======================================လောကအလင်း ပညာဒါန ဆယ်တန်းကျောင်းသူ/သားများ ကျူရှင်ကျောင်းကို ယခုနှစ်တွင် နေရာပြောင်းရွှေ့၍ အသစ်တည်ဆောက်မည်ဖြစ်သည်။
မြရည်နန္ဒာမြို့သစ်၊ ၅၂x၅၃-လမ်းကြားတွင် ဆောက်လုပ်မည်ဖြစ်ပြီး၊ မဟာဣန္ဒကာလင်္ကာရကျောင်းတိုက်မှ ဆရာတော်ဘုရားကြီးက မြေနေရာ လှူဒါန်းခြင်း ဖြစ်သည်။
လောလောဆယ်တွင် ပေ -၁၀၀x ပေ -၃၀၀ အကျယ်အဝန်းရှိပြီး၊ ဟိုက်စကူးလ် အဖြစ်တိုးချဲ့ တည်ဆောက်လာနိုင် သည့်အခါ ထပ်မံတိုးချဲ့ခွင့် ပေးမည်ဖြစ်ကြောင်းသိရသည်။
၂၀၁၂-၂၀၁၃-ပညာသင်နှစ် အတွက် လောကအလင်း ပညာဒါန သင်တန်းကျောင်းကို ၄၉x၅၀လမ်းကြား မနော်ဟရီ လမ်းတွင် ဖွင့်လှစ်နိုင်ခဲ့ပြီး၊ ဆယ်တန်းကျောင်းသူ/သားများ (၁၀၀)ကျော် အခမဲ့ တက်ရောက်သင်ကြား နိုင်ခဲ့ကြသည်။
၂၀၁၃-၂၀၁၄- ပညာသင်နှစ်တွင်မူ ကျောင်းသူ/သား (၁၅၀)ကျော်မှ (၂၀၀)ထိ လက်ခံသင်ကြားပေးမည် ဖြစ်ပြီး၊ နေ့ရော ညပါ သင်ကြားရေးနှင့် ဂိုက်တန်းများ တိုးချဲ့သွားမည်ဖြစ်ရာ စိတ်ဝင်စားသော ဆရာ/ဆရာမများ ဆက်သွယ်စုံစမ်း နိုင်သည်။
ယမန်နှစ် အတွက် ပညာသင်စရိတ် သိန်း(၈၀)ခန့် သုံးစွဲနိုင်ခဲ့ပြီး၊ ယခုနှစ်အတွက် ကျောင်းဆောင်ဆောက်လုပ်ဖို့ပင် သိန်း(၁၀၀)ကျော် သုံးစွဲရမည်ဖြစ်သည်။
ကျောင်းအပ်လိုသော မိဘများနှင့် သင်ကြားလိုသော ဆရာ/ဆရာမများ အောက်ပါ ဖုန်းနံပါတ်များကို ဆက်သွယ် နိုင်သည်။ဦးသူရိယ လောကအလင်း ကျောင်းအုပ်ဆရာတော် 09-2025964
ဦးသုဇန လောကအလင်း နည်းပြဆရာတော် 09-400024317
ဦးတင်နိုင်ဝင်း လောကအလင်း နည်းပြဆရာ 09-43133420
ဦးမိုးအောင် လောကအလင်း(အုပ်ချုပ်ရေး) 09-2016500
ဦးဝင်းညွှန့် လောကအလင်း(အုပ်ချုပ်ရေး) 09-43181116
သို့/
၁၀-၅-၂၀၁၃
=======
မင်္ဂလာပါ ဆရာတော် အရှင်ဝီရသူဘုရား။ တပည့်တော်မ ဆရာတော်အား ဦးနှိမ်ချပါတယ်။ တပည့်တော်တို့ ဝါးခယ်မမြို့တွင် နယ်ကျေးရွာတွေမှာ ဘာသာ သာသနာ အမျိုးကိုချစ်ခင်မှု၊ အလေးထားတတ်မှုတွေ ရှားပါးကုန်ပြီဘုရား။ ဘာသာခြားကို အထင်ကြီး အားနာမှု၊ ကြောက်ရွံ့မှုတွေ များကုန်ပြီဘုရား။ ဆရာတော်တို့လို ဘုရားသားတော် သံဃာတော်အချို့ကြောင့်သာ သာသနာ ဘာသာ အသွင်ဆောင်ပေးလို့ အသိတရား ပြန်ရှိလာသူတွေကို တွေ့ရပါတယ်။ ဆရာတော်ရဲ့ အနန္တကျေးဇူးတွေပါဘုရား။
အဆိုးဆုံးကတော့ နယ်ကျေးရွာမှာရှိတဲ့ ဘာသာ သာသနာ အမျိုးကိုချစ်တဲ့ သံဃာတော် အနည်းအကျဉ်းကို ဗုဒ္ဓဘာသာဝင်အချို့က ကဲ့ရဲ့ ပြစ်တင် ရှုံ့ချနေပါတယ်။ အေးအေးဆေးဆေး မနေတတ်ဘူးပေါ့ ဘုရား။ ဒါဖြင့် ဘာသာ သာသနာ အမျိုးကို ချစ်ခင်သူတွေ မရှိဘူးလား ဆိုတော့ဖြင့် တရာမှာ သုံးဆယ် ခိုင်မာစွာရှိပါတယ်။ တပည့်တော်တို့ ဝါးခယ်မမှာ မွတ်ဆလင်ကို ကိုးကွယ်တဲ့ ကုလားအစစ်က ဗမာ၊ ဗုဒ္ဓ ဆိုတဲ့ နိုင်ငံသားကဒ်ကို ဆောင်ထားတာတွေ ဒုနဲ့ ဒေးပါ။ လဝက ရဲ့ ကောင်းမှုတွေပါဘုရား။ ဒါတွေကိုလည်း မွတ်ဆလင်ကုလားတွေ ပြောလို့ သိရပါတယ်။ နိုင်ငံသားကဒ်ကိုလည်း တကယ်မြင်တွေ့ရပါတယ်ဘုရား။ နှစ်ဘွဲရ ကျောင်းဆရာမများ၊ လဝက ဝန်ထမ်း၊ အိမ်ဖော်ဗမာမ ဗုဒ္ဓဘာသာဝင် မိန်းကလေးတွေက မွတ်ဆလင်အမျိုးသားတွေကို ယူပြီး ကိုယ့်ဘာသာကို စွန့်ပစ်ပါတယ်။ ခက်နေတာကတော့ မွတ်ဆလင်ရဲ့ မယားတွေထက် (ရိုင်းပြခဲ့ရင် ခွင့်လွတ်တော်မူပါဘုရား) ဗုဒ္ဓဘာသာဝင်လို့ ပြောလို့ရတဲ့ မွတ်ဆလင်တွေရဲ့ ယောက္ခမများအဖွဲ့တွေပါပဲ ဆရာတော်။ သူတို့က သမက်တွေရဲ့ ဖက်က ပြောင်ပြောင်တင်းတင်း ရဲရဲဝံ့ဝံ့ နာခဲ့၊ နာနေတုန်းပါဘုရား။ တပည့်တော်မတို့မြို့တွင် ကျေးရွာတွေမှာ ဗုဒ္ဓဘာသာယောက်ျားတွေက မွတ်ဆလင်မတွေကို ယူတာ ရှားပါတယ်။ ယူခဲ့ရင် ဘာသာမစွန့်ခဲ့ပါဘူး ဘုရား။ ရလာတဲ့သား သမီးတွေကို ဗုဒ္ဓဘာသာထဲကို ပို့ပါတယ်။ ချစ်ခင်နစ်လိုဖွယ် ကောင်းပါတယ်ဘုရား။
ဗုဒ္ဓဘာသာဝင် တပည့်တော်မက ကိုယ့်လူမျိုးမိန်းကလေးတွေနှင့် သူတို့ရဲ့ မိဘတွေအကြောင်း မကောင်းရေးရတာ အရမ်းရှက်ပါတယ်။ ဗုဒ္ဓဘာသာ သာသနာနှင့် အမျိုးကိုဖျက်ဆီးသူတွေက မိန်းကလေးတွေပါဘုရား။ အဲ့ဒီလိုရေးလို့ တပည့်မ မှားမယ်ဆိုရင် တပည့်တော်မ အဲ့ဒီအမှားကို ရင်စည်းခံပါမယ် ဆရာတော်။ တပည့်တော်မရဲ့ အမည်နှင့် နေရပ်ကို ဝှက်ထားပေးပါဘုရား။
ကျေးဇူးတင်စွာဖြင့် ဦးနှိမ်ချလျက်……….
အခုတလော ဖြစ်ပေါ်နေတဲ့ ကျုပ်တို့ မြန်မာပြည်အခြေအနေတွေကြောင့် စာတို ပေစ လေးတွေ တစ်ကြောင်းတလေ ရေးရမှာကို လက်တွန့်နေမိတယ်။ ကျုပ်တို့ မြန်မာလူမျိုးတိုင်းရဲ့ နှလုံးသားထဲမှာ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးတဲ့ စိတ်တွေ ကိုယ်စီပြည့်ပြည့်ဝဝ ရှိနေခဲ့ကြပါတယ်။ နှလုံးခုန်သံကို နားထောင်ကြည့် ရင်တောင် မျိုးချစ် မျိုးချစ် လို့ မြည်ဟိန်းနေတာ အတိုင်းသား ကြားနေရပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးသို့ စီးဆင်းလည်ပတ်နေတဲ့ သွေးတွေကလည်း မျိုးချစ်သွေးတွေပါပဲ။ ဒီတော့ဗျာ ခန္ဓာကိုယ်အနှံ့ ဘယ်နေရာကို ဖောက်ကြည့် ဖောက်ကြည့် မျိုးချစ်သွေးတွေပဲ ထွက်လာမှာပါ။
ရင်နဲ့ မဆန့်အောင် ခံစားရတဲ့ ခံစားချက်စာပေတွေ ရေးတဲ့အခါမှာလည်း မျိုးချစ်စိတ်ဓာတ် ပြင်းထန်လွန်းတဲ့ စာပေတွေပဲ ဖြစ်လာမှာပါ။
အဲဒီလို မျိုးချစ်စိတ်ဓာတ် ပြင်းထန်လွန်းတဲ့ စာပေတွေရေးမိရင် ကျုပ်တို့ကို မျက်ကန်း မျိုးချစ် (သို့ ) အကြမ်းဖက် ဆူပူမှုတွေ ဖြစ်အောင် လှုံဆော်သူ လို့ ဝိုင်းပြီး ကင်ပွန်းတပ်ကြဦးမယ်။ တစ်ချို့ကျတော့ ရက်ရက်စက်စက်ကြီးကို နာဇီလက်သစ် နာမည်တပ်လိုက် ကြသေးတယ်။
ဖေ့စ်ဘုတ်မှာ ကွန်မန့်လေး တစ်ချက်ရေးမိရင်တောင် အဖွကောင်၊ ဖေ့စ်ဘုတ် လူသတ်ကောင်လို့ အစွပ်စွဲ ခံရဦးမယ်။ ဒီတော့ ဘာမှ မရေးတာပဲ ကောင်းပါတယ် ဆိုပြီး အသာလေး ငြိမ်နေမိတာ။
“ဘာသာ လူမျိုးမခွဲခြား မြန်မာနိုင်ငံသား…”ဆိုင်းဘုတ် စတေကာတွေကို လိုက်ဝေနေကြတယ်။ ဈေးဆိုင်တိုင်း ကားတိုင်းမှာ စတေကာတွေ လိုက်ကပ်နေကြတယ် ဆိုတဲ့ သတင်းတွေ ကြည့်လိုက်ရတော့ ရင်ထဲမှာ အပ်နဲ့ဆွသလို ခံစားလိုက်ရတယ်။ အမယ်… သူတို့က နောက်က အဆစ်ကလေးက ပါသေးတယ်ဗျာ.. “ကျွန်ုပ်ကြောင့် လူမျိုးရေး ဘာသာရေးပဋိပက္ခ မဖြစ်စေရ… ”တဲ့
လူမြင်ကောင်းအောင် လှုပ်ရှားနေတာက တစ်ခြား၊ တကယ်တမ်း လုပ်နေတာကတစ်ခြားဆိုတာ အသိဉာဏ်ရှိကြတဲ့ သူတိုင်း သိကြမှာပါ။
အဲ့ဒီလို အပြောတစ်မျိုး အလုပ်တစ်မျိုးနဲ့ အဆီအငေါ် မတည့်တာတွေကို တွေ့တွေ့ နေရတော့ ရယ်လည်း ရယ်ချင်တယ်။ ငိုလည်း ငိုချင်တယ်။ ဘာကြောင့် ရယ်ချင်ရတာလည်း ဆိုတော့ ဒီအဖွဲ့ကို ဦးဆောင် ပါဝင်နေကြတဲ့ သူတွေကတော့ တကယ့်ကို လူမျိုးဘာသာ မခွဲခြားဘဲ ဗုဒ္ဓဘာသာတွေရဲ့ ဈေးဆိုင်တွေပါ ဝယ်ယူအားပေး နေကြလို့လား။ လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်အောင်ကော ဘယ်သူတွေက ဖန်တီးနေတာလဲ။ ကမ္ဘာ အရပ်ရပ်ကို လှမ်းကြည့်လိုက် တစ်ကမ္ဘာလုံး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ၊ ဆူပူအကြမ်းဖက်မှုတွေကို ဘယ်သူတွေက ဖန်တီးနေကြတာလဲ။ မှန်မှန်ဖြေကြပါ။
သေသေချာချာ မြင်အောင်ကြည့်ကြပါ။
အဲဒီလို မီးစတစ်ဖက် ရေမှုတ်တစ်ဖက် အရှက်မရှိတဲ့ မျက်နှာတွေကို မြင်ရလို့ကိုပဲ တစ်ကမ္ဘာလုံး ကြားအောင် ဟားတိုက် ရယ်မောပစ်လိုက်ချင်တာ။
ဘာကြောင့် ငိုချင်ရတာလဲ ဆိုတော့ (၉၆၉) ဆိုတဲ့ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးတဲ့ မျိုးချစ် အဖွဲ့တွေကို ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာအောင် လှုံဆော်တဲ့ အဖွဲ့လို့ စွပ်စွဲလိုက်ကြလို့ပါပဲ။
ကိုယ့်အမျိုး ကိုယ့်ဘာသာ သာသနာအပေါ်မှာ ချစ်မြတ်နိုးတတ်လာအောင် အမျိုးဘာသာ သာသနာ မပျောက်ပျက်အောင် ထိမ်းသိမ်းစောင့်ရှောက်ဖို့ အသိပညာတွေ ပေးနေတဲ့ မျိုးချစ်အဖွဲ့ကို အခုလို မတရားပုတ်ခတ် စော်ကားခံနေရတာကို ဘယ်သူတွေကမှ ပြန်လည်ချေပ ထောက်ပြဝေဘန်တာမျိုး မရှိခဲ့တာဟာလည်း ဝမ်းနည်းဖို့ အင်မတန်ကောင်းပါတယ်။
သူတို့ကတော့ “လူမျိုး ဘာသာ မခွဲခြား မြန်မာနိုင်ငံသား…” လို့ နာမည်လှလှလေး ပေးလိုက်တဲ့ အခါမှာ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ ဆိုင်ကိုပဲ အားပေးကြဖို့ စည်းရုံးတဲ့ (၉၆၉) အဖွဲ့ကို နာမည်ဆိုး ထွက်သွားအောင် ထိုးနှက်လိုက်တာပါပဲ။ ဒါကို မြန်မာလူငယ်တွေက မသိရှာကြဘူး။ သူတို့အဖွဲ့ကို တက်တက်ကြွကြွ ပါဝင်လှုပ်ရှား နေတာကို တွေ့ရပါတယ်။
တစ်နည်းအားဖြင့် ဆိုရင် (၉၆၉) လှုပ်ရှားမှုတွေ အောင်မြင်သွားရင် သူတို့ တစ်တွေ ဈေးဆိုင်တွေမှာ မြန်မာတွေ အားမပေးကြတော့ဘူး။ အဲ့ဒီလို အားမပေးကြတော့ဘူးဆိုရင် မြန်မာ အမျိုးသမီးတွေကို တစ်ယောက်ပြီး တစ်ယောက် သိမ်းပိုက်ပြီး လူလူချင်း မျိုမည့် စီမံကိန်းကြီးတွေ ကျဆင်းကုန်လိမ့်မယ် ဆိုတာ သိလို့ (၉၆၉) နာမည်ပျက်အောင် အကြမ်းဖက်မှုတွေ မဖြစ်ဖြစ်အောင် သူတို့ ကိုယ်တိုင်ဖန်တီးပြီး အကြမ်းဖက်မှုတွေ ဖြစ်လာတဲ့ အခါ (၉၆၉) အဖွဲ့ရဲ့ လှုံ့ဆော်မှုကြောင့် ဒီလိုဖြစ်ရတာပါလို့ နာမည်ဆိုး တပ်ကြတော့မယ်လေ။ အဲ့ဒီအခါမှာ လူတွေကလည်း နားယောင်ပြီး (၉၆၉) တံဆိပ်ကြီးက အကြမ်းဖက်မှုဖြစ်အောင် လှုံ့ဆော်ပေးတတ်သတဲ့- ဆိုပြီး ကြောက်လန့်ပြီး သိမ်းထားကြတော့မယ်။ လူမျိုးဘာသာ မခွဲခြား မြန်မာနိုင်ငံသား ဆိုတဲ့ ဆိုင်းဘုတ်ကလေးက လှပါတယ်။ ဒါလေးပဲ ကပ်ထားတာ ကောင်းပါတယ် ဆိုပြီး လူမျိုးခြားတွေရဲ့ လှည့်ကွက်ထဲကို ပြန်ရောက်သွားကြတော့မယ်။
ကျုပ်တို့ မြန်မာလူမျိုးတွေက အရမ်းအရမ်းကို သဘောထားကောင်းခဲ့ကြပါတယ်။ သူတို့ဘာသာဝင် တံဆိပ်တွေ တပ်ထားတဲ့ ဆိုင်တွေမှာ လူမျိုးဘာသာ မခွဲခြားဘဲ အားပေးခဲ့ကြဖူးပါတယ်။ အဲ့ဒီတုန်းကတည်းက သူတို့လူမျိုးတွေကတော့ သူတို့ဘာသာဝင်ဆိုင်တွေမှာ အားပေးခဲ့ကြတာပါ။ မြန်မာဆိုင်ဆိုရင်တော့ အငတ်သာခံမယ် လုံးဝမစားဘူး ဆိုတာမျိုး မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ဖူးပါတယ်။ သူတို့ဘက်ကျတော့ သိတတ်လိုက်ကြတာ။
လူ့အခွင့်အရေးတွေ၊ လွတ်လပ်တဲ့ သတင်းမီဒီယာတွေပေါ်ပေါက်လာတဲ့ ဒီကနေ့ခေတ်မှာ အမျိုးဘာသာ သာသနာအတွက် စည်းရုံးမှုတွေ၊ ယဉ်ကျေးလိမ္မာမှုတွေရှိအောင် သိမ်းသွင်းမှုတွေ မလုပ်ရင်မဖြစ်တော့လို့ (၉၆၉) လှုပ်ရှားမှုကို မျိုးချစ်လူငယ်တွေ ကိုယ့်အသက်ကို ပဓာန မထားဘဲ လုပ်ဆောင်ခဲ့ကြတာပါ။ ဒီနေ့ခေတ်မှာ အမျိုးဘာသာ သာသနာအတွက် စည်းရုံးမှုတွေက ဘာဖြစ်လို့ မဖြစ်မနေ လိုအပ်ပါသလဲ ဆိုတော့ လူ့အခွင့် အရေးနှင့် လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ခေတ်စားလာတဲ့ ဒီနေ့လို အင်တာနက်ခေတ်မှာ ကမ္ဘာကြီးတစ်ခုလုံးမှာ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပေါင်းစည်းဆက်သွယ်ထားတဲ့ လမ်းတံတားကြီးများ တောက်လျောက် ဖွင့်ထားလိုက်ပါပြီ။ ယဉ်ကျေးမှုချင်း လူမျိုးဘာသာချင်း မတူလို့ ပိတ်ကာထားခဲ့တဲ့ လူ့စည်း လူ့ဘောင်တံခါးကြီးဟာလည်း ဟင်းလင်းပွင့် သွားပါပြီ။ လူမျိုးခြား တိုင်းတစ်ပါးယဉ်ကျေးမှုတွေကလည်း မြန်မာနိုင်ငံထဲကို ဒလဟော စီးဝင်လာနေပါပြီ။
ဒီတော့ အပျော်အပါး လောင်းကစား အာရုံခံစားမှုတွေကလည်း ဒလကြမ်း ကြောက်ခမန်းလိလိ ဖြစ်လာ ပါပြီ။ ဒီတော့ အာရုံခံစားမှုအတွက်ဆိုရင် လူမျိုးပျောက်မှာကိုလည်း မကြောက်ဘူး။ ဘာသာ စွန့်ရမှာလည်း ဝန်မလေးဘူး ဆိုတာတွေက ဖြစ်လာနေပါပြီ။ ချမ်းချမ်းသာသာ ပျော်ပျော်ရွှင်ရွှင်သာ နေရမယ်ဆိုရင် ဘာပဲ လုပ်ရ လုပ်ရ ငရဲလည်း မကြောက် ထောင်လည်း မမှုတဲ့ မိုက်ရူးရဲတွေကလည်း များလာနေပါပြီ။ ကိုယ်မွေးတဲ့မျောက်က ကိုယ့်ပြန်မခြောက်ခင် ကိုယ့်သားငယ် သမီးငယ်လေးများကို စောစော စီးစီး ကြိုကြိုတင်တင် သွန်သင်ဆုံးမကြဖို့ အမျိုးဘာသာ သာသနာအတွက် လှုပ်ရှားမှုတွေ မဖြစ်မနေ လိုအပ်လာပြီ ဆိုတာကို ပြောခဲ့တာပါ။
(၉၆၉)ရဲ့ အဓိပ္ပါယ်ကတော့ (၉)ဆိုတာ ဘုရားဂုဏ်တော် (၉)ပါး၊ (၆)ဆိုတာက တရားဂုဏ်တော် (၆)ပါး၊ (၉)ဆိုတာက သံဃာ့ဂုဏ်တော် (၉)ပါးကို ဆိုလိုတာပါ။
နောက်ခံ ဘက်ဂရောင်းကိုလည်း ကြည့်လိုက်ဦး၊ သာသနာ့ အလံတော်၊ (၂၄)ပစ္စည်းစက်ဝိုင်း၊ အသောကကျောက်တိုင်တွေပါ။
ဒီလို စိတ်ကူးကောင်းကောင်းနဲ့ တီထွင်ကြံဆထားတဲ့ အမြတ်ဆုံးရတနာသုံးပါး အမြတ်ဆုံးထားတဲ့ တံဆိပ်တွေကို ကိုယ့်အိမ်ကိုယ့်ဆိုင် ကိုယ့်ယာဉ်တွေမှာ အမြတ်တနိုး ချိတ်ဆွဲထားခြင်းဖြင့် ဘေးဆိုး ကပ်ဆိုး အန္တရာယ်ဆိုးတွေ ကင်းဝေးပြီး စည်းစိမ်ချမ်းသာ ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံနေမှာပါ။ ဤတံဆိပ်ကို အိမ်မှာကပ်ထားခြင်းဖြင့် ကျွန်ုပ်တို့သည် ရတနာသုံးပါး အမြတ်ဆုံးထားပြီး အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုး သော ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ ထို့ကြောင့် ဤအိမ် ဤဆိုင်သို့ ရောက်လာသူတိုင်း ဘေးရန်ကင်းကွာပြီး အေးချမ်းသာယာ မင်္ဂလာရှိကြပါစေ.. ဆိုတဲ့ အဓိပ္ပါယ်ကို ဆောင်နေပါတယ်။
လူ့အခွင့်အရေးနှင့် ဘာသာရေးလွတ်လပ်ခွင့် ဆိုတဲ့ ဆိုင်းဘုတ်အောက်မှာ လူမျိုးခြား ဘာသာခြားတွေက ဒီအခွင့်အရေးတွေကို လက်တွေ့အသုံးချနေကြတယ်။ ဗုဒ္ဓဘာသာ မြန်မာတွေကတော့ ဖဲ့စားတာကိုလည်း ခံရ၊ လှီးစားတာကိုလည်း ခံရ၊ ဝါးမျိုတာကိုလည်း ခံနေကြရပါတယ်။ ဒါကြောင့် ဒီနေ့ခေတ်မှာ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးတဲ့ စိတ်မရှိရင် မဖြစ်တော့လို့ (၉၆၉)လှုပ်ရှားမှုတွေကို ဘုရားသားတော် သံဃာတော်တွေနှင့် မျိုးချစ် လူငယ်တွေ စတင်လှုပ်ရှားခဲ့ကြခြင်း ဖြစ်ပါတယ်။
(၉၆၉) အဖွဲ့ရဲ့ ရည်ရွယ်ချက်က…
(က) ဗုဒ္ဓဘာသာ အချင်းချင်း စည်းလုံးညီညွတ်ကြရန်၊
(ခ) ဗုဒ္ဓဘာသာ အချင်းချင်း ရိုင်းပင်းကူညီသောအားဖြင့် ဗုဒ္ဓဘာသာ ဈေးဆိုင်တွေမှာပဲ ဝယ်ယူအားပေး ကြရန်၊
(ဂ) ဗုဒ္ဓဘာသာ အချင်းချင်းသာ ထိမ်းမြားလက်ထပ်ရန် ဆိုတဲ့ ရည်ရွယ်ချက်တွေပါပဲ။
ဘယ်သူ့ကိုမှလည်း အကြမ်းမဖက်ပါဘူး။ အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာအောင် ဘယ်သူ့ကိုမှလည်း မလှုံ့ဆော်ပါဘူး။
ကျုပ်တို့ မြန်မာလူမျိုးတွေဟာ သမိုင်းအဆက်ဆက်ကတည်းက ကိုယ့်နိုင်ငံနှင့် ကိုယ့်ယဉ်ကျေးမှုနှင့် ကိုယ့်ဘာသာ သာသနာနှင့် အေးအေးချမ်းချမ်း နေလာခဲ့ကြတဲ့သူတွေပါ။ ဗုဒ္ဓဘာသာရဲ့ အဆုံးအမအောက်မှာ မိသားစု အချင်းချင်း၊ ရွာသားအချင်းချင်း၊ မြို့သားအချင်းချင်း၊ နိုင်ငံတော်သားအချင်းချင်း ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် အေးအတူ ပူအမျှ နေလာခဲ့ကြတဲ့သူတွေပါ။
လူမျိုးခြား ဘာသာခြား တိုင်းတစ်ပါးက ကောင်တွေ ဝင်လာမှ ကိုယ့်ယဉ်ကျေးမှုတွေ ကိုယ့်ဘာသာ သာသနာတွေကို အဖျက်အဆီးခံရ၊ ကိုယ့်လူမျိုးတွေ အဖျက်အဆီးခံရနဲ့ လူလိမ္မာ လူယဉ်ကျေးလေးတွေကနေ လူကြမ်းကြီးတွေ ဖြစ်ကုန်ကြပါတော့တယ်။ ဒါတောင် ကျုပ်တို့ မြန်မာလူမျိုးတွေက သီးခံစိတ်တွေ သနားညှာတာ စိတ်တွေ သိပ်လွန်ကဲခဲ့ကြပါတယ်။
အဲ့ဒီလို သီးခံစိတ် သနားညှာတာစိတ် လွန်ကဲခဲ့ကြလို့လည်း လူမျိုးခြားတွေက ကိုယ့်လူမျိုးကို တဖြည်းဖြည်း ဝါးမျိုလာရာကနေ အခုတော့ သူတို့လူမျိုးတွေက ကြောက်ခမန်းလိလိ ထုနဲ့ ထည်နဲ့ ဖြစ်လာပါပြီ။
ကိုယ့်လူမျိုးတွေကလည်း ကျောချမှ ဓါးပြမှန်း သိကြတာမို့လား။ ကိုယ့်သား သမီးကို မျိုးချစ်စိတ်ဓာတ် ထက်သန်အောင် ကြိုကြိုတင်တင် သွန်သင်ဆုံးမတာမျိုး မလုပ်ကြဘူးလေ။ အဲ့ဒီတော့ တစ်ယောက်ပြီး တစ်ယောက် လူမျိုးခြားတွေ ဘာသာခြားတွေရဲ့ သွေးဆောင် ဖြားယောင်းမှုနောက်ကို ကောက်ကောက်ပါအောင် လိုက်သွားကြ တာ တွေ့နေရတယ်။ လူမျိုးခြား ဘာသာခြားတွေက နည်းလမ်းအမျိုးမျိုးတွေကိုသုံးပြီး မြန်မာလူမျိုးတွေကို ဖဲ့စား၊ လှီးစား၊ ဝါးမျိုလာခဲ့တာ အခုဆိုရင် ဘယ်အခြေအနေထိ ရောက်နေပြီလဲ ဆိုတာ အားလုံး သိကြမှာပါ။
အဲ့ဒါတွေကို မြင်တွေ့နေရတဲ့ မျိုးချစ် ဘုရားသားတော်တွေ မျိုးချစ်လူငယ်တွေက ကိုယ့်လူမျိုး ကိုယ့်ဘာသာဝင်တွေ မသိသေးတာကို သိရှိနားလည်အောင် သွန်သင်ဆုံးမရမည့် တာဝန်ရှိပါတယ်။ ကိုယ့်လူမျိုး ကိုယ့်ဘာသာဝင်တွေအပေါ် သူတို့တစ်တွေ သမိုင်း အဆက်ဆက်က ရက်စက်ယုတ်မာခဲ့ကြတာတွေကို ဟောပြော ဆုံးမမိခဲ့ရင် အကြမ်းဖက်မှုတွေ ဖြစ်အောင် လှုံဆော်သူ လို့ ကင်ပွန်း တပ်ကြမှာလား။?
ကိုယ့်လူမျိုး ကိုယ့်ဘာသာ သာသနာအပေါ်မှာ မတရား အနိုင်ကျင့်ခံရတာကို မတရားအနိုင်ကျင့် ခံရပါတယ်လို့ ပြန်ပြောပြခွင့် မရှိတော့ဘူးလား။ ဆူပူမှုတွေ အကြမ်းဖက်မှုတွေ ဖြစ်မှာစိုးလို့ ကိုယ့်ညီမတွေ ကိုယ့်သမီးတွေ လူမျိုးခြားနှင့် ယဉ်ပါးနေရင်လည်း မသိချင်ယောင် ဆောင်နေရမှာလား။ ကိုယ့်ညီမတွေ ကိုယ့်သမီး တွေကို လူမျိုးခြားက မတရားစော်ကားသွားရင်ကော ကိုယ့်ဘာသာ ကြိတ်ခံစားနေရမှာလား…. ?
ကိုယ့်လူမျိုးကို လူမျိုးခြားတွေက အုပ်စုလိုက် ဝိုင်းသတ်နေကြရင်ကော မမြင်ချင်ယောင် ဆောင်နေရမှာ လား။ တရားဥပဒေကကော အမှန်တရားဘက်ကနေ ရပ်တည်ပြီးတော့ အကာအကွယ် ပေးမှာလား…? ဆိုတာကို သမာသမတ်ကျလှပါတယ် ဆိုတဲ့ ဆရာကြီးများကို မေးကြည့်လိုက်ချင်ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် အုပ်စုလိုက် ဆူပူမှုတွေ အကြမ်းဖက်မှုတွေ ဖြစ်လာခဲ့ရင်တော့ အခြေအနေတွေ လက်မလွန်ခင် ထိန်းသိမ်းပေးရမှာက အစိုးရနှင့် တရားဥပဒေရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။
အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်သူများအဖွဲ့ကတော့ သူ့အလုပ်သူ လုပ်ပေးနေကြရမှာပါ။ ဆူပူမှု အကြမ်းဖက်မှုတွေ ဖြစ်လာမှာကို ကြောက်လို့ ဘယ်လူမျိုးခြားက ကိုယ့်လူမျိုးကို ဘယ်လောက်ပဲ ဝါးမျို ဝါးမျို ဘယ်လောက်ပဲ လှီးစား၊ ဖဲ့စား မတရားစော်ကားနေနေ လက်ပိုက်ကြည့်နေကြမယ်ဆိုရင် (၅)နှစ်အတွင်းမှာပဲ မြန်မာနိုင်ငံမှာ အလွန်လှပ တင့်တယ် ကျက်သရေမင်္ဂလာအပေါင်းနှင့် ခညောင်းပြည့်စုံလှပါတယ် ဆိုတဲ့ စေတီ ပုထိုးတွေ ကျောင်းတော်ကြီး မျိုးစုံ ရိပ်သာ ဓမ္မာရုံတွေ ပြာပုံဘဝ ရောက်သွားနိုင်ကြောင်းကို ကောင်းကောင်း သိကြမှာပါ။
အဲ့ဒီတော့ ကျုပ်တို့က ဘာလုပ်ကြရမှာလဲ ဆိုရင် ဘာသာခြား လူမျိုးခြားတွေနှင့် သူတို့ အဆောက်အဦးတွေ ပစ္စည်းတွေကို လက်ဖျားလေးနဲ့တောင် သွားတို့စရာမလိုပါဘူး။ ကျုပ်တို့လူမျိုးအချင်းချင်း ရှေးကထက် ပိုပြီးတော့ ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး နေထိုင်ကြရမယ်။ ကိုယ့်လူမျိုး ကိုယ့်ဘာသာဝင် ဆိုင်မှာပဲ ဈေးဝယ်ကြရမယ်။ ကိုယ့်လူမျိုး ကိုယ့်ဘာသာဝင်အချင်းချင်းသာ ထိမ်းမြားလက်ထပ်ကြရမယ်- ဆိုတဲ့ ကိုယ့်လူမျိုးရဲ့ သံမဏိအတွင်း စည်းကမ်းတွေကို ကိုယ့်မိသားစု အချင်းချင်း ကိုယ့်ဆွေမျိုး ညီအစ်ကို မောင်နှမ အချင်းချင်း နားလည် သဘောပေါက်အောင် သွန်သင်ညွှန်ပြ ဆိုဆုံးမပေးကြရပါမယ်။ ကိုယ့်သား သမီးလေးများကို ယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာ သင်တန်းကျောင်းများသို့ မဖြစ်မနေ (အချိန်ပိုင်းလေးပဲ ဖြစ်ဖြစ်) ပို့ပေးကြရမှာပါ။ လူတိုင်းလူတိုင်း ဗုဒ္ဓတရားတော်ကို နားလည်အောင် လေ့လာသင်ကြား မှတ်သားနာယူကြရမှာပါ။
ကျုပ်တို့မြတ်စွာဘုရားက သူတစ်ပါးကို သတ်ဖြတ်ညှဉ်းဆဲတာတွေ၊ သူတစ်ပါး သားမယားကို မတရား စော်ကားတာတွေ၊ သူတစ်ပါးပစ္စည်း လုယက် ဖျက်ဆီး ခိုးယူတာတွေ၊ လိမ်ညာလှည့်ဖျားတာတွေ၊ မူးယစ်ဆေးဝါး သောက်သုံး မှီဝဲတာတွေ၊ ကြမ်းကြမ်းတမ်းတမ်း ဆဲဆို ကုန်းတိုက် မိုက်မိုက်ရိုင်းရိုင်း ညစ်ညမ်းယုတ်မာတဲ့ အပြောအဆိုတွေ အလုပ်တွေကို အမြဲတမ်း ရှောင်ကျဉ်ကြဖို့ မိန့်တော်မူ ခဲ့ပါတယ်။
အဲ့ဒီတော့ ဗုဒ္ဓဘာသာပီပီ ဘယ်သူတွေက ဘယ်လောက်ပဲ ယုတ်မာနေနေ ကိုယ်ကတော့ သူတော်ကောင်း တရား လက်ကိုင်ထားပြီး စိတ်ကောင်းမွေးကာ ဘယ်သူ တော်တော် မတော်တော် ကိုယ်တိုင်က တော်အောင် ကြိုးစားကြပါ။ ဘယ်သူတွေက ကောင်းကောင်း မကောင်းကောင်း ကိုယ်ကတော့ ကောင်းအောင် ကြိုးစားကြရမှာပါ- ဟု မေတ္တာဖြင့် ရေးသား တင်ပြလိုက်ပါတယ်။
အရှင်ဇဝန (ကုန်းဇောင်း)
(all burma monks alliance (မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး) မှ ကူးယူဖော်ပြသည်။)