ministry of information.gov.mm/news/local-news 20.january

ကေအိုင်အေအဖွဲ့က ဖားကန့်နယ်မြေရှိ ရတနာတောင်တန်း ကုမ္ပဏီအား မီးရှို့ဖျက်ဆီး

နေပြည်တော် ဇန်နဝါရီ ၂၈

ကေအိုင်အေ အဖွဲ့သည် ယနေ့ နံနက် ၁ နာရီခွဲခန့်တွင် ဖားကန့် မြို့နယ် ဖားပြင်ကျေးရွာအနီး ရတနာ တောင်တန်း ကုမ္ပဏီအား မီးရှို့ ဖျက်ဆီးခဲ့သဖြင့် ကုမ္ပဏီအတွင်းရှိ ဝန်ထမ်းနှစ်ထပ် အိပ်ဆောင် တစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း ဒေသခံပြည်သူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍  မီးငြိမ်း သတ်မှု ကြောင့် နံနက် ၃ နာရီခန့်တွင် မီးငြိမ်းသွား ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

http://www.ministryofinformation.gov.mm/index.php/news/local-news/2151-2013-01-29-04-03-11.html

29-1

LAD PADAUNG COPPER MINING PROTEST NEWS 29.JANUARY-VIDEOS

“ယနေ့(29-1-2013)နေ့ညနေပိုင်း လက်ပန်းတောင်းတောင်အရေးအခင်း သပိတ်စခန်း ရက်စက်ယုတ်မာစွာဖြင့် ဖြိုခွင်းခဲ့သော (၂)လပြည့်အထိမ်း အမှတ် ဆန္ဒထုတ်ဖော်ပွဲသို့ သတင်းရယူနေသော သတင်းထောက်များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ခြိမ်းခြောက်၍ ဓာတ်ပုံမရိုက်ရန် ဟန့်တာ…းခဲ့ဟုဆို”
“သတင်းရယူတဲ့ သတင်းထောက်တွေကို ရဲတွေက မျက်နှာရှေ့တည့်တည့် ကနေပြီး ဓာတ်ပုံရိုက်ပါတယ်။ဗွီဒီယိုရိုက်ပါတယ်။ နောက်ကနေပြီးအခုလို ဆောင်ရွက်ရန် ညွန်ကြားတဲ့ရဲက လက်ကိုင်လော်စပီကာနဲ့ အော်ဟစ်ပြီး အမိန့်ပေးခဲ့ပါတယ်။ရဲတွေက အခုလိုလုပ်တာဟာ နိုင်ငံတော်သမ္မတ သိန်းစိန် ရဲ့ ခေါင်းကို ငယ်ပါနဲ့ တက်ထိုးတာနဲ့တူပါတယ်။
ငါချီးလည်းစားသေး ငါ့လည်းဟောင်သေး ဆိုတဲ့ခွေးထက်ကို ဆိုးပါတယ်။ ကျေးဇူးကန်းတဲ့ခေွးမိုက်လို့ ပြောရမှာတောင် ကျေးဇူးကန်းတဲ့ခွေးမိုက် သိက္ခာ ကျမှာပါ။ ပြည်သူကပေးတဲ့ လစာတွေစားပြီး ပြည်သူတွေကို စော်ကားနေ တာပါ။ ကျွန်တော်တို့ မီဒီယာသမားကလည်း ပြည်သူထဲက ပြည်သူပါဘဲ။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ အခုလိုလုပ်ရပ်တွေမျိုးတာဆက်လုပ်နေမယ်ဆိုရင်
သမ္မတကြီးလက်နဲ့ရေး ရဲကခြေနဲ့ဖျက်ဆိုတဲ့ ကိန်းဆိုက်နေပါပြီ။ သမ္မတကြီး လည်း ဘာမှအဆင့်မရှိဘူး ငါတို့ရဲတွေ လုပ်ချင်တာလုပ်မယ် ဆိုတဲ့သဘော ကိုဆောင်နေတယ်။ နိုင်ငံတော်ရှေ့ဆက်သွားမဲ့လမ်းက ရဲဖျက်လို့ ပျက်မှာ ပါ ။” သတင်းတက်ရောက်ယူတဲ့ သတင်းသမားတစ်ဦးကဆိုပါတယ်။

မီဒီယာတွေကို ဗွီဒီယိုကင်မရာနဲ့ ရိုက်ကူးနေစဉ်ပုံ။

388663_254207134711616_74699228_n

HOT NEWS : ပြည်ခိုင်ဖြိုးပါတီ မှ ပညာရှင် ၂ ဦး၏ ကမ္ဘာကျော် အဆိုအမိန့်များ

source  thein win 29.january

 

428236_10200458611856748_2123087775_n

((( ရယ်စရာ မဟုတ်ပါ )))

ပြည်ခိုင်ဖြိုးပါတီ မှ ပညာရှင် ၂ ဦး၏ ကမ္ဘာကျော် အဆိုအမိန့်များ

“လယ်သမားများ ထမင်းတစ်နပ်လျှော့စားပါ”
ဦးမြင့်လှိုင်-လယ်ဆယ် ၀န်ကြီး
————————————————————————–
“အမေရိကန် တို့ ကုလသမဂ္ဂတို့က လူသားချင်း စာနာထောက်ထားတာတွေ ဘာ တွေနဲ့တိုက်ပွဲမှာ တိုက်လေယာဉ် မသုံးသင့်ဘူးလေးဘာလေး ပြော ကြတယ်။တိုက်လေယာဉ်ဝယ် ထားပါတယ်ဆိုမှ စစ်တိုက်ဖို့ဝယ် မှာပေါ့။စစ်တိုက်စရာမရှိရင် လူ တင်လေယာဉ်တွေပဲဝယ်ပြီး ပိုက် ဆံရှာမှာပေါ့”
ဦးအောင်သိန်းလင်း-
( ပြည်သူ့လွှတ်တော်ပြုပြင်ပြောင်းလဲ ရေးနှင့်ခေတ်မီဖွံ့ဖြိုးမှုစီစစ်ရေး ကော်မတီဥက္ကဋ္ဌ )

———————————————————————————————-
ကချင်တိုက်ပွဲတွင်း တိုက်လေယာဉ်အသုံးပြုခြင်းနှင့် ပတ်သက်၍အမေရိကန်၏ပြောဆိုမှုကအဓိပ္ပာယ်မရှိကြောင်းဦးအောင်သိန်းလင်းပြော
January 29, 2013

မြန်မာအစိုးရတပ်မတော်နှင့် KIA,KIO တို့ကြား ဖြစ်ပွားလျက် ရှိသော တိုက်ပွဲများအတွင်း မြန်မာ့ တပ်မတော်ဘက်မှ တိုက်လေယာဉ် များအသုံးပြုထိုးစစ်ဆင်ခဲ့ခြင်းအား အမေရိကန်အစိုးရနှင့်ကုလသမဂ္ဂ တို့မှ အသုံးမပြုသင့်ကြောင်း ဝေဖန်ပြောဆိုခဲ့ခြင်းမှာ အဓိပ္ပာယ် လုံးဝမရှိကြောင်းနှင့်ပြည်တွင်းရေး ကို ၀င်စွက်ဖက်ခြင်းသာဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ပြုပြင်ပြောင်းလဲ ရေးနှင့်ခေတ်မီဖွံ့ဖြိုးမှုစီစစ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်သိန်း လင်းက Hot News သတင်း ထောက်နှင့်တွေ့ဆုံစဉ်ပြောကြား သွားခဲ့သည်။

““ဒီ KIA,KIO ကြောင့် ကျွန်တော်တို့တပ်မတော်သားတွေ အများကြီးသေခဲ့ရပြီးပြီ ပြီးတော့ ဒေသခံပြည်သူတွေခများမှာလည်း အိုးမဲ့အိမ်မဲ့တွေဖြစ်နေပြီဒီလိုမျိုး အနေအထားမှာ မြန်မာ့တပ်မ တော်က တိုက်လေယာဉ်သုံးပြီး ထိုးစစ်ဆင်တယ်။ဒါကို အမေရိကန် တို့ ကုလသမဂ္ဂတို့က လူသားချင်း စာနာထောက်ထားတာတွေ ဘာ တွေနဲ့တိုက်ပွဲမှာ တိုက်လေယာဉ် မသုံးသင့်ဘူးလေးဘာလေး ပြော ကြတယ်။တိုက်လေယာဉ်ဝယ် ထားပါတယ်ဆိုမှ စစ်တိုက်ဖို့ဝယ် မှာပေါ့။စစ်တိုက်စရာမရှိရင် လူ တင်လေယာဉ်တွေပဲဝယ်ပြီး ပိုက် ဆံရှာမှာပေါ့ ပြောရရင် KIA, KIO ကိစ္စတပ်မတော်ဘက်က တိုက်လေယာဉ်သုံးတာနဲ့ပတ်သက် ပြီး အနောက်နိုင်ငံတွေနဲ့ကုလသမဂ္ဂရဲ့ဝေဖန်ချက်ကလုံးဝအဓိပ္ပာယ်မရှိဘူး””ဟု ဦးအောင်သိန်းလင်းမှ Hot News သတင်းထောက်နှင့် တွေ့ဆုံစဉ်ပြောကြားသွားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေး ဌာနမှ ကချင်အရေးနှင့်ပတ်သက် သော ထုတ်ပြန်ချက်၌လည်း တိုက် ပွဲများကြောင့် အမေရိကန်ပြည် ထောင်စုက အလွန်ပင်စိုးရိမ်မိ ကြောင်း၊မြန်မာ့တပ်မတော်မှ လိုင်ဇာအနီးဝန်းကျင်ကို စစ်ရေး အရ ဆက်လက်ထိုးစစ်ဆင်နေ ကြောင်း အမျိုးသားပြန်လည်သင့် မြတ်ရေးကိုထိခိုက်စေပြီး အရပ် သားများသေကြေမှုကိုဖြစ်စေကာ တိုက်ခိုက်မှုများဆက်လက်ဖြစ်ပွာ နေခြင်းအား အမေရိကန်ပြည် ထောင်စုမှပြင်းထန်စွာကန့်ကွက် ပါကြောင်း ဇန်န၀ါရီ ၂၄ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး မြန်မာ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှလည်း “အမေရိကန်၏ထုတ်ပြန် ချက်၌ KIA ဘက်မှကျူးလွန်သည် များအား ဖော်ပြခြင်းမရှိဘဲ အစိုး ရနှင့်တပ်မတော်ကသာ တိုက်ခိုက် နေသည့် သဖွယ်ဖော်ပြထားသည် အား ပြင်းထန်စွာကန့်ကွက်ပယ်” ချပါကြောင်း ထုတ်ပြန်ခဲ့သည်။
(ခန့်ခန့်-ဒဿနိက/Hot News

Debt Relief Package for Myanmar Unusually Generous -ipsnews

WASHINGTON, Jan 28 2013 (IPS) – Nearly 20 of the world’s largest creditor countries have announced that they would be cutting nearly half of Myanmar’s total foreign debt, worth some six billion dollars.

Those countries, which include the United States, United Kingdom and several members of the European Union, are part of the Paris Club, a group of 19 of the world’s largest donors. On Monday, the group stated that its members were aware of Myanmar’s “exceptional situation” and had agreed to a 50-percent cancellation of arrears and a seven-year grace period for the remainder.

On the sidelines, Norway and Japan came to separate agreements to cancel additional debts amounting to around four billion dollars. President Thein Sein, who has overseen more than two years of contested political and economic reforms in Myanmar, had reportedly made debt relief a priority for his administration.

http://www.ipsnews.net/2013/01/debt-relief-package-for-myanmar-unusually-generous/

Minister U Aung Min give a hint on Daw Aung San Suu Kyi-ENGLISH-BURMESE

Minister U Aung Min give a hint on Daw Aung San Suu Kyi

Daw Aung San Suu Kyi could involve in Peace process as the President of Myanmar already invited her to participate in finding solutions to achieve peace in Burma.

“အမကြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ဝိုင်းကူ ပေးပါလို့ သမ္မတကြီးကလည်း ပြောထားပြီးသားပါ။ သူ့အနေနဲ့ ကူချင်တဲ့ အခန်း ကဏ္ဍကနေ ဝင်ကူလို့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ်ထားပြီးသားပါ။ သူပါလာရင် ကျွန်တော်တို့က ဝမ်းသာပါတယ်။ တစ်နေ့ပါဝင်လာမှာ ဖြစ်ပါတယ်။ သူနဲ့ကျွန်တော်တို့ နီးနီးကပ်ကပ် ဆောင်ရွက်ပါတယ်။ သူကိုလည်း ကျေးဇူးတင်ပါတယ်။ သူ့ကိုကြည့်ရတာ ပင်လည်းပင်ပန်းပါတယ်။ လက်ပံတောင်းတောင် ကိစ္စလည်း သူကကိုင်ထား။ သူ့ပါတီ ညီလာခံကြီးလည်း လုပ်အုံးမယ်။ ဘာပဲဖြစ်ဖြစ် တစ်နေ့နေ့ တချိန်ချိန်တော့ ပါလာမှာ ဖြစ်တယ်လို့ ပြောချင်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဆက်လက် ပြောကြားခဲ့ပါသည်။

———————————–

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ အရပ်ဘက် အဖွဲ့အစည်းများနဲ့ တွေ့ဆုံ

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခ အပါအဝင် ပြည်တွင်းငြိမ်းချမ်ရေး လုပ်ငန်းစဉ်များတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် ကူညီနိုင်ကြောင်းနှင့် အရပ်ဘက် အဖွဲ့အစည်းများ ပါဝင်ရန် လိုအပ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့က ပြောကြားခဲ့သည်။

ဇန်နဝါရီလ ၂၇ ရက်က ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ရွှေလီလမ်းရှိ မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန (Myanmar Peace Center) တွင် အရပ်ဘက် အဖွဲ့အစည်း ၄၆ ဖွဲ့နှင့် ပြည်ထောင်စုငြိမ်းချမ်ရေး ဖော်ဆောင်ရေးအဖွဲ့တို့ တွေ့ဆုံစဉ် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသည် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ပြည်တွင်း အရပ်ဘက် အဖွဲ့အစည်းများ Myanmar Peace Center တွင် ပထမ ဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်ပြီး အရပ်ဘက် အဖွဲ့အစည်းများ အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် Myanmar Peace Center နှင့် ပူးပေါင်း ဆောင်ရွက်ရန် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့က ဖိတ်ခေါ်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက “နိုင်ငံတော်သမ္မတကြီးနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ တွေ့ဆုံအပြီးမှာ သက်ဆိုင်ရာ ကဏ္ဍအလိုက် သက်ဆိုင်ရာ ဝန်ကြီးတွေက ဒီအဖွဲ့တွေနဲ့ အသေးစိတ် တွေ့ဆုံရင် ပိုကောင်းတယ်လို့ သမ္မတကြီးက လမ်းညွှန်ခဲ့ပါတယ်။ ကျွန်တော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဖော်ဆောင်တဲ့အခါ၊ နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်ဆောင်တဲ့အခါ ဘယ်သူမှားတယ် မှန်တယ်ဆိုတာကို ဆုံးဖြတ်ဖို့ ဒိုင်အဖွဲ့တွေ လိုပါတယ်။ အဲဒီဒိုင်အဖွဲ့ဆိုတာက ပြည်သူကို ကိုယ်စားပြုတဲ့ NGO တွေ လိုပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်တဲ့အခါ အားလုံး ဝိုင်းဝန်းလုပ်ဆောင်ဖို့ လိုပါပြီ။ NGO တွေ အရေးကြီးတဲ့ အခန်းကဏ္ဍကို ရောက်လာပါပြီ” ဟု ပြောကြားခဲ့သည်။

“အမကြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ဝိုင်းကူ ပေးပါလို့ သမ္မတကြီးကလည်း ပြောထားပြီးသားပါ။ သူ့အနေနဲ့ ကူချင်တဲ့ အခန်း ကဏ္ဍကနေ ဝင်ကူလို့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ်ထားပြီးသားပါ။ သူပါလာရင် ကျွန်တော်တို့က ဝမ်းသာပါတယ်။ တစ်နေ့ပါဝင်လာမှာ ဖြစ်ပါတယ်။ သူနဲ့ကျွန်တော်တို့ နီးနီးကပ်ကပ် ဆောင်ရွက်ပါတယ်။ သူကိုလည်း ကျေးဇူးတင်ပါတယ်။ သူ့ကိုကြည့်ရတာ ပင်လည်းပင်ပန်းပါတယ်။ လက်ပံတောင်းတောင် ကိစ္စလည်း သူကကိုင်ထား။ သူ့ပါတီ ညီလာခံကြီးလည်း လုပ်အုံးမယ်။ ဘာပဲဖြစ်ဖြစ် တစ်နေ့နေ့ တချိန်ချိန်တော့ ပါလာမှာ ဖြစ်တယ်လို့ ပြောချင်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဆက်လက် ပြောကြားခဲ့ပါသည်။

ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် အရပ်ဘက် အဖွဲ့အစည်းများမှ အဖွဲ့အစည်း ၂၁ ခုတို့မှ ကိုယ်စားလှယ်များက ကချင်ပြည်နယ်နှင့် ပတ်သက်သည့် မေးခွန်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အရပ်ဘက် အဖွဲ့အစည်းများ မည်သို့ ပါဝင်ရမည်၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာနှင့် ပတ်သက်သည့် မေးခွန်းများနှင့် လူမှုအဖွဲ့ အစည်းများ၏ လိုအပ်ချက်များ စသည်ဖြင့် ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးအောင်မင်း၊ ဦးစိုးသိန်းနှင့် ဦးခင်ရီတို့မှ ပြန်လည်ဖြေကြား ပေးခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ဇန်နဝါရီလ ၂၀ ရက်နေ့က ရန်ကုန်မြို့၊ လွှတ်တော် အဆောက်အဦတွင် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် ခေါင်းဆောင်များ သက်သက်လက် မှတ်ရေးထိုးရုံ၊ လက်ဆွဲနှုတ်ဆက်ရုံနှင့် မလုံလောက်ဘဲ ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်စေရန် လူထုလည်း ပါဝင်ရန်လိုကြောင်း ပြောကြားခဲ့သည်။ (Yadanarpon News)