“ကျေးဇူးရှင် မစိုးရိမ်တိုက်သစ် ပထမ မဟာနာယက ဆရာတော်ဘုရားကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ လွန်တော်မူခြင်း (၁၀)နှစ်ပြည့် အထိမ်းအမှတ် ကျေးဇူးတော် အောက်မေ့ပွဲ ကျင်းပ”
**************************************************************************
၉-၅-၂၀၁၃-မနက် (၉:၀၀)နာရီတွင် ဆရာတော်ဘုရားကြီး သီတင်းသုံးတော်မူခဲ့ရာ မစိုးရိမ်တိုက်သစ်၊ ဓမ္မကာယစံကျောင်းတော်တွင် ကျင်းပရာ၊ တောင်ပြင်ထီးလင်းတိုက်၊ ဇောတိကာရုံ အုဠ်ကျောင်းဆရာတော် ဘဒ္ဒန္တဇောတိကာဘိဝံသ၊ မစိုးရိမ်တိုက်သစ်၊ တိုက်ဟောင်း နာယကဆရာတော်များနှင့် တပည့်ဒကာ/မများ တက်ရောက်ကြသည်။
မနက် (၁၀း၃၀)နာရီတွင် ဓမ္မသမိဒ္ဓိကျောင်းမှာ ဆွမ်းဆက်ကပ် ဧည့်ခံကျွေးမွေး လှူဒါန်းကြသည်။