ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ စွမ်းဆောင်ရည်အကဲဖြတ်အဖွဲ့သို့ ပေးပို့တင်ပြလာသည့်
အကြံပြုစာများအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ အရေးယူဆောင်ရွက်ချက်များကို
ပြည်သူများသိရှိစေရန် ထုတ်ပြန်ကြေငြာခြင်း
နိုင်ငံတော်သမ္မတကြီးရဲ့ ပြည်သူလူထု ဗဟိုပြု ပြည်သူ့ဝန်ဆောင်မှု ဖော်ဆောင်ရေး လမ်းညွှန်ချက်အရ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ပြုပြင်ပြောင်းလဲရေးကို ဦးစားပေး ဝန်ကြီးဌာနတွေ သတ်မှတ်ပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ စွမ်းဆောင်ရည်အကဲဖြတ်အဖွဲ့ က ကွင်းဆင်းလေ့လာပြီး ဆောင်ရွက်ခဲ့ပါတယ်။
ဒီအဖွဲ့မှာတွင် ဥက္ကဌအဖြစ် သမ္မတရုံးဝန်ကြီးဌာန(၅) ပြည်ထောင်စုဝန်ကြီးဦးတင်နိုင်သိန်း၊ အတွင်းရေးမှူးအဖြစ် သမ္မတရုံးဝန်ကြီးဌာန(၁) ဒုတိယဝန်ကြီး ဦးသန့်ရှင်းတို့ ပါဝင်ပါတယ်။ အခြား ပညာရှင်များလည်း အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
အခုအခါမှာ ပြည်သူများရဲ့ အကြံပြုချက်တွေ၊ ကွင်းဆင်းလေ့လာမှုတွေအရ ပြင်ဆင်ဆောင်ရွက်ပေးနိုင်ပြီ ဖြစ်တဲ့ (၁)ဆိပ်ကမ်းနဲ့ အကောက်ခွန်၊ (၂) ဘဏ်လုပ်ငန်း၊ (၃) ကပရ (၄) ရေနံဓါတု (၅) ရန်ကုန်လေဆိပ် ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို ထုတ်ပြန်ပေးလိုက်ပါတယ်။
နောက်ထပ်လည်း ပြည်သူလူထုအနေနဲ့ ဆက်လက် အကြံပြုနိုင်ကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။
ဆောင်ရွက်ထားရှိမှုကို နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ ဖြစ်ပါကြောင်း။
http://www.president-office.gov.mm/zg/briefing-room/news/2013/05/03/id-3228