ဝမ်ပေါင် နှင့် ဦးပိုင်တို့ လက်ပန်းတောင်းကြေးနီးစီမံကိန်း ကြောင့် ဒုက္ခရောက်ရတဲ့ လယ်သမားမိဘပြည်သူတွေရဲ့ တိုက်ပွဲက မပြီးသေး ခရိုနီလက်ပါးစေ ပြည်သူရဲတွေ မအူပင်လယ်သမားတွေကို မိုက်ကမ်းစွာ အကြမ်းဖက်သုံး၍ နိမ်နှင်းတာကြောင့် ရဲအချို့ ဒဏ်ရာအနည်းငယ်ရပြီး လယ်သမားများ ဒဏ်ရာပြင်းထန်ရသူကို ရနှင့် သေဆုံးသူတွေလည်း ရှိကြောင်း သတင်းတက်လာတော့ ဖားတပိုင်းငါးတပိုင်း ဗိုလ်ဦးသိန်းစိန် အစိုးရကို အလွန်ဒေါသထွက်မိပါသည်။
တရုတ်က ရောင်းပေးတဲ့ စစ်သုံးကားများဟာလည်း တိုင်းရင်းသားပြည်သူတွေကို အနိုင်ကျင့်သည့်နေရာမှာ သုံးမှာ ဖြစ်တယ်။ သမတ ဗိုလ်ဦးသိန်းစိန် ဥရောပ သွားနေချိန်နဲ့ အံကိုက် စစ်ယာဉ် ၁ဝဝ တော့ ယမန်နေ့ တင်္နလာနေ့ (ဖေဖာဝါရီ ၂၅) မူဆယ်ဘက်ကို ရောက်ရှိသွားပြီဟု တရုတ်-မြန်မာနယ်စပ် သတင်းရပ်ကွက် ကပေးပို့ လာပါသည်။