ATTENTION!! KACHIN WAR: Burmese army used Chemical Weapons against KIA-video

Wednesday, January 30, 2013 by KNG News

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် အစိုးရတပ်များတင်းမာသည့် နယ်မြေ မရမ်း (Mayan) ကျေးရွာတွင် လက်နက်ကြီးကျည် ရွာတွင်းသို့ကျရောက် ပေါက်ကွဲသဖြင့် ဒေသခံ ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိသွားခဲ့သည်။
ယမန်နေ့ည ၇ နာရီကျော်ခန့်တွင် မည်သည့်တပ်ဖွဲ့မှ ပစ်လိုက်သည်မသိသော လက်နက်ကြီးသည် မရမ်း (Mayan) ကျေးရွာ ရပ်ကွက် (၆) ရှိ ဒေသခံ ဂျန်မော် (Jangmaw) မိသားစု နေအိမ်တွင်းသို့ ကျရောက်ပေါက်ကွဲကာ မိခင်နှင့်သားသည် ပွဲချင်းပြီးသေဆုံးခဲ့ပြီး မိသားစုဝင် ၃ ဦးဒဏ်ရာရသွားခဲ့ခြင်းဖြစ်ကြောင်း မရမ်း ဒေသခံတစ်ဦးက KNG ကချင်သတင်းဌာနသို့ ပြောသည်။

“သေသွားတဲ့ မိခင်က နှခေါင်းကနေ ကျည်ဆံဝင်ပြီး ခေါင်းအနောက်ကနေ ပွင့်ထွက်သွားတာ။ ကလေးက ခေါင်မှာထိပြီး ဦးနောက်တွေပါထွက်ပြီး သူတို့နှစ်ယောက်က ချက်ချင်းသေသွားတယ်။ ဒဏ်ရာရတဲ့ အဖိုးကတော့ ညာဖက်ခြေထောက်နဲ့ဖင်မှာ သေနတ်ထိတယ်။ သေသွားတဲ့သူရဲ့ အမျိုးသားက ညာဖက်ခြေထောက်နဲ့ လက်ညှိးနဲ့ ၂ ချောင်းလား ပျက်သွားတာဟုတ်တယ်။ ပြီးတော့ နောက်ကြောတွေမှာ ကျည်ဆံတွေ ထိသွားတယ်။ အငယ်ဆုံးကလေးက ဘယ်ဖက်ခြေထောက်မှာထိတယ်။” ဟု မျက်မြင်ဒေသခံတစ်ဦးပြောခြင်းဖြစ်သည်။

အဆိုပါသေဆုံးသူများသည် မိခင်ဖြစ်သူ ဒေါ်လဘရမ် နန်ဘူ (အသက် ၂၇ နှစ်) နှင့် သားဖြစ်သူ မောင်ဂျန်မော်ဂမ်ရော့ (အသက် ၈ နှစ်) တို့ဖြစ်ပြီး ဒာဏ်ရာရရှိသူများသည် သေဆုံးသူ၏ အမျိုးသား ၃၆ နှစ်ရှိသော ဦးဂျန်မော်အောင်နူး၊ သားဖြစ်သူ ၂ နှစ်သား မောင် ဂျန်မော် လဆမ်နှင့် အသက် ၉၀ အရွယ်ရှိသော ယောက္ခထီးဖြစ်သူ ဦးဂျန်မော်ဒွဲ တို့ဖြစ်သည်။

၎င်းဒဏ်ရာရရှိသူ ၃ ဦးကို ယခုချိန် မြစ်ကြီးနားဆေးရုံသို့ပိုဆောင်ခဲ့ပြီး ဆေးကုသခံယူနေပြီဖြစ်ကြောင်း သိရသည်။

လတ်တလော အခြေအနေအရ မရမ်းကျေးရွာ ဒေသတွင်ရှိသော အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကြား နှစ်ဖက်တိုက်ပွဲသံများမကြားရသော်လည်း အဆိုပါ မရမ်းကျေးရွာအနီးတွင် အစိုးရစစ်တပ်၏ အမြောက်တပ် (အမတ ၃၇၂)နှင့် ခြေလျင်တပ် (ခလရ ၂၆၀)တို့ တပ်ချထားကာ ကျေးရွာအတွင်းသို့ ယခုလို မကြာခန ပစ်ခတ်လေ့ရှိသောကြောင့် ဒေသခံများက အစိုးရတပ်ဖြစ်နိုင်သည်ဟု ခန့်မှန်းပြောဆိုသည်။

“ဘာဖြစ်လို့ပစ်တာလဲတော့ မသိဘူး။ သူများကလည်း အစိုးရတပ်တွေရှိတဲ့ နေရာဘက်ကနေ ပစ်နေကြတာလို့ပြောတယ်။ အရင်ကလည်း တခါတလေတော့ပစ်တယ်။ ဒါပေမဲ့ ဘာမှမဖြစ်ဘူးလေနော်။ မနေ့ညတော့ လက်နက်ကြီးနဲ့ပစ်တယ်။ ၈ ကြိမ်လောက်ပစ်တယ်။” ဟု ဒေသခံတစ်ဦးကပြောသည်။
အဆိုပါ လက်နက်ကြီးပစ်ခတ်မှုနှင့်ပတ်သက်၍ ကဆုန့် (Kasung) အခြေစိုက် KIA တပ်ရင်း (၁၁) သို့ဆက်သွယ်မေးမြန်းကြည့်ရာ ၎င်းတို့ဘက်မှ ပစ်ခတ်ခြင်းမပြုလုပ်ကြောင်း ငြင်းဆိုခဲ့ပြီး မရမ်းနယ်မြေခံအစိုးရတာဝန်ရှိသူများဖက်ကလည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) လက်ချက်ဖြစ်သည်ဟု စွပ်စွဲပြောဆိုနေကြသော်လည်း မည်သည့်တပ်မှပစ်လိုက်သည်ကို တိကျသောသက်သေ အထောက်အထားဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပေ။

လွန်ခဲ့သည့်နှစ်အတွင်း မိုးကောင်းမြို့နယ် နမ္မတီး နှင့် မရမ်းကျေးရွာကြားရှိ ရထားလမ်းတွင် ဗုံးပေါက်ကွဲမှုများ ရှိခဲ့သော်လည်း ဒေသခံများကို ထိခိုက်ခြင်းမရှိခဲ့ကြောင်းသိရသည်။

သို့သော် ယမန်နေ့ ရွာတွင်းသို့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲမှုသည် မရမ်း (Mayan) ကျေးရွာနှင့် ဒေသခံလူထုများအား စိုးရိမ်ထိန့်လန့်စေခဲ့ကြောင်း ဒေသခံများပြောသည်။

( ညာခြေထောက်နဲံ ညာလက် ဒဏ်ရာရရှိသွားတဲ့ ဦးဂျန်မော် အောင်နူး ( photo )

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s