People move to safe area by Army ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်း ဒီရေ အန္တရာယ် ကျရောက်နိုင်သည့် ကျေးရွာများမှ ပြည်သူများ အား ရွှေ့ပြောင်းပေး

————
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်လာသူများစားဝတ်နေရေးအခက်အခဲများ ရှိနေကြောင်းသိရှိရ
RAKHINE STRAIGHT VIEW
PIC RAKHINE STRAIGHT VIEW

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်လာသော ရွှေ့ပြောင်းဒုက္ခသည်များအား တွေ့ရစဉ်ပုံဖြစ်သည်။ထိုသို့ထွက်ပြေးလာရခြင်းမှာ ယင်းနိုင်ငံတွင် ဘင်္ဂလီများ၏ အနိုင်ကျင့်စော်ကားခြင်းများကြောင့်ဖြစ် ပြီး စားဝတ်နေရေးနှင့်လုပ်ကိုင်စားသောက်ရေးအတွက် လုံးဝအဆင်မပြေတော့သည့်အတွက် ကြောင့်လည်းဖြစ်သည်ဟုသိရသည်။
ယခုခါတွင် မိသားစု ၁၈၀ ခန့်နှင့် လူဦးရေ ၁၀၀၀ ကျော်တို့သည် မောင်တောမြို့နယ်အတွင်းသို့ရောက် ရှိနေပြီဖြစ်သည်။ အဆင်ပြေသလို နေရပြီး စားဝတ်နေရေးအတွက် ခက်ခဲမှုများရှိနေကြောင်းသိရသည်။
ယင်းအတွက်လည်း စစ်တွေမြို့အပါအ၀င် မြို့နယ်များတွင်အလှုငွေများကောက်ခံလျက်ရှိပြီး ထိုသူတို့ ကိုကူညီရန်ပြင်ဆင်နေကြကြောင်းသိရသည်။
ထွက်ပြေးဝင်ရောက်လာသူများထဲတွင် ရခိုင်၊သက်၊ဒိုင်းနက်၊မြို့လူမျိုးများပါဝင်ကြောင်းလည်းသိရသည်။

RSV

နေပြည်တော် မေ ၁၃
941530_451892021569739_1274695084_n
ဘင်္ဂလား ပင်လယ်အော် အနောက် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း မဟာ စင်ကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် အတွင်း မုန်တိုင်းဒီရေ အန္တရာယ် ကျရောက်နိုင်သည့် ပင် လယ် ကမ်းရိုးတန်း တစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံ တိုင်းရင်းသား ပြည်သူများအား ယနေ့ ညနေပိုင်းမှ စတင်၍ ဒီရေလွှမ်းမိုးမှု ကင်းဝေးမည့် ကုန်းမြေ နေရာများသို့ ရွှေ့ပြောင်းပေးလျက် ရှိရာ စစ်တွေမြို့နယ်၊ ပလ္လင်ပြင် ကျေးရွာမှ သံဃာ ငါးပါးနှင့် အိမ်ထောင်စု ၉၆ စု၊ လူဦးရေ ၃၈၈ ဦးတို့အား စစ်တွေမြို့၊ ကျိတ်တော်ကုန်းသို့ လည်းကောင်း၊ စစ်တွေမြို့ ရဲနွယ်စု ရပ်ကွက်ရှိ ကယ်ဆယ်ရေး စခန်းမှ အိမ်ထောင်စု ၅၂ စု၊ လူဦးရေ ၃၆၅ ဦးတို့အား အမှတ်(၄) အခြေခံပညာ အထက်တန်း ကျောင်းသို့လည်းကောင်း တပ်မတော် သားများက တပ်ပိုင် မော်တော်ယာဉ်များဖြင့် ကူညီ ရွှေ့ပြော င်း ပေးခဲ့ကြောင်း သတင်း ရရှိ သည်။
—————
အလ်ဂျာဇီးယား , AP အပါအ၀င် နိုင်ငံခြားသတင်းဋ္ဌာနအချို.သတင်းလိမ်ရန် ကြိုးစား
419666_526537077402770_1358395591_n

မဟာဆန် ဆိုင်ကလုန်း မုန်တိုင်းလက္ခဏာ ရှေ့ပြေးများ ပြလာပြီ
မဟာဆန် ဆိုင်ကလုန်း မုန်တိုင်းလက္ခဏာ ရှေ့ပြေးများ ပြလာပြီ

ပေါက်တောမြို.နယ် ငှက်ချောင်း ဒုံရွာမှ ဘင်္ဂလီ ကုလား ၁၀၀ ကျော်ခန်.သည် မိမိတို.ကိုယ်ပိုင်
အစီအစဉ်ဖြင့် စက်လှေတစ်စင်းနှင့် စစ်တွေ သဲချောင်းသို. ထွက်လာကြရာ စစ်တွေမြစ်ဝ ပွဲကြည့်တောင်အနီးတွင် ယနေ.( ၁၄-၅-၂၀၁၃ နေ.) အာရုဏ်တက် ခန်.တွင် နစ်မြုတ်သွားသည်။
ယနေ.နံနက် ၁၀း၀၀ နာရီ ခန်.ထိ ထိုနစ်မြုတ်မှုမှ လူဦးရေ ၃၀ ကျော်ခန်.ကို အသက်ရှင်လျက် ဆယ်ယူရရှိပြီး ဖြစ်ကြောင်းသိရှိရသည် ။

### ထိုဖြစ်စဉ်အား စစ်တွေမြို.သို.ရောက်ရှိနေသော အလ်ဂျာဇီယား, AP အပါအ၀င်
နိုင်ငံခြားသတင်းဋ္ဌာန အချို.က မဟာဆန် မုန်တိုင်း အန္တရာယ်မှ တိမ်းရှောင်ခိုလှုံရန်အတွက် တပ်မတော်က အတင်းအဓမ္မ ခေါ်ယူလာရာမှ နစ်မြုတ်ပြီး ဘင်္ဂလီများ အားလုံးနီးပါး အသက်ဆုံးရှုံး
ခဲ့ရကြောင်း လုပ်ကြံလီဆယ် သတင်းဖန်တီးလျက်ရှိကြကြောင်း သဲချောင်းကယ်ဆယ်ရေးစခန်း ဖက်သို.ရောက်ရှိနေကြသော ပြည်တွင်းမီဒီယာများ၏ သတင်းပေးပို.ချက်များအရ သိရှိရသည် ။

ဘင်္ဂလီများ မိမိအစီအစဉ်ဖြင်.ထွက်လာကြခြင်းသာ ဖြစ်ကြောင်းကို သဲခုံကျေးရွာတွင် အသက်ရှင်လျက် ဆယ်ယူရရှိသည့် ဘင်္ဂလီအမျိုးသမီး ၏ ပြောပြချက်အရ သိရှိရသည် ။
လေးရှင်းတောင် မီးပြတိုက်ဟောင်းကျွန်း တွင်လည်း နစ်မြုတ်ရာမှ လွတ်မြောက်လာသူ
ဘင်္ဂလီ ၃-၄ ဦးခန်.ရောက်ရှိနေကြောင်း သိရှိရသည် ။

Posted by Than Tun Than

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s