ABSDF?DIGNITY ? TRUE ?? ဒီနေ့ မန္တလေးမှာ အစီရင်ခံစာမိတ် ဆက်ပွဲလုပ်တယ်။ အခုဘဲပြီးတယ်။ စွတ်ဇာလန်Fund ကိုကော်မရှင်က ကိုင်သုံးစွဲခွင့်ရထားကြတော့။ အပြန်စားဟိုတယ်ကြီးမှာ ရန်ကုန်သားကြီးတွေကအပြန်စား စားစရာတွေနဲ့လုပ်တာ။ Donar Fund အတော်ရပုံပါဘဲ။ Ma Khin Ohnmar ရှာပေးပုံရတယ်။ အဓိကကတော့ Dr Naing Aung& Ko Aung Naing ကိုဆွဲတင်တာဘဲ။… ဘာမှ ဆု မတောင်းဘူး ဘာမှ မမှာဘူး Kyaw Gyi AB ALERT!!!!! ABSDF KILLING FILES ORDER TO CLOSE BY NAING AUNG WIFE KHIN OHMAR NDDကABSDFရဲ့ မှတ်တမ်းများ(Archives) (Dr )Naing Aung ( NDD) EX ABSDF ACCUSED OF ORDER TO KILL
HIS WIFE KHIN OHMAR – (BURMA PARTNERSHIP – Women’s League of Burma) – order to close killing of ABSDF file in Holland !!!!!!!! On Tue, Feb 5, 2013 at 2:54 PM, —————– wrote: Dear —————-, I’m sorry to say but I learned today from NDD that they will not give permission to access the ABSDF archives (for this particular ABSDF archive which is listed as a NDD collection permission from both NDD and ABSDF is needed) I’m still waiting for a formal reply from ABSDF, but since you need permission from both, one negative answer is enough to deny you permission to the documents. kind regards Eef Vermeij Regional Representative for Southeast Asia.
All Burma Students’ Democratic Front Archives
Period: | (1962-) 1988-2000 |
---|---|
Total size: | 6.62 m. |
Access: | Restricted |
Permission required by the ABSDF | |
Collection: | International Institute of Social History |
Language: | English Burmese |
PHOTCR. Kyaw Gyi AB ကျွန်တော် တွေ့ ရတဲ့ စာမြည်း ပါ ကိုရန်ရှင်း ( မြင်းခြံ၊ ရေဇင်း သမဂ္ဂ ) နဲ့  ကိုအောင်မြင့်ထွန်း ( ကသာ၊ဒုနှစ် ရူပဗေဒ ရွှေဘိုကောလိပ်) အကြောင်းကို သိသမျှ ပြောချင်တယ် ( မပြောခင် မှားနေတာလေး အရင် ပြောရရင် ရဲဘော် ဆိုတဲ့ အသုံး ABSDF မြောက်ပိုင်းမှာ ဘယ်အချိန်က စသလဲ မသိပါဘူး ဒီ ကျောင်းသားတွေ ကျဆုံးချိန်ထိတော့ ကျောင်းသားတပ်မို့  ကို တို့  ဦး တို့ ပါပဲ ကိုထွန်းအောင်ကျော် ပါ ရဲဘော်ထွန်းအောင်ကျော် တော့ မဖြစ်ခဲ့ပါဘူး ) ကျွန်တော် ရေးခဲ့ဖူးတာလေး ပြန်ကူးပေးလိုက်ပါတယ် ( ဦးရန်နိုင်စိုး ရဲ့ နာမည်ရင်းက ဦးစိုးလင်း ပါ တန့် ဆည်က ကျူ ရှင်ဆရာ ကျွန်တော်တို့  မြောက်ပိုင်းမှာတော့ အသက်အကြီးဆုံး ပေါ့ ခုတော့ ဆုံးသွားပါပြီ ) # [ အဖြစ်အပျက်တွေအားလုံးမပြီးဆုံးခင် ကျွန်တော်မန္တလေးပြန်ရောက်ခဲ့ရတယ် တစ်ရက်မှာပေါ့ အမှတ်(၃) ရဲစခန်းမှာရောက်နေတဲ့ တသိတစ်ယောက်က တွေ့ ချင်လို့ တဲ့ သွားလိုက်တော့ ဦးရန်နိုင်စိုးဖြစ်နေတယ် ပြောကြတာတွေကတော့ အများကြီးပါပဲ သူအလင်းဝင်ခဲ့ကြောင်း၊ထောက်လှမ်းရေးပိုင်းပြတ်ပေမဲ့ တန့် ဆည်ရဲမှု ကျန်နေသေးကြောင်း ဒါ့ကြောင့် ထောင်ကျဦးမှာဖြစ်ကြောင်းပေါ့ ဦးကျော်ကျော်အုန်းတို့  အသတ်ခံရပြီးတဲ့နောက် ဆက်လုပ်ဖို့ ကြိုးစားပေမဲ့ တစ်ရက်မှာ ရန်ရှင်း အိန္ဒိယcamp နဲ့ ဆက်သွယ်နိုင်ခဲ့ပြီး ရင်း ( ၆ )ကိုပြန်ရောက်တဲ့ညမှာပဲ အိပ်နေတုံးလာခေါ်သွားကြကြောင်း ဗဟိုကမေးစရာရှိတယ်လို့ ကြားလိုက်ရကြောင်း၊နောက်ပြန်မရောက်လာကြောင်း၊သေနတ်သံလိုလိုကြားရကြောင်း ပြောပြခဲ့ပါတယ် ဒီအချိန်မှာတော့ မနေသင့်တော့ဘူးလို့ ဆုံးဖြတ်ပြီး ပြန်ခဲ့ကြောင်း ပြောပြပါတယ်၊ အဲဒီနောက်ကျွန်တော်တို့ သိပ်စကားမပြောနိုင်ကြတော့ပါ ] # ပေါသွပ် ကို ဥတုချောင်း ကမ်းနဘေးမှာ သေနတ်နဲ့  ပစ်ခဲ့ပါတယ် ချောင်ထဲ အကျ မှာ မသေပါဘူး တဲ့ တဖက်ကမ်းမှာ သွားတင်ပါတယ် ဒူးလောက်တောင် ရေမရှိ တဲ့ ချောင်းကို ကူးလို့  ထပ်ပစ် ကြပါ သတဲ့ ပြီးတော့ ဒီအတိုင်း ပစ်ထားခဲ့ကြပါ သတဲ့ အဲဒီ အခါမှာ မြို့ ပေါ်က တာဝန်နဲ့  ခေတ္တရောက်နေတဲ့ တယောက် (သူ့ ကို တောတွင်းရောက်များက လေးစားကြောက်ကြပါတယ်) က အလုပ်သင့်ကြောင်း ပြောပြီး ဘေး သဲပြင်မှာ မြုပ်နှံ ပေးလိုက် ရပါ သတဲ့ သိသလောက် ဖြည့်တာပါ စာကိုဖတ်ကြည့် စေချင်ပါတယ် ################ အထက်ပါစာကိုအောက်ပါအတိုင်းဘာသာပြန်ပေးလိုက်ပါသည်။ လုကြီးမင်း။ ကျွန်တော်စိတ်မကောင်းစွာနဲ့ဒီစာကိုပြန်ကြားလိုက်ပါတယ်၊ဒီနေ့မှာNDDကABSDFရဲ့ မှတ်တမ်းများ(Archives) ကိုကြည့်ရှုခွင့်ကိုမပေးနိုင်ကြောင်းအကြောင်းကြားစာကိုလက်ခံရရှိ ခဲ့ပါတယ်။ (အဓိကABSDF မှတ်တမ်းများသည် NDD၏စုဆောင်းထားမှုများဖြစ်ပြီး ထိုအဖွဲ့နှစ် ဖွဲ့လုံးမှသဘောတူခွင့်ပြုချက်ဖြင့်သာကြည့်ရှုခွင့်ရမည်ဖြစ်သည်) ကျွန်တော်အခုအချိန်အထိ ABSDF ထံမှပြန်ကြားစာကိုမရရှိသေးပါဘူး၊ ဒါပေမဲ့ခင်ဗျားတို့အနေနဲ့ ဒီအဖွဲ့အစည်းနှစ်ခုလုံးရဲ့သဘောတူညီးချက်ရမှသာကြည့်ရှုခွင့်ရ မှာဖြစ်တဲ့အတွက် ဒီNDDရဲ့ငြင်းပယ်ချက်တခုထဲနဲ့ခင်ဗျားတောင်းဆိုတဲ့ကြည့်ရှုခွင့်ကိုငြင်းပယ်လိုက်ရပါတယ်။ ကြင်နာစွာဖြင့် Elf Vermeij အရှေ့တောင်အာရှရေးရာဒေသ တာဝန်ခံ ———————-

*** (ခေါင်း ဆောင်လုပ်သူတွေအာဏာမရူးပါဘူးလို့ပြောနေတာတွေဟာABSDF ကဒီကိစ္စမှာမြောက်ပိုင်း ခေါင်းဆောင် လုပ်ခဲ့သူတွေကိုပင်းပြီးကာကွယ်နေတယ်လို့အထင်ရောက်စေတယ်။ နှစ်ပေါင်း၁၀နှစ်ကျော်ကြာနေရာယူခဲ့ပြီးပြီး၊ ဦးစိန်ဝင်းတောင်သဘောပေါက်လို့ရာ သက်ပန် ဝန်ကြီးချုပ်ဘဝ ကနှုတ်ထွက်သွားပြီ။ အဖြစ်မှန်ပေါ်အောင်လုပ်မှာလား ဖုံးဖိနေကြအုံးမှာလား မိမိကိုယ်ကိုပြန်မေးကြ။)*** NDD ခေါင်းဆောင်များသို့အိတ်ဖွင့်ပေးစာ မြောက်ပိုင်းကိစ္စကိုပုဂ္ဂိုလ်ရေးမပါဘဲအမှန်အတိုင်းပေါ်ပေါက်ရေးနှင့် ရက်စက်လူမဆန်စွာ သတ်ဖြတ်ခံရသူများ၏နစ်နာမှု ကိုကုစားပေးရန်နှင့် ထိုကြေကွဲဖွယ်ရာအဖြစ်အပျက်ကို ပြု လုပ်သူအဓိကတာဝန်ရှိသူများကိုဖေါ်ထုတ်ပြီးမြန်မာ့သမိုင်းတွင်ထိုကဲ့သို့ဖြစ်ရပ်မျိုးထပ်မံမပေါ် ပေါက်စေဖို့အတွက်မျိုးဆက်သစ်လူငယ်များသင်ခန်းစာယူနိုင်ရန်ကြိုးစားဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင်ထိုစဉ်ကABSDF မှဖြန့်ချီခဲ့သောဗီဒီယိုတိတ်ခွေများ၊ စပိုင်လုပ်သည့် ကိစ္စအမှုတွဲစစ်ချက်များ၊ မှတ်တမ်းမှတ်ရာများ ကို ဟော်လန်နိုင်ငံ အမ်စတာဒန်မြို့ရှိ International Institute of Social History စာကြည့်တိုက်တွင် အပ်နှံထားကြောင်း သိရှိ သဖြင့်သွားရောက်လေ့လာရန်လိုအပ်လာပါသည်။ ထို့အတွက် ထိုစာကြည့်တိုက်ရှိသက် ဆိုင်ရာပုဂ္ဂိုလ်သို့စာရေးသားတောင်းဆိုခဲ့ရာအောက်ပါ ပြန်ကြားစာကိုရရှိခဲ့ပါသည်။ ————————- SOURCE
ဇင်မာမြင့်
ABSDF (တောင်ပိုင်း)က ကိုစိုးလင်းနဲ့ကိုနေ၀င်းအောင်ကတော့ထောက်လှမ်းရေးဆိုတာ သေချာပါတယ်တဲ့လား Dr နိုင်အောင် မီဒီယာစာမျက်နှာထက်ကနေ ပြောလို့ရတယ်ဆိုပြီး အပိုင်ကိုပြောချလိုက်ပါတဲ့ ပြည်တော်ပြန် နိုင်ငံရေးလုပ်စားသူကြီးကိုနိုင်အောင်ရေ…. ABSDF (တောင်ပိုင်း) အုပ်စုက မြောက်ပိုင်းလောက် အုပ်စုမတောင့်၊သေသူသေ၊ရှင်သူက တပြည်တရွာစီမှာ တကွဲတပြား ကိုယ့်စားဝတ်နေရေး ကိုယ်ရုန်းကန်နေကြရတော့ ပြန်မဖြေရှင်းလောက်ဘူးဆိုပြီး အဲဒီချိန်က တော်လှန်ရေး လုပ်ဖော်ကိုင်ဖက်ချင်းကို ထောက်လှမ်းရေးလို့ စွပ်စွဲပြီး သတ်ဖြတ်နှိပ်စက် ဒီလူတွေကို နိုင်ငံရေးသေအောင် သတ်ခဲ့ပြီးတာတောင် အခုမြန်မာပြည် နိုင်ငံရေးမှာ သူရဲကောင်းဖြစ်ချင်သူကြီးက ထပ်ပြီး မြေမြှုပ်လိုက်ပြန်တာလား။ကျွန်မဟာ အသက်(၅၁)နှစ်ရှိတဲ့ အိမ်ထောင်ရှင်မ တယောက်ပါ၊နိုင်ငံရေးနားမလည်ပါဘူး၊ရှင် ထောက်လှမ်းရေးလို့ပြောတဲ့ လုပ်သားကောလိပ်၊မြန်မာစာဌာနက ဆရာကိုနေ၀င်းအောင်ရဲ့ ညီမအရင်းပါ။တောထဲမှာကျွန်မအစ်ကို သေပြီလို့တောင် ကြားခဲ့ရပြီးမှ ထောက်လှမ်းရေးလို့ စွပ်စွဲခံရပြီး နှိပ်စက်ခံခဲ့ရတာတွေ စွပ်စွဲနှိပ်စက်သူက ABSDF မှာတာဝန်အရှိဆုံးလို့ဆိုတဲ့ Dr နိုင်အောင်ဆိုတာ အခု ပါဂျောင်ရှင်းတမ်းမှာ ထပ်ကြားရသလိုမိုးသီးဇွန်နဲ့နိုင်အောင် နယ်လု၊အာဏာလုရာကနေဖြစ်တဲ့ နိုင်ငံရေးလှည့်ကွက်ကလိမ်ကကျစ်တွေထဲမှာ ဓားစာခံဖြစ်ပြီး စွပ်စွဲခံရတာလို့ တဆင့်စကားကြားခဲ့ရတယ်။ရှင် ဂျာနယ်စာမျက်နှာထက်မှာဝန်ခံသလို ထောက်လှမ်းရေးဆိုပြီးနှိပ်စက်၊ထောင်(၁၀)နှစ်ချ၊အချုပ်ထဲမှာ ကျွန်မအစ်ကိုနဲ့ ကိုစိုးလင်းအပါအ၀င် ထင်ကျော်၊မြင့်ဦး တို့ဟာဒီတခါ စခန်းတစ်ခုကတစ်ခု ပြောင်းရင်တော့ငါတို့ကို အသေသတ်ပြီး ထားခဲ့တော့မှာဆိုပြီး အချုပ်ခန်းဖောက်ထွက်ပြေးလို့လွတ်မြောက်ခဲ့ရတာပါ၊အချုပ်ထောင်ကျနေစဉ် ရှင်ကတော့ ဂျာနယ်စာမျက်နှာထက်မှာအကျဉ်းသားအခွင့်အရေးပေးခဲ့တယ်လို့ ရေးခဲ့ပါတယ်။ရှင်တို့ရဲ့ တောတွင်းအကျဉ်းခန်းမှာကျခဲ့ရတဲ့ ကျွန်မအစ်ကိုကတော့ သူ့ကိုနှိပ်စက်တာ၊သူများကိုနှိပ်စက်တာ၊တချို့မိန်းကလေးတွေကိုပြုကျင့်ဆက်ဆံခဲ့တာတွေကြောင့် တခါတလေ ချက်ချင်းသေသွားရင်ကောင်းမယ်လို့ ကိုယ့်ဘာသာကိုယ်တွေးမိတဲ့ အထိသွေးပျက်မတတ်ငရဲခန်းအနိဌာရုံတွေကို တွေ့ကြုံခံစားခဲ့ရပါတယ်တဲ့။ကျောင်းဆရာကို ရိုက်ဖူးတယ်ရှိအောင်ရိုက်ကြစမ်းကွာဆိုပြီး ကျောင်းသားငါးယောက်ကို ၀ိုင်းရိုက်ခိုင်းပြီး အပျင်းဖြေတာ ဘယ်သူပါလဲကိုနိုင်အောင် ၊ရှင်ရော Dr သောင်းထွန်းကရော တရားဥပဒေအရစစ်ဆေးခံရရင် အဲဒီအချိန်မှာ တာဝန်ရှိခဲ့တဲ့ စစ်ထောက်လှမ်းရေးတွေပါဝင်ဖြေရှင်းသင့်တယ် ပြောတာ ကျွန်မတို့က သိပ်ထောက်ခံတာပေါ့ရှင်၊ရှင်တို့ကကျွန်မအစ်ကို ကို တောထဲမှာ သမချင်သလို သမ နေခဲ့သလိုဘဲ ကျွန်မတို့ မိသားစု၊ဆွေမျိုးစုမှာ အဲဒီထောက်လှမ်းရေးတွေရဲ့စစ်ဆေးဖမ်းဆီးဒဏ်ကိုခံခဲ့ရတာပါ။ကျွန်မဆို အဲဒီချိန်က ဘိုကလေးမြို့ တိုင်းရင်းဆေးခန်းမှာတာဝန်ကျနေတဲ့ အစိုးရ၀န်ထမ်း တယောက်ပါ။ဆရာမကို ထောက်လှမ်းရေးဆွဲသွားတယ် ဆိုပြီးနာမည်ကိုကြီးလို့။မအူပင်ထောက်လှမ်းရေးတပ်ကိုခေါ်သွားပြီး အစစ်ခံခဲ့ရတာ အဲဒီချိန်က ကျွန်မကိုစစ်မေးရင် နင့်အကို သူပုန်ဆိုတာ ထပ်နေတာပဲ။ကျွန်မအစ်ကို ဘယ်မှာရှိနေလဲ။ဘာတွေလုပ်သလဲ။ဘယ်သူတွေနဲ့ ဆက်သွယ်လဲ ဆိုတာ အမျိုးမျိုး ခြိမ်းခြောက်စစ်မေးခံရတယ်။ကျွန်မတို့ရဲ့ အိမ်ထောင်ဦးစီး အစ်မကြီးကိုတော့ ရန်ကုန်အိမ်ကနေ နှစ်ညအိပ်သုံးရက်ခေါ်သွားပြီး အတော်အတန် နှိပ်စက် စစ်မေးခံရပါတယ်။အဲဒီစစ်ဆေးခံရတဲ့ ဒဏ်ကြောင့်မျက်လုံးတဖက် ဒဏ်ရာရပြီး ကွယ်လုနီးပါးဖြစ်သွားခဲ့ပါတယ်။ခြေထောက်နှစ်ဖက်မှာလည်း မျဉ်းလုံးနဲ့အလှိမ့်ခံထားရလို့အညိုအ မည်းစွဲပြီး ခုထိ အဆစ်အမြစ်တွေနာနေတုန်းပါ။ကျွန်မ အခုရေးပြနေတဲ့ နှိပ်စက်ခံရမှုကတော့ရှင်တို့ တောတွင်းဥပဒေနဲ့ စစ်ဆေးခံရပုံနဲ့မိုးနဲ့မြေကွာနေမှာပေါ့နော်။ရှင်တို့ ၀ိုင်းနှိပ်စက်လိုက်တဲ့ မီမီခိုင်ဆိုတဲ့ မိန်းကလေး ဘယ်လိုဖြစ်ခဲ့ရတယ်ဆိုတာ တောတွင်းမှာလဲ လူ့အခွင့်အရေးပေးခဲ့ပါတယ် ဆိုတဲ့ ရှင်တို့အသိဆုံးပါဘဲ။စစ်ထောက်လှမ်းရေးက အဲဒီအချိန်မှာ ကျွန်မအစ်ကို ကိုအသေရရ အရှင်ရရ ဖမ်းချင်တယ်ဆိုတာ သူတို့အချင်းချင်းပြောဆိုမှုတွေအရ ကျွန်မတို့ကို စစ်ဆေးမှုတွေအရ သိခဲ့ရတာပါ။ဒါပေမဲ့ ကျွန်မအစ်မကိုရော ကျွန်မ(အဲဒီတုန်းကအပျိုပါ) ကိုပါ မုဒိမ်းလဲမကျင့်ပါဘူး၊မီမီခိုင်လိုဆေးလိပ်မီးနဲ့ အထိုးခံရတဲ့ ဒဏ်ရာ၊ရင်သား၊ဆီးစပ်တွေမှာ မရှိပါဘူး။ကျွန်မတို့ ၀န်ခံထွက်ဆိုထားချက်တွေကို လက်မှတ်ထိုးခိုင်းထားတာ သူတို့ဆီမှာရှိနေမှာပါ။ဒါကြောင့် အဲဒီအချိန်က ထောက်လှမ်းရေးတွေကိုလည်းကျွန်မတို့အစ်ကို ထောက်လှမ်းရေးဟုတ်မဟုတ် အစစ်ခံစေချင်တယ်ဆိုတဲ့ရှင်တို့စကားကို သိပ်ထောက်ခံပါတယ်ရှင်။အဲဒီအချိန် ပုဇွန်တောင်မြို့နယ်မှာတာဝန်ကျပြီး ကျွန်မတို့ ဆွေမျိုးတစ်စုကို ဒုက္ခတွေပေးခဲ့တဲ့ ထောက်လှမ်းရေးတွေပါ ပါဝင်သင့်တယ်။ကိုယ်လုပ်ခဲ့တဲ့ အမှားကို ၀န်ခံလိုက်စမ်းပါ။ယောက်ျားတွေပဲ။အဲဒီအချိန်တုန်းကမှားခဲ့ပါတယ်လို့သတ္တိရှိရှိ ၀န်မခံဘဲ ခုချိန်ထိ ကလိန်ကကျစ် နိုင်ငံရေးလုပ်စားဖို့ကြိုးစားနေတုန်းပါလား။နိုင်ငံရေးအပေါ်ဆက်ပြီးအမြတ်ထုတ်နိုင်ဖို့ ကြိုးစားနေသေးတယ်နော်။ABSDF(မြောက်ပိုင်း)က အုံနဲ့သင်းနဲ့ အဖြစ်မှန်တွေကို အထုပ်ဖြေပြသွားပြီဖြစ်လို့ ရှင်ဘယ်လိုမှ ငြင်းလို့မရနိုင်ဘူးလေ။အဲဒီတော့ ကိုစိုးလင်းနဲ့ကိုနေ၀င်းအောင် တို့ကတော့ ABSDF (တောင်ပိုင်း)ထောက်လှမ်းရေးတွေပါလို့ မိုးကြိုးကို ထန်းလက်နဲ့ကာလိုက်ပြန်တာပေါ့။ရယ်စရာကြီးပေါ့။ရယ်စရာကြီးပါ။ကိုနိုင်အောင် မရှက်တတ်ဘူးလား။ငါတို့သေအောင်နှိပ်စက်တာ မသေလို့ ကျန်နေတဲ့ ဒီကောင်တွေ ပြန်မဖြေရှင်းရဲလောက်ဘူးထင်ပြီး မီဒီယာ စာမျက်နှာထက်တင်လိုက်ကြတာပေါ့လေ။ဟုတ်ပါတယ်၊တကယ်လဲ ကျွန်မအစ်ကိုဟာ နိုင်ငံရေးကိုစိတ်ကုန်သွားပါတယ်။စိတ်ဒဏ်ရာ၊ကိုယ်ဒဏ်ရာတွေနဲ့ ည-ည ဆို ထ-ထ လန့်အော်ပြီး ပြန်မအိပ်နိုင်တော့အောင် စိတ်ဒဏ်ရာတွေရသွားခဲ့ပါတယ်။ဒါပေမဲ့ ကိုယ့်သမိုင်းကိုယ်ရှင်းရမယ်။အမှန်တရား ပေါ်စေရမယ်ဆိုပြီးသူတို့လဲသူတို့နည်းနဲ့ သူတို့ဖြေရှင်းပါလိမ့်မယ်။ကျွန်မကတော့ ရှင်တို့ဂျာနယ်အစောင်စောင်မှာပြောသလို စစ်မှန်တဲ့ တရားဥပဒေရှိရင် ဖြေရှင်းမှာပါဆိုတာရယ်၊စစ်ထောက်လှမ်းရေးတွေပါ ပါဝင်ဖြေရှင်းသင့်တယ်ဆိုတာရယ်ကို ကြိုဆိုထောက်ခံမျော်လင့်နေပါတယ်။တောတွင်းကနေ တော်လှန်ရေးလုပ်မယ်ဆိုပြီး တောခိုသွားမှ ရှင်တို့ရဲ့ နိုင်ငံရေးလှည့်ကွက်တွေထဲမှာ ရက်ရက်စက်စက်အသတ်ခံသွားရတဲ့ကိုထွန်းအောင်ကျော်၊ကိုချိုကြီး၊ဦးစိန် တို့လိုလူတွေ အသက်မသေပေမဲ့ ဒီနိုင်ငံထဲမှာဘဲ ဘ၀ပျက်နေခဲ့သူတွေ၊စစ်အစိုးရကိုလဲကြောက်၊ရှင်တို့လိုက်သတ်မှာလဲ ကြောက်ပြီး ကိုယ့်တိုင်းပြည်မဟုတ်တဲ့ဆီ ပြေးပြီး မသေအောင်ရုန်းကန်နေသူတွေကိုနိုင်ငံရေးသတ်ခဲ့ပြီးတာတောင်အားမရနိုင်သေးဘူးလား။စစ်အစိုးရ ထောက်လှမ်းရေးတွေက ခြိမ်းခြောက်စစ်မေးတာတောင်ကျွန်မ တုန်နေအောင်ကြောက်ခဲ့ရပါတယ်။ကျွန်မ အစ်ကိုအပါအ၀င် ရှင်တို့နှိပ်စက်ခံခဲ့ရသူတွေဟာ သူတို့အသားနာ မခံနိုင်လွန်းလို့အသက်မသေဖို့အတွက် ရှင်တို့ဖြစ်စေချင်သလို ၀န်ခံထွက်ဆိုခဲ့ရတာ အဲဒီအချိန်က ရှင်တို့ကိုထောက်ပံ့ပေးနေတဲ့အဖွဲ့အစည်းတွေကိုပြနိုင်ဖို့ NGO တွေ၊သံရုံးတွေ၊နိုင်ငံခြားသတင်းဌာနကလူတွေကိုခေါ်ပြီး ၀န်ခံခိုင်းတဲ့အတိုင်း ရှင်တို့စိတ်တိုင်းကျ ဇာတ်လမ်းတွေ တ ခိုင်လုံတဲ့ အထောက်အထားတွေနဲ့ ထောက်လှမ်းရေးတွေပါလို့ သက်သေပြနိုင်တယ်တဲ့လား? ABSDF(မြောက်ပိုင်း)က တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာပါဂျောင်သတ်ဖြတ်ပွဲ အကြောင်း ရှင်းတမ်းလုပ်တုန်းကမီဒီယာတွေလဲတွေ့ခဲ့မြင်ခဲ့၊ကြားခဲ့ ရပါတယ်။လူတယောက်ရဲ့ ဂုဏ်သိက္ခာမရှိအောင် ကိုယ့်သေးကိုယ်ပြန်သောက်ရ၊ခြေထောက်နှစ်ဖက်ကြိုးတုတ်၊လက်ပြန်ကြိုးတုတ်ပြီးထမင်းကိုခွေးကျွေးသလို ကျွေးဆိုတဲ့ လူမဆန်တဲ့ ရက်စက်နှိပ်စက်မှုတွေကနေ လွတ်မြောက်လာကြတဲ့ ABSDF (မြောက်ပိုင်း)အုပ်စု၊ABSDF(တောင်ပိုင်း)က မိန်းကလေး တယောက်တောင်တွေ့ပါတယ်။ဘယ်သူတွေဟာ ကားအကောင်းစားကြီးစီးပြီးချမ်းသာတောက်ပြောင်နေသူပါ ပါသလဲ။သူတို့ကိုကြည့်လိုက်တာနဲ့ ဘ၀ပျက်ခဲ့ကြတာ၊စွန့်လွှတ်ခဲ့ကြတာ၊နွမ်းပါးနေခဲ့ကြတာ အသိသာကြီးပါ။ရှင်တို့လက်ထဲကလွတ်အောင်ပြေးခဲ့တဲ့ ကိုစိုးလင်းရဲ့ ဇနီးဆရာဝန်မ မှာရောဂါကြီးဖြစ်နေတာ ဆေးကုဖို့တောင်အနိုင်နိုင်ပါ။ကျွန်မ အစ်ကို ကိုနေ၀င်းအောင်ဆို မနက်(၆)နာရီကနေ ည(၆)နာရီထိ ဆူရှီလိပ်မှ ထမင်းနပ်မှန်ပါတယ်။Dr နိုင်အောင်လို အဖွဲ့အစည်းတွေကထောက်ပံ့တဲ့ ဒေါ်လာတွေနဲ့ ကျည်ကာ ကားဝယ်မစီးနိုင်ပါဘူး။မဲဆောက်မှာ အိမ်နှစ်လုံး မရှိပါဘူး။ဘန်ကောက်မှာလဲ နေဖို့အိမ်မရှိပါဘူး။ရှင်တို့ကျတော့ မြန်မာပြည်ထဲမှာ ဒီမိုကရေစီလဲရလာချိန်၊ပြည်ပကနေဘဲနိုင်ငံရေးဆက်လုပ်နေရင် ရှင်တို့တောင်စားနေကျ အဖွဲ့အစည်းတွေကမထောက်ပံ့တော့ဘူး၊မြန်မာပြည်ထဲ ပြန်ဝင်မှ ထောက်ပံ့ငွေရမယ်ဆိုလို့ဒေါ်လာ ဆက်စားနိုင်အောင် ၀န်ကြီးတွေနဲ့ လက်ဝါးချင်းရိုက်ပြီး ပြန်ဝင်လာရုံသာမက နိုင်ငံရေး သူရဲကောင်း တောင်လုပ်လိုက်ချင်သေးတယ်။ပါလတရားဆိုတာ မနေပါဘူး။အခုတောင် ရှင်တို့ ရက်ရက်စက်စက်သတ်ခဲ့တဲ့ ကိုထွန်းအောင်ကျော် တို့ တတွေရဲ့ အရိုးက တွန်နေပါပြီ။ ————- update 24.may 2013 he says he has documents??? http://www.youtube.com/watch?v=tjumagTcmds&feature=player_embedded 2015 january တချို့  …….ငါ့ စကား နွားရပြောပါတယ် နွားတွေရဖို့  နွားလို ပြောတဲ့စကားလို့ ပဲ မှတ်ပါတယ် ဒါပေမဲ့ ဒီ comment မျိုးလဲ ရှိနေပါတယ် Aung Myint Tun အဓိကတာဝန်ရှိတဲ့ မန္တလေးကိုအောင်နိုင်တော့ တခါမှမကြုံသေးဘူး။ ကိုသံခဲနဲ့ မန္တလေးမှာတွေ့တုန်းကလည်း လက်ရှိ ABSDF အနေနဲ့ ဒီကိစ္စကို ဖြေရှင်းပေးဖို့ ပြောခဲ့ပါသေးတယ်။ ABSDF အနေနဲ့ပြည်တွင်းနိုင်ငံရေးလမ်းကြောင်းပေါ်ဆက်လျောက်ဖို့ ဒီကိစ္စကိုမှန်မှန်ကန်ကန်ဖြေရှင်းပေးဖို့လိုတယ်ဆိုတာသတိပေးခဲ့ပါတယ်။ ABSDF အနေနဲ့ အဖြစ်မှန်ကိုဖေါ်ထုတ်ပီး မှန်မှန်ကန်ကန် တာဝန်ရှိတဲ့သူတွေကိုအရေးယူလိုက်မှ ပြည်သူကအဖွဲ့အစည်းအပေါ်မှာ အမြင်ရှင်းသွားလိမ့်မယ်လို့ပြောခဲ့ပါတယ်။ အဲ့ဒီကိစ္စမဖြေရှင်းပေးရင် အဲ့ဒီအမည်းစက်ဟာ အဖွဲ့အစည်းရဲ့တာဝန် ဖြစ်နေမှာပါ။ အကိုကြီးကိုထွန်းအောင်ကျော် မြောက်ပိုင်းကို မသွားခင်အိမ်မှာတညအိပ်သွားတုန်းက ပြောသွားတဲ့စကားလေးကိုမျှဝေပေးချင်ပါတယ်။ ” ငါ့ကိုငါမပိုင်တော့ဘူး။ ငါ့ကိုပြည်သူတွေပိုင်သွားပီ။ငါဆက်တိုက်ပွဲဝင်ရမယ်။ငါသွားတော့မယ် ” ။ အဲ့ဒီလိုပြောပီး သူထွက်သွားခဲ့တာပါ။ ……………..တဲ့ အမှာအယွင်းကင်း ရာနှုန်းပြည့် မှန်တဲ့ အဖွဲ့ အစည်း နဲ့  လူတွေအဖြစ် ဖြစ်ချင်ကြတဲ့ သမိုင်းလေးလှအောင် တသသ လုပ်နေတဲ့ လူတွေအတွက်ပါ အမေရာ ….. အမေ့ အကောင့် ဘယ်လက်ခံ ရဲမှာလဲ သူ့  အကောတွေ ပေါ်မှာက ရှိသေးတာကိုး ……ဆိုတဲ့ အကောင့်ကို လက်ခံလိုက်ပြီ တစ်မိသားစုလုံး friend ဖြစ်ပြီ ဟေ့ ! ဘယ်အချိန် ရှိပြီလဲ ဒါပဲ လုပ်နေတော့မှာလား ထမင်းစားမယ် …. လို့  Chat လို့  ရပြီ
Reblogged this on democracy for burma and commented:
THE GOOD ARE NOT ALWAYS GOOD- ABSDF KILLERS HAVE OWN DEFINITION FOR DEMOCRACY