– ဒီ( HRW)အစီရင်ခံစာမှာပါတဲ့ တစ်ဖက်သတ်ဆန်နေတဲ့ အချက်
တွေကို သဘောမတူပါဘူး။
– မျိုးတုန်းသတ်ဖြတ်မှုလည်း လုံးဝမရှိပါဘူး။
– မူဆလင်ဘာသာဝင်များကို ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ
အပါအ၀င် ဗုဒ္ဓဘာသာဝင်များကပင် ကယ်တင်စောင့်ရှောက်
ပေးခဲ့တဲ့အထောက်အထားများ အခိုင်အလုံရှိပါတယ်။
– ပဋိပက္ခတွေကြာင့် တစ်ဘက်တည်းနစ်နာခဲ့သည်
မဟုတ်ပဲ နှစ်ဖက်စလုံးမှာ နစ်နာမှုများရှိခဲ့ပါတယ်။
– ယခုဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေအား သာမန်ရာဇ၀တ်မှုဖြစ်ပွား
မှုတို့ကို ဘာသာရေး၊ လူမျိုးရေးကြောင့် မျိုးတုန်းသတ်ဖြတ်သည့်
အသွင် နိုင်ငံတကာသို့ ပုံဖော်ဝါဒဖြန့်ဆောင်ရွက်မှုများရှိနေပြီး အဲလိုမမှန်မကန်ဝါဒဖြန့်နေမှုများကို လုံးဝလက်မခံပါဘူး။
…………………………………………………………………………“ ကျွန်တော်တို့ ၈၈-မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့
အစည်းဟာ ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီ ၊ ၁၃ရက်မှုာ အကျဉ်းထောင်
အသီးသီးကနေ ပြန်လည်လွတ်မြောက်လာပြီးနောက် တစ်နှစ်
ကျော်ကာလအတွင်း ဒေသခံပြည်သူတွေရဲ့ဖိတ်ကြားချက်အရ
မြန်မာနိုင်ငံတနံတလျားကို ခရီးထွက်ခဲ့ပါတယ်။ ဒီခရီးစဉ်တွေကို
“ ပွင့်လင်းခရီးစဉ် ” တွေလို့ခေါ်ပါတယ်။ အဲဒီခရီးစဉ်တွေမှာ
ဒုက္ခ၊သုက္ခခံစားနေရတဲ့ ပြည်သူလူထုတွေနဲ့ ပွင့်ပွင့်လင်းလင်း
အပြန်အလှန်ဆွေးနွေးမှုတွေကို ရင်းရင်းနှီးနှီလုပ်လေ့ရှိပါတယ်။
ပွင့်လင်းခရီးစဉ်တွေရဲ့ရည်ရွယ်ချက်အရ –
– အကြောက်တရားကင်းရေး၊
– ကိုယ့်အခွင့်အရေးကိုယ်သိသူ ဖြစ်ရေး၊
– ကိုယ့်အခွင့်အရေးကို တောင်းဆိုရဲသူ ဖြစ်ရေး၊
– ရရှိလာသောအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်
နိုင်သူဖြစ်ရေး၊
– တာဝန်ယူ၊ တာဝန်သိစိတ်ရှိသောသူဖြစ်ရေးဆိုသည့်
အချက်များကို အခြေခံပြီး အပြန်အလှန်ဆွေးနွေးမှုတွေ
ပြုလုပ်ခဲ့ကြပါတယ်။ပွင့်လင်းခရီးစဉ်တွေဟာ အောင်မြင်မှုရပါတယ်။ အထူးသဖြင့်
အပြန်အလှန်ဆွေးနွေးခန်းတွေရောက်ရင် မိုက်ခရိုဖုန်းကို
ပြည်သူလူထုကြားထဲ ချပေးလိုက်တာနဲ့ ကျွန်တော်၊ ကျွန်မ
နာမည်က ဘယ်သူပါ၊ ဘယ်မြို့၊ ဘယ်ရွာမှာနေပါတယ်။
ဘယ်အဖွဲ့အစည်းကပါ စသဖြင့် သူတို့ရဲ့ကိုယ်ရေးအချက်
အလက်အမှန်တွေနဲ့ ရဲရဲဝံ့ဝံ့ပြောဆိုဆွေးနွေးကြတာတွေဟာ
ဒီမိုကရေစီရဲ့အခြေခံကျင့်စဉ်တွေပဲဖြစ်ပါတယ်။ ပြောဆို
ဆွေးနွေးမှုဟာ – မိသားစုဆန်ပြီး အများအားဖြင့်အကျိုးရှိတာကို
တွေ့ရပါတယ်။ယနေ့ စနေကောက်နုတ်ချက် အပြန်အလှန်ဆွေးနွေးမှုတွေဟာ
အပြင်မှာပြည်သူလူထုနဲ့ အပြန်အလှန်ဆွေးနွေးဖလှယ်ခဲ့ကြပြီး
သားတွေ ဖြစ်ပါတယ်။ ယခု ကျွန်တော်တို့ ၈၈မျိုးဆက် ငြိမ်းချမ်းရေး
နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း( လူထုဆက်ဆံရေးဋ္ဌာန) Page မှ
တစ်ဆင့်လည်း ပြန်လည်ဖော်ပြဆွေးနွေးသွားမှာဖြစ်ပါတယ်။◙ ၈၈-မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းဟာ
နိုင်ငံရေးပါတီ တည်ထောင်၊ မထောင်နှင့်ပတ်သက်၍ –
ကျွန်တော်တို့ ၈၈-မျိုးဆက်တွင် –
– အချို့သောလုပ်ဖော်၊ကိုင်ဖက်များဟာ တစ်ချိန်မှာ လွှတ်တော်တွင်း
နိုင်ငံရေးကို ထဲထဲဝင်ဝင်လုပ်သွားဖို့အစီအစဉ်ရှိတယ်ဆိုတဲ့အကြောင်း၊
– တစ်ချို့က အရပ်ဘက်လူ့အဖွဲ့အစည်း(လွှတ်တော်ပြင်ပနိုင်ငံရေး)
မှာလုပ်ကိုင်ဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်း ၂၀-၁-၂၀၁၂မှာ
ပြုလုပ်ခဲ့တဲ့ ပထမဦးဆုံးအကြိမ်သတင်းစာရှင်းလင်းပွဲမှာကတည်းက
ပြောကြားခဲ့ပြီးဖြစ်တယ်။
အဲဒီပြောကြားချက်ကိုပဲ ထပ်မံပြီးအတည်ပြုဖြေကြားအပ်ပါတယ်။
သို့သော် ၈၈-မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း
အမည်ဖြင့် ပါတီထောင်ရန် လုံးဝအစီအစဉ်မရှိပါ။
မိမိတို့နိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍
—————————————————————
◙ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်လို့
ကျွန်တော်တို့ သဘောထားထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။
– ရိုဟင်ဂျာဆိုတာ ကျွန်တော်တို့တိုင်းရင်းသားမဟုတ်တဲ့အကြောင်း
ပထမဦးဆုံးနဲ့ ပြတ်ပြတ်သားသားငြင်းဆိုခဲ့ပါတယ်။
– ပြဿနာတွေကို အကြမ်းဖက်ဖြေရှင်းတာဟာလည်း အဖြေမှန်
မထွက်နိုင်ဘူးလို့ ကျွန်တော်တို့အခိုင်အမာယုံကြည်ထားပါတယ်။
– ဒ့ါအပြင် ရခိုင်ပြည်နယ်တွင်း ပဋိပက္ခများဆိုင်ရာ စုံစမ်းရေး
ကော်မရှင်မှာလည်း ကျွန်တော်တို့၈၈-မျိုးဆက်မှ ဦးကိုကိုကြီးဟာ
အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး ရခိုင်အရေးကို အထူးကြိုစား
ဆောက်ရွက်နေပါတယ်။
ပဋိပက္ခများအပေါ် နိုင်ငံတကာ၏အမြင်
—————————————-
– ရခိုင် နှင့် မိတ္ထီလာပဋိပက္ခအပါအ၀င် ဘာသာရေး၊ လူမျိုးရေး
အသွင်ဆောင်ပြီးပုံဖော်နေတဲ့ ပဋိပက္ခတွေဟာ အတိမ်းအစောင်း
မခံတဲ့အခြေအနေကို ရောက်နေပါတယ်။ မကြာသေးခင်က
ထုတ်ပြန်ခဲ့တဲ့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့
(HRW)တို့ရဲ့အစီရင်ခံစာဟာ တစ်ဖက်သတ်ဆန်နေပြီး၊
ကျွန်တော်တို့နိုင်ငံပုံရိပ်ထိခိုက်စေတာကို တွေ့ရပါတယ်။
ယခုဆိုလျှင် နိုင်ငံတကာသံတမန်တွေဟာ ကျွန်တော်တို့နဲ့တွေ့ဆုံ
တဲ့အခါတိုင်း –
– မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ၊
– ဖြစ်ပွားခဲ့တဲ့ပဋိပက္ခများနှင့် အစီရင်ခံစာများအကြောင်း၊
– ရဟန်းတော်များအပါဝင် ဗုဒ္ဓဘာသာဝင်တွေဟာ လူနည်းစု
မွတ်ဆလင်တွေကို မျိုးတုန်းသတ်ဖြတ်မှု ( Genocide ) ရှိနေ
လားဆိုတဲ့ အကြောင်းတွေကို နိုင်ငံတကာပြဿနာကြီးသဖွယ်
အရေးတကြီးမေးမြန်းဆွေးနွေးလာတာကို တွေ့ရပါတယ်။
သံတမန်တစ်ဦးရဲ့ ရင်းရင်းနီးနီးအကြံပြုချက်ထဲမှာဆိုရင် –
“ အစီရင်ခံစာပါ အချက်အလက်တွေကို ကျွန်တော်တို့နိုင်ငံအနေနဲ့
ကျေလည်အောင်မဖြေရှင်းနိုင်ဘူးဆိုရင် – နိုင်ငံတကာမိသားစုဟာ
ကျွန်တော်တို့နိုင်ငံကို ကူညီမှုတွေလျော့နည်းသွားမှာဖြစ်တယ် ။”
ဆိုတာမျိုးတွေ ပါလာပါတယ်။
(HRW)အစီရင်ခံစာရဲ့တစ်ဘက်သတ်ဆန်နေမှုကို လက်မခံ
———————————————————–
ကျွန်တော်တို့ ကတော့ –
– ဒီ( HRW)အစီရင်ခံစာမှာပါတဲ့ တစ်ဖက်သတ်ဆန်နေတဲ့ အချက်
တွေကို သဘောမတူပါဘူး။
– မျိုးတုန်းသတ်ဖြတ်မှုလည်း လုံးဝမရှိပါဘူး။
– မူဆလင်ဘာသာဝင်များကို ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ
အပါအ၀င် ဗုဒ္ဓဘာသာဝင်များကပင် ကယ်တင်စောင့်ရှောက်
ပေးခဲ့တဲ့အထောက်အထားများ အခိုင်အလုံရှိပါတယ်။
– ပဋိပက္ခတွေကြာင့် တစ်ဘက်တည်းနစ်နာခဲ့သည်
မဟုတ်ပဲ နှစ်ဖက်စလုံးမှာ နစ်နာမှုများရှိခဲ့ပါတယ်။
– ယခုဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေအား သာမန်ရာဇ၀တ်မှုဖြစ်ပွား
မှုတို့ကို ဘာသာရေး၊ လူမျိုးရေးကြောင့် မျိုးတုန်းသတ်ဖြတ်သည့်
အသွင် နိုင်ငံတကာသို့ ပုံဖော်ဝါဒဖြန့်ဆောင်ရွက်မှုများရှိနေပြီး အဲလိုမမှန်မကန်ဝါဒဖြန့်နေမှုများကို လုံးဝလက်မခံပါဘူး။
မြန်မာနိုင်ငံသို့ဝင်ရောက်မည်ဟု ဟန်တပြင်ပြင်လုပ်နေသော
OIC အဖွဲ့နှင့်ပတ်သက်၍ –
———————————————————-
OIC ဘာလာလုပ်မှာလဲလို့ အရင်မေးခွန်းထုတ်ရပါလိမ့်မယ်။
– ဘာသာရေးပဋိပက္ခအသွင်ပုံဖော် အကြောင်းပြခုတုံးလုပ်ပြီး
စုံစမ်းစစ်ဆေးဖို့ဆိုရင် လုံးဝလာဖို့မလိုပါဘူး။ အခြားကိစ္စဆိုရင်လည်း
အာဆီယံအသိုက်အ၀န်းနှင့်ကုလသမဂ္ဂအဖွဲ့ကြီးတို့နှင့်အတူ လက်တွဲ
ဆောင်ရွက်နေပြီးဖြစ်တဲ့အတွက် OIC လာစရာကိုမလိုပါဘူး။
အထက်ပါဖြေကြားဆွေးနွေးချက်များဟာ တစ်ပတ်အတွင်း အပြု
သဘောဆောင်ကာ၊ Profile ဓာတ်ပုံအမှန်နှင့် ကိုယ်ရေးအချက်
အလက်အမှန်ဖြင့် ရိုးရိုး သားသား ပွင့်ပွင့်လင်းလင်း မေးမြန်း
အကြံပြုလာသူများအားလေးစားသမှုဖြင့် ပြန်လည်ဆွေးနွေးချက်
များဖြစ်ပါတယ်။
– လူထုဆက်ဆံရေးဋ္ဌာန
( ၈၈-မျိုးဆက်-ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း )
Email : pr@the88generation.org
www.facebook.com/the88gen.pr
ဆက်သွယ်ရမည့်ရုံးဖုန်းနံပါတ် –
၀၁ – ၅၆၅၉၁၉
၀၉-၇၃၀-၈၁၇၀၁