှုံ့ဆော်မှုတွေ၊ ပြည်တွင်း၊ ပြည်ပလက်ဝါးရိုက်ပြီး ဖိအားပေးမှုတွေကြားက လူသားချင်းစာနာထောက်ထားတဲ့ စိတ်နဲ့ ရင်ဆိုင် ကျော်ဖြတ် ခဲ့ရသူများ၊ ပုံနှိပ်မီဒီယာ၊ ရုပ်သံမီဒီယာနဲ့ အင်တာနက်မီဒီယာများကနေ ပြည်သူကို သတင်း ဖြန့်ဝေ အသိပေးခဲ့သူများကို ကျွန်တော်တို့ အားလုံးကျေးဇူးတင်ရပါမယ်။ မဟာစင်ကို ပူးပေါင်း ကျော်လွှား ခဲ့တဲ့ အတွေ့အကြုံနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ စိတ်ဓာတ်ကို အနာဂတ်သဘာဝဘေးဒဏ် ကာကွယ်ရေးလုပ်ငန်းများအတွက်သာမဟုတ် နိုင်ငံတည်ဆောက်ရေး၊ အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေးလုပ်ငန်းစဉ်များမှာပါ အသုံးပြုသွားနိုင်မယ်လို့ ယုံကြည်ပါတယ်။
U YE HTUT FACEBOOK 16.MAY 2013