ရက်စွဲ။ ။ ၁၃၇၄-ခု တပေါင်းလဆုတ်(၁)ရက်။ (၆-၄-၂၀၁၃)
၇-၄-၂၀၁၃-ရက်နေ့ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်၊ မကွေးပရိယတ္တိစာသင်တိုက်တွင် ကျင်းပသော ရခိုင်လူငယ်ရဲမင်းဦး၏ မိသားစု သတင်းစာရှင်းလင်းပွဲသို့ မန္တလေးမြို့၊ မဟာအောင်မြေမြို့ နယ်၊ စိန်ပန်းရပ်၊မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း နာယကဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ- အရှင်ဝီရသူ(မစိုးရိမ်)မှပေးပို့သော ဝမ်းနည်းကြောင်းသဝဏ်လွှာ……………………..
၂၀-၃-၂၀၁၃-ရက်နေ့တွင်စတင်ဖြစ်ပွားခဲ့သော မိတ္ထီလာမြို့ အဓိကရုဏ်းနှင့် အခြားသော ကူးစက် အဓိကရုဏ်းများသည်ရဲမင်းဦးနှင့်သော်လည်းကောင်း၊ ၉၆၉-အဖွဲ့များနှင့်သော်လည်းကောင်း၊ အခြားသော ဆရာတော်သံဃာတော်များနှင့်သော်လည်းကောင်းပတ်သတ်ခြင်းလုံးဝမရှိဟု ယုံကြည်သည်။
မိတ္ထီလာမြို့တွင်၊ဖြစ်ပွားသော အဓိကရုဏ်း၏ အကြောင်းရင်းနှင့် ကူးစက်အဓိကရုဏ်းများ၏ အဓိကတရားခံများကိုမဖော်ထုတ်နိုင်ဘဲ ရဲမင်းဦးအား ၅၀၅(ခ)ဖြင့် ဖမ်းဆီး ချုပ်နှောင်ခြင်းသည် အာဏာရှင်စနစ်၏အကျင့်ဆိုး ညဉ်ဆိုးများ ရှေးမူမပျက် ဆက်လက်ရှင်သန်နေဆဲ ဖြစ်ကြောင်း သိသာထင် ရှားစေသည်။
အပြစ်မဲ့သောပြည်သူတစ်ဦးတစ်ယောက် အထိမ်းသိမ်းခံရလျှင်ပင် ကာကွယ်စောင့်ရှောက်ရမည့် တာဝန်ရှိသောနိုင်ငံရေးအဖွဲ့အစည်းများသည် အဆိုပါ အဓိကရုဏ်းများနှင့် လုံးဝမသက်ဆိုင်သော နိုင်ငံရေးအကျဉ်းသားဟောင်း ရဲမင်းဦးအား တစ်ဖက်သတ်စွပ်စွဲချက်ဖြင့် ထောင်ချုပ်ရုံးထုတ် အနိုင်ကျင့်နေခြင်းအပေါ် အသိကျိုးကျွံ ပြုနေကြခြင်းသည် တရားဥပဒေစိုးမိုးရေးကို လျစ်လျူရှုရာ ရောက်သည်။
ခေတ်အဆက်ဆက်သောအစိုးရများသည် အမျိုးသားလုံခြုံရေးအတွက် အကွက်ချ ဆောင်ရွက် ချက်များ လုံးဝမရှိကြသောကြောင့်ပြည်သူ့လုံခြုံရေးကို ပြည်သူကိုယ်တိုင်ကာကွယ် နေရသည်ဖြစ်ရာ ဆန်စင်ရာ ကျည်ပွေ့လိုက်နေသကဲသို့အချိန်ကုန်လူပန်း ခရီးမတွင် အမြင်မတော်မှုများ တွေ့ကြုံ နေခြင်းဖြစ်သည်။
သို့ဖြစ်သောကြောင့်နိုင်ငံတော်အစိုရ နိုင်ငံရေးအဖွဲ့စည်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များ သည်“မလေးရှားအစိုးရ အစဉ်အဆက် ကျင့်သုံးနေသော ဥပဒေကဲ့သို့”အမျိုးသားလုံခြုံရေး ဥပဒေတစ်ရပ် အတည်ပြုပြဌာန်းသင့်ပြီးဟု ယုံကြည်သည်။
နိုင်ငံသားတိုင်းသည်ဒီမိုကရေစီရေး၊ လူ့အခွင့်ရေးနှင့် တရားဥပဒေစိုးမိုးရေးတို့မှာသာ တာဝန်ရှိသည် မဟုတ်၊ကမ္ဘာ့မြေပေါ်မှ မြန်မာ့မြေပုံ မပျောက်ကွယ်ရေး၊ ရွှေဝါရောင်သာသနာ့တံခွန် နေရာမှာ အနက်ရောင်အမှောင်အလံကျူးကျော်မခံရရေးတို့အတွက်မှလည်း တာဝန်ရှိသည်ဟု ယုံကြည်သည်။
၂၅-၃-၂၀၁၃-ရက်နေ့တွင်အထိမ်းသိမ်းခံခဲ့ရသော နိုင်ငံရေးအကျဉ်းသားဟောင်း ရခိုင်လူငယ် ရခိုင်လူငယ် ရဲမင်းဦးသည်အဆိုပါ အရေးများဖြစ်သော ဒီမိုကရေစီရေး၊ လူ့အခွင့်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ အမျိုးဘာသာသာနာကာကွယ်စောင့်ရှောက်ရေးတို့တွင် ဘဝစတေး၍ ပေးဆပ်ခဲ့သော နိုင်ငံ့သားကောင်း တစ်ယောက်ဖြစ်ကြောင်းမှတ်တမ်းတင်ဂုဏ်ပြုလိုက်သည်။
အကျဉ်းထောင်မှလွှတ်မြောက်လာသည်မှာ အခါလည်ကျော်ကျော်သာ ရှိသေးသော အဖြစ်မဲ့ ကျောင်းသားတစ်ယောက် ထပ်မံဖမ်းဆီးချုပ်နှောင်အနိုင်ကျင့်ခံခြင်းအပေါ် မိသားစုနှင့် ထပ်တူခံစားမိ ကြောင်း ဝမ်းနည်းကြေကွဲစွာ သဝဏ်လွှာပေးပို့အပ်ပါသည်။
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်း
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်
မန္တလေး
(၆-၄-၂၀၁၃-pm ၁၀:၀၀) TO FIND ALL POST ABOUT U WIRATHU CLICK ON https://democracyforburma.wordpress.com/page/2/?s=WIRA+THU