HALF MILLION BENGALEE TREPASSERS IN ARAKAN

democracy for burma

733889_10100473384410769_1559184458_n
sေource KWAY H AUNG
ဖော်ပြပါပုံသည် နိုင်ငံတကာ အသိအမှတ်ပြု သမိုင်းပညာရှင် ဒေါက်တာ ဂျက်လိုင်ဒါ ၏ ဟောပြောချက်ထဲတွင် ဖော်ပြထားသော ဆလိုက်တစ်ခုဖြစ်သည်။ ၁၉၇၅ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့ ဗြိတိသျှသံရုံး၏ မှတ်တမ်းကို ကိုးကား၍ ဖော်ပြထားခြင်း ဖြစ်သည်။ ယင်းမှတ်တမ်းအရ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ် မစ္စတာ ကေ အမ် ကိုင်ဇာ သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံထူထောင်ရေးစစ်ပွဲကြောင့် မြန်မာနိုင်ငံသို့ ထွက်ပြေးလာသော ဘင်္ဂလီ အနည်းဆုံး ၅ သိန်းကျော် ရှိကြောင်း ၀န်ခံခဲ့ကြောင်း၊ မြန်မာအစိုးရအနေဖြင့် တရားမ၀င်ခိုးဝင်လာသူများကိုမြန်မာနိုင်ငံမှ ပြန်လည်နှင်ထုတ်နိုင်ကြောင်း၊ သို့သော် ဤကိစ္စနှင့်ပတ်သက်၍ မြန်မာအစိုးရအနေဖြင့် လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံကြုံတွေ့နေရသော ပြဿနာများကို ထောက်ရှု၍ ငဲ့ညှာပါရန် မြန်မာအစိုးရတာဝန်ရှိ ပုဂ္ဂိုလ်များကို တောင်းပန်ခဲ့ကြောင်း၊ မြန်မာအစိုးရအနေဖြင့် အဆိုပါကိစ္စအား မကိုင်တွယ်သေးသည့်အတွက် ကျေနပ်မိကြောင်း ပြောဆိုသည်ဟု အဆိုပါ ဗြိတိသျှမှတ်တမ်းက ဆိုထားသည်။ယနေ့လွှတ်တော်မှ ပြည်ခိုင်ဖြိုးအမတ်များ (အများစု လား တချို့လား စဉ်းစားကြပါကုန်။) တာဝန်မဲ့နေကြသကဲ့သို့ ဗိုလ်နေ၀င်းအစိုးရသည်လည်း ခိုးဝင်ဘင်္ဂလီကို မနှင်ထုတ်ခဲ့ပဲ နိုင်ငံတော်၏ အချုပ်ခြာအာဏာကိုသာ အထိပါးခံခဲ့ကြသည်။ နယ်စပ်မြို့များ ဘင်္ဂလီလက်ထဲသို့ ကျရောက်ရန် ကူညီရာ ရောက်ကုန်ကြသည်။ အပ်နှင့် ထွင်းရမည့် အရာများကို မထွင်းခဲ့သည့်အတွက် အခုအချိန်မှာ ပုဆိန်နှင့်ပဲ ပေါက်ရမလို ဖြစ်နေကြရပြီ။ဘင်္ဂလီများနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများသည် နဂါးမင်းစီမံချက် (၁၉၇၈)၊ ဟသာင်္စီမံချက်များကို ရံဖန်ရံခါ ဖော်ညွှန်း၍ သူ့တို့ကို နှင်ထုတ်သည်ဟု ဖော်ပြကြသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်ပွဲကြောင့် မြန်မာနိုင်ငံဘက်သို့ လျှံကျလာသော ခိုးဝင်များကိုမူ ပြောဆိုရန် ရေငုံနေကြသည်။

View original post

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s