FALSE INFO: 88 GROUP ၈၈ ကျောင်းသားအဖွဲ့ခေါင်းဆောင်များ အမေရိကန်ခရီးစဉ်အတွင်း OIC အဖွဲ့အကြီးအကဲများနှင့် တွေ့ဆုံမည်

NOT TRUE! BUT WHO WANTS ATTACK THE GROUP?

TRUE: FATHERLAND CONSTRUCTION go to 88 Office for open Islam temple at many city. They not agree and reject.

SOURCE MYANMAR ONLINE NEWS

၈၈ ကျောင်းသားအဖွဲ့ခေါင်းဆောင်များ အမေရိကန်ခရီးစဉ်အတွင်း OIC အဖွဲ့အကြီးအကဲများနှင့် တွေ့ဆုံမည်
Wednesday, May 15, 2013

ယခုလ ၁၄ ရက်နေ့တွင် တောင်ကိုးရီးယားနှင့် အမေရိကန်ခရီးစဉ်အဖြစ် ထွက်ခွာသွားသော မင်းကိုနိုင် ဦးဆောင်သည့် ၈၈ အဖွဲ့ဝင်အချို့ အမေရိကန်တွင် OIC အကြီးအကဲများနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း OIC အဖွဲ့မှ ပြောခွင့်ရသူတစ်ဦးမှ ပြောကြားခဲ့သည်။ OIC အဖွဲ့အနေဖြင့် မြန်မာနိုင်ငံတွင် အခြေချကာ ဘင်္ဂလီ လူမျိုးများအား ကူညီထောက်ပံ့ခွင့်ရရန် ကြိုးစားနေသောအဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ၎င်းအဖွဲ့ မြန်မာနိုင်ငံတွင် ရုံးခန်း ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ သမ္မတ ဦးသိန်းစိန်မှလည်း ပြည်သူလူထုသဘောမကျလျင် OIC အား လက်ခံဖွယ် မရှိကြောင်း ကြေငြာထားခဲ့သည်။ OIC အဖွဲ့သည် မြန်မာနိုင်ငံတွင် အခြေချရေးအား အစိုးရမှ လက်မခံသဖြင့် ၈၈ မျိုးဆက်ကျောင်းသားများထံမှတစ်ဆင့် စည်းရုံးခြင်းဖြစ်နိုင်ကြောင်း ၈၈ အဖွဲ့ဝင်တစ်ဦးမှ သုံးသပ်ခဲ့သည်။ မင်းကိုနိုင် ဦးစီး ၈၈ ကျောင်းသားများသည် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အနေဖြင့် ဘာသာရေး ပဋိပက္ခဖြစ်စဉ်များတွင် ဘာသာခြားများဘက်မှ ရပ်တည်ပြောဆိုမှုများကြောင့် မကြာခဏ ဝေဖန်ခံရလျက် ရှိသည်။ ယခုလ အစောပိုင်းကလည်း မင်းကိုနိုင်နှင့်အဖွဲ့ အမေရိကန်ခရီးစဉ်အတွက် Father Land ကုမ္မဏီမှ ငွေသိန်း ၅၀ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့သော်လည်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ တရားဝင် ငြင်းဆိုခဲ့သည်။ ၈၈ အဖွဲ့၏ ရှမ်းပြည်နယ်ခရီးစဉ်အတွင်း ဟိုပန်မြို့သို့ သွားရောက်စဉ် ဒေသခံများမှ လက်မခံဘဲ ဆန္ဒပြခဲ့သဖြင့် ဟိုပန်ခရီးစဉ် ဖျက်ခဲ့ရသည်။
၈၈ မျိုးဆက်အဖွဲ့အစည်းအနေဖြင့် မေလ ၁၅ ရက်နေ့မှ ဇွန်လ ၁၀ ရက်နေ့အထိ တောင်ကိုးရီးယားနှင့် အမေရိကန်နိုင်ငံများသို့ သွားရောက်မည်ဖြစ်ပြီး ကိုမင်းကိုနိုင်အနေဖြင့် တောင်ကိုရီးယားတွင် ဂွမ်ဂျူး လူ့အခွင့်အရေးဆုအား လက်ခံရယူပြီး အမေရိကန်သို့ ယခုလ ၁၉ ရက်နေ့တွင့် ရောက်ရှိမည်ဖြစ်ကြောင်း သိရှိရသည်။
Aung Hein
943306_574959619211347_1692406176_n-1
Bagan Online Media

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s