အသိပေးကြေညာခြင်း
Eleven Media Group website အား Red Army အမည်ဖြင့် Hacker အဖွဲ့ ခြောက်ခု (Blink Hacker Group, Myanmar Hack3rs Unite4m, Myanmar Cyber Army, Black Hack Area, Myanmar Cyber Defence Army, Cyber Vampire Team) က တိုက်ခိုက်ခဲ့ပါသည်။
ထို့အတွက် Eleven Media Group website အား ခေတ္တမျှ ၀င်ရောက်ကြည့်ရှုနိုင်မည်မဟုတ်ပါ။ ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် Cyber Crime ကိုကျူးလွန်ခြင်းဖြစ်သည့်အတွက် ဆက်သွယ်ရေးနှင့် သတင်းအချက်လက် နည်းပညာ ၀န်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ တဆင့် တရားဝင် တိုင်ကြားသွားမည်ဖြစ်ပါသည်။
အစိုးရနှင့် ဆက်နွယ်သူများဟု သံသယရှိဖွယ်ရာများ၊ အစိုးရကို ခုတုံးလုပ်နေသူများက ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည့်အတွက် အများပြည်သူအား အသိပေး၍ တိုင်ကြားခြင်းဖြစ်ပါသည်။ ထို့ကြောင့် သက်ဆိုင်ရာမှ တည်ဆဲဥပဒေများအရ စုံစမ်းဖော်ထုတ် အရေးယူနိုင်ပါရန် တိုင်ကြားမည်ဖြစ်သည်။
လတ်တလောတွင် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံ IP အသုံးပြု၍ ၀င်ရောက်ကြည့်ရှုခြင်းများကို ပိတ်ပင်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။သက်ဆိုင်ရာ ၀န်ထမ်းအဖွဲ့အစည်း အကြီးအကဲများ၊အရာရှိကြီးများ အနေဖြင့် မိမိလက်အောက်ရှိ အရာရှိငယ်များ၊၀န်ထမ်းများ၏ ဥပဒေမဲ့ ကျူးလွန်မှုများကို သတိပေး ထိန်းသိမ်းတားဆီးရန် လိုအပ်မည်ဖြစ်ပါသည်။ ထိုသို့မဟုတ်ပါက ယင်းအဖွဲ့အစည်းများ အနေဖြင့် ထိုသို့လုပ်ဆောင်မှုများအတွက် နိုင်ငံတကာတွင် အရှက်သိက္ခာ ကျဆင်းစရာများ ဖြစ်ပေါ်လာနိုင်ကြောင်း အသိပေးအပ်ပါသည်။