ဗိုလ်ကြီးဟောင်း နေမျိုးဇင် ၏ Facebook အကောင့်ကို Myanmar Hackers ဆိုသော အဖွဲ့တစ်ခု ယနေ့တွင် ခိုးယူသုံးစွဲအပိုင်စီးထားလျှက်ရှိသည်။
ထိုသူများသည် မည်သည့်အဖွဲ့အစည်းနောက်ခံမှ ပြုလုပ်သည်ဟူ၍ အတိအကျ မစွပ်စွဲနိုင်သော်လည်း ဗိုလ်ကြီးဟောင်း နေမျိုးဇင် အား ပုဂ္ဂိုလ်ရေးအရ ဂုဏ်သိက္ခာကျ စေရန်နှင့် အရှက်ရစေရန် ရည်ရွယ်ပြီး ညစ်ညမ်းစွာ စော်ကားအပုတ်ချနေသည်မှာ အထင်အရှားတွေ့နေရသည်။
HLALUNSWE: ကိုနေမျိုးဇင်အကောင့်အဟက်ခံလိုက်ရပါပြီ။
သူနဲ့အလှူအတန်းပြုလုပ်ရင် chat box မှာမိမိဘဏ်အကောင့်ပေးမိသူများ
မိမိ personal အကြောင်းပြောမိသူများအမြန်ဆုံးဘလော့လုပ်ကြပါ..
နှိုင်းစရာသတ္တဝါမရှိသောယုတ်မာခြင်းများနဲ့ စတင်တိုက်ခိုက်နေပါပြီ။
တူသောအကျိုးပေးနိုင်ကြပါစေ..
Myanmar Hacker များကျန်းမာချမ်းသာကြပါစေ။သူများကိုနာမည်ဖျက်ရ်ျ
ရရှိလာသောအောင်မြင်မူ့ကိုစိတ်သန့်စွာခံစားစံစားနိုင်ပါစေ။။
—
ယခုအခါ ၄င်းတို့မှ ဗိုလ်ကြီးဟောင်းနေမျိုးဇင် အကောင့်အား သုံးစွဲကာ အောက်လမ်းနည်းများဖြင့် အသရေဖျက်၊ စော်ကာမှုများကို စတင်ပြုလုပ်လျှက်ရှိနေပြီဖြစ်သဖြင့် မြန်မာနိုင်ငံသားများအနေဖြင့် အထင်မှား အမှတ်မှား မရှိစေရန် ကြိုတင်အသိပေးလိုက်ပါသည်။
ဗိုလ်ကြီးဟောင်းနေမျိုးဇင် သည် စစ်တပိုင်းအစိုးရ၏ ထောင်ကြွေးကို ဆပ်နေရချိန်နောက်ပိုင်း ဆက်လက်ပြီး ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ခံရသည်ကို ကြည့်ခြင်းဖြင့် အချို့မှ စစ်တပ်နှင့် လက်ရှိအာဏာရ ပါတီဘက်မှ ဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုနေကြသည်ကို သိရပါသည်။
မည်သို့ဖြစ်စေ Facebook သုံးစွဲသူများအနေဖြင့် ယခုကဲ့သို့ လုပ်ရပ်များကို ရှုံ့ချသည့်အပြင် ထိုသူတို့၏ တင်သမျှ ပြောသမျှအရာများကို လက်ခံယုံကြည်သွားမည် မဟုတ်ကြောင်း အမှန်တရားကို မြတ်နိုးသူတိုင်းက သက်သေပြနေပေမည်။
13.5.2013- နတ်မျက်စိ