“ဘာသာရေးခေါင်းဆောင်များ ပူပေါင်း၍ မုဒိမ်းမှုကို ဖြေရှင်း”.U WIRA THU 19.APRIL

“ဘာသာရေးခေါင်းဆောင်များ ပူပေါင်း၍ မုဒိမ်းမှုကို ဖြေရှင်း”

ကလေးမလေး၏ ယဉ်ကျေးမှုသင်တန်းဆင်းလက်မှတ်
ကလေးမလေး၏ ယဉ်ကျေးမှုသင်တန်းဆင်းလက်မှတ်

 “ဘာသာရေးခေါင်းဆောင်များပူပေါင်း၍မုဒိမ်းမှုကို ဖြေရှင်း”

                                         *************************************

7.4.2013မနက်အစော (3:00)နာရီခန့်မှာ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ မုဒိမ်းကြံစည်မှု တစ်ခုဖြစ်ပွားခဲ့ပါတယ်။ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၂)ရပ်ကွက် ကံ့ကော်လမ်းနေဦးသန်းနိုင်+ဒေါ်သူဇာတို့အိမ်မှာ ဖြစ်ပွားခဲ့တာပါ။

သမီးဖြစ်သူ အသက်(၁၂) နှစ်အရွယ်၊ (၇)တန်းကျောင်းသူလေးကိုကြံစည်တဲ့အမှုပါ။ ကြံစည်သူက ဦးတင်အေး(ခ) မာမက်ဇလီ အသက်(၄၃)နှစ် အရွယ်ရှိ မူဆလင်တစ်ဦးဖြစ်ပါတယ်။

ကျောင်းသူလေး အိပ်မောကျနေတုန်း ခြင်ထောင်ထဲဝင်ပြီးလည်ပင်းညှစ်ထားတာပါ။ ကလေးမလေးက မအော်နိုင်လို့ ရုန်းရင်း ကန်ရင်း ခြေထောင်နဲ့ ကြမ်းခင်းဆောင့်သံပြင်းထန်တာကြောင့် မိသားစုများနိုးလားပြီး ခြင်ထောင်လှပ်ကြည့်ရာမှ တွေ့ရှိခဲ့တာပါ။

မာမက်ဇလီက လက်သည်းညှပ်အကြီးစားထဲမှာပါတဲ့ဓားချွန်နှင့်ထောက်ထားပြီး လက်တစ်ဖက် ကလည်းလည်ပင်းညှစ်ရက်ကြီးနဲ့ “ငါ့မထိနဲ့၊ထိရင်ကောင်မလေးကို ထိုးသတ်ပစ်မယ်”ဟု ကြိမ်းဝါးပါတယ်။ ခဲအိုးဖြစ်သူ ကိုအောင်မျိုးဇော်ကနာသလယ်ကိုဖြတ်ကန်လိုက်လို့ မာမက်ဇလီလဲကျသွားတဲ့အခါ ဖခင်ဦးသန်းနိုင်ကပါ ၀င်ချုပ်ဖမ်းဆီးပြီးလက်သည်းညှပ်ဓားကို လုယူနိုင်ခဲ့ပါတယ်။

ဒီအခါ မာမက်ဇလီက သူ့ကို ဝိုင်းရိုက်နေကြပါတယ်ကယ်ပါအုံး အကူအညီတောင်းလို့ တစ်ရပ်ကွက်လုံးလန့်နိုးကုန်ကြပါတယ်။

ဦးသန်းနိုင်က ရွှေပြည်သာလူငယ်ခေါင်းဆောင်ကိုအောင်ကြီးကို ဖုန်းဆက်ခေါ်ပါတယ်။ ကိုအောင်ကြီးက မြို့နယ်ရဲမှူးထံ သတင်းပို့ပြီး ရဲမှူးနှင့်အတူကားနှစ်စီးနဲ့ ထွက်လာကြတဲ့အခါ နယ်ထိန်းခေါင်းဆောင်ရောက်နေပါပြီ။ မာမက်ဇလီကို လက်ထိပ်ခတ်ထားပါပြီ။ မာမက်ဇလီကို တစ်ရပ်ကွက်လုံးက ဝိုင်းရိုက်မယ်လုပ်လို့ ကိုအောင်ကြီးက “ထောက်ခြောက်ထဲဝင်သွားမယ်။ မလုပ်နဲ့“တားလို့ပြည်သူများသဘောပေါက်သွားကြပါတယ်။

ရဲစခန်းမှာ ပုဒ်မ (၃၇၆/၅၁၁- ၃၂၃၊ ၄၅၆) နှင့်စွဲဆိုထားပြီး 10.4.2013 နေ့မှာ ထောင်ကြီးချုပ်သို့ ပို့ထားပါတယ်။

မာမက်ဇလီဟာ အမဲပေါ်(နွား/ဆိတ် သတ်သမား ) ဖြစ်ပြီး၎င်း၏မိန်းမဟာ ဗမာလူမျိုး အစ္စလာမ်ဘာသာဝင်ဖြစ်ကာ မ တရုတ်မလို့ လူသိများတဲ့ ငါးရောင်းသူတစ်ယောက်ပါ။မ တရုတ်မကို တရားဝင်မယား (ကြီး) အဖြစ်ပေါင်းသင်းကာ သားသမီးသုံးယောက်ရှိပါတယ်။ အခြားအမြှောင်မယားသုံးယောက်လုံးကလည်း ဗမာတွေပဲလို့ သိရပါတယ်။

ရွှေပြည်သာမြို့နယ်မှာ ပြဿနာများ ပူပေါင်းဖြေရှင်းဖို့အတွက်ဘာသာပေါင်းစုံအဖွဲ့ ဖွဲ့စည်း ထားတာ 31.3.2013 ရက်နေ့ကဖြစ်ပါတယ်။

မုဒိမ်းကြံစည်မှုဖြစ်လာတဲ့အခါ မူစလင်ခေါင်းဆောင်များနဲ့ညှိုနှိုင်းပြီး ဆောင်ရွက်ခဲ့ရာမှာ မူဆလင်များက မာမက်ဇာလီတို့ရဲ့ ထရံကာကြမ်းခင်းအိမ်ကိုဖျက်ယူရွှေ့ပေးကြတဲ့အပြင် မုဒိမ်းမှုကို ရှုတ်ချကြောင်းပါ ကြေငြာချက်ထုတ်ပြန်ပေးခဲ့ကြပါတယ်။မူဆလင်းခေါင်းဆောင်ကြီးက “သဘာဝကျပါတယ်။ လုပ်ပေးရမှာပေါ့” လို့ ပြောဆိုပြီးဆောင်ရွက်ပေးခဲ့တာပါ။ အမှိုက်ဆိုတာ ရှုပ်တတ်တဲ့အမျိုးပဲနော် ရှုပ်လာပြီဆိုရင်တော့ မဖြစ်မနေရှင်းရမှာပဲပေါ့။ဒီတစ်ခါ အမှိုက်ကစ ပြသာဒ်မီးလောင်မဖြစ်ရလေအောင်  ရှင်းတတ်ဖို့တော့လိုမယ်နော်။

ရွှေပြည်သာမှ ကိုအောင်ကြီးတို့ဖြေရှင်းပုံကိုစံနမူနာယူရမယ်မဟုတ်လားဗျာ။

အကြမ်းဖက်ခံရသောကလေးမလေးသည် ဆံပင်စဆွဲဆောင့်ခံထားရ၍ ဦးရေများ နာကြင်နေပြီး ညအခါတွင်စိတ်ခြောက်ခြားကာ အိပ်မပျော်ဘဲဖြစ်နေပါသည်။ နေ့အခါတွင်လည်းခါတိုင်းလိုပုံမှန်စကားပြောခြင်းမရှိဘဲ ငေးမှိုင်တွေဝေနေကြောင်း သိရပါသည်။ ဦးဝီရသူက ဂုဏ်တော် ပွားအိပ်ဖို့ မှာကြားခဲ့ကြောင်း သိရပါသည်။

ဆက်သွယ်ရန်- 

ကိုအောင်ကြီး-09.43070794

ရဲတပ်ဖွဲ့မှူး-09.450542933

နယ်ထိန်းခေါင်းဆောင်-09.43170716

ရဲစခန်း-01.610667

625466_251336801676502_713378795_n

ဦးသန်းနိုင်+ဒေါ်သူဇာတို့နေအိမ်

563791_251337381676444_87973631_n

ကလေးမလေး၏ အိပ်ရာ နေရာ

923004_251337675009748_1385301694_n

ဖြိုဖျက်ထားသော မာမက်ဇလီ၏ အိမ်နေရာ

အစ္စလာမ်ဘာသာရေးအကျိုးဆောင်အဖွဲ့ရဲ့သဘောထားထုတ်ပြန်ချက်ကို ပူတွဲ တင်ပြလိုက်ပါတယ်

 

                                                  “သဘောထားထုတ်ပြန်ချက်”

                                                  ပြင်းထန်စွာ ရှုပ်ချအပ်ပါသည်။

နေ့စွဲ- ၈-၄-၂၀၁၃

၂၀၁၃ ခုနှစ်၊ ဧပြီ (၇)ရက်၊ ည (၁၂)နာရီတွင်ရွှေပြည်သာမြို့နယ်၊ အမှတ် (၁၂)ရပ်ကွက်၊ အ-မ-က (၂၉) ကျောင်းဝင်းအတွင်း ကျူးကျော်နေထိုင်သူအလီ (ခ)တင်အေး၊ အသက် (၄၃)နှစ်သည် အရက်သေစာ သောက်စားမူးယစ်လျက် အိမ်နီးချင်းနေထိုင်သူမ…….. (၁၂)နှစ်အား ကာမကျူးလွန်ရန် ကြိုးစားခဲ့ခြင်းမှာ အစ္စလာမ်တရားတော်အရ လွန်စွာကြီးလေးသောပြစ်မှုကြီးဖြစ်ပါသဖြင့် ရွှေပြည်သာမြို့နယ်၊ အစ္စလာမ်ဘာသာရေးခေါင်းဆောင်များနှင့် မြို့နယ်လုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအကျိုးဆောင်အဖွဲ့မှ ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ပါသည်။

၎င်းသူအား တည်ဆဲဥပဒေအရ ထိရောက်ပြင်းထန်စွာ အပြစ်ပေးအရေးယူပေးပါရန် အာဏာပိုင်အဖွဲ့အစည်းများအား တိုက်တွန်းအပ်ပါသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် လွန်စွာဝမ်းနည်းကြေကွဲရပါကြောင်းသဘောထားထုတ်ပြန်အပ်ပါသည်။

ရွှေပြည်သာမြို့နယ်၊ အစ္စလာမ်ဘာသာရေးခေါင်းဆောင်များနှင့်မြို့နယ်လုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အကျိုးဆောင်အဖွဲ့

ပေးပို့ခြင်း………

ဥက္ကဋ္ဌဆရာတော်မြို့နယ်သံဃမဟာနာယက အဖွဲ့၊ ရွှေပြည်သာမြို့နယ်၊

ဥက္ကဋ္ဌဆရာတော်ရပ်ကွက်သံဃမဟာနာယကအဖွဲ့၊ စိတ္တသုခကျောင်းထိုင်ဆရာတော်၊ ရွှေပြည်သာမြို့နယ်။

အုပ်ချုပ်ရေးမှူး၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေပြည်သာမြို့နယ်။

မြို့နယ်ရဲတပ်ဖွဲ့မှူးမြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရွှေပြည်သာမြို့နယ်။

သာသနာရေးဦးစီးမှူး၊လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ရွှေးပြည်သာမြို့နယ်။

ပြဿနာပေါင်းစုံပူးပေါင်းဖြေရှင်းရေးအဖွဲ့၊ ရွှေပြည်သာမြို့နယ်။

ဥက္ကဋ္ဌ အိုလမာ၊အစ္စလာမ်သာသနာ့ ပညာရှင်များအဖွဲ့ချုပ်၊ ရန်ကုန်။

ဥက္ကဋ္ဌ အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်၊ ရန်ကုန်။

ဥက္ကဋ္ဌ မော်လဝီများအဖွဲ့ချုပ်၊ရန်ကုန်။

ဥက္ကဋ္ဌ မွတ်ဆလင်လူငယ်များဘာသာရေးအဖွဲ့ချုပ်၊ ရန်ကုန်။

ဥက္ကဋ္ဌ မြန်မာမွတ်ဆလင်အမျိုးသားရေးရာအဖွဲ့ချုပ်၊ရန်ကုန်။

အုပ်ချုပ်ရေးမှူး-(၁၀)၊ (၁၁)၊ (၁၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ ရွှေပြည်သာမြို့နယ်။

လက်ခံ-

14050_251336471676535_2046742508_n

အစ္စလာမ်ဘာသာရေးအကျိုးဆောင်အဖွဲ့ရဲ့ သဘောထားထုတ်ပြန်ချက်

ရွှေပြည်သာမြို့နယ်၊ ပြဿနာများ ပူပေါင်းဖြေရှင်းရေးဘာသာပေါင်းစုံအဖွဲ့မှ သဘေားထားထုတ်ပြန်ချက်ကိုလည်း ပူးတွဲတင်ပြလိုက်ပါသည်။

 

                                 ကန့်ကွက်ရှုတ်ချကြောင်းသဘောထားကြေညာချက်

၈.၄.၂၀၁၃(တနင်္လာနေ့)တွင် မြို့နယ်အတွင်း ပြဿနာမျိုးစုံ ပူးပေါင်းဖြေရှင်းရေး အဖွဲ့မှ ကန့်ကွက်ရှုတ်ချကြောင်းသဘောထားကြေညာချက်တစ်ရပ်ကို ထုတ်ပြန်လိုက်သည်။

၇.၄. ၂၀၁၃ရက်နေ့ ညသန်းခေါင်ယံတွင် ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်အတွင်းရှိ မိဘ၊ မောင်နှမများနှင့်တစ်အိမ်တည်း အိပ်မောကျနေသော (၁၂)နှစ်အရွယ် မိန်းကလေးတစ်ဦးအား ဘာသာကွဲ (အိမ်ထောင်ရှိ)အမျိုးသားတစ်ဦးမှ ပိုင်နက်ကျူးကျော်ကာ အိမ်ပေါ်တက်ရောက်ပြီး မတရား ကြံစည်ရန် ပြုမူကျင့်ကြံသည့်လုပ်ရပ်ဖြစ်စဉ်တစ်ခု ပေါ်ပေါက်ခဲ့ပါသည်။

အဆိုပါ ဖြစ်စဉ်နှင့်မတရားကျင့်ကြံရန် ကြိုးစားအားထုတ်သူအား မြို့နယ်အတွင်း ပြဿနာမျိုးစုံ ပူးပေါင်း ဖြေရှင်းရေးအဖွဲ့မှ ဆရာတော်ကြီးများ၏ သဘောထားတူညီမှုဖြင့် ကန့်ကွက်ရှုတ်ချကြောင်း သဘောထားကြေညာချက်ကိုထုတ်ပြန်လိုက်သည်။

မြို့နယ်အတွင်း ပြဿနာမျိုးစုံ ပူးပေါင်း ဖြေရှင်းရေး အဖွဲ့

၈.၄.၂၀၁၃ (၁၂း၁၀)နာရီ

562518_251340021676180_963286817_n-1

ပြဿနာများ ပူပေါင်းဖြေရှင်းရေး ဘာသာပေါင်းစုံအဖွဲ့မှ သဘောထားထုတ်ပြန်ချက်

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s