BURMA: Mi 35 military helicopter shot down by Kachin Independence Army today

11-1-2013-2

According to this Burmese source, Burmese government soldiers on the ground are frantically looking for Mi 35 military helicopter shot down by Kachin Independence Army today. It is said that whether the pilots survived or got killed is not yet known.

UPDATE: According to Burmese government military sources, the two pilots of the helicopter shot down by Kachin Independence Army today were parts of the intake of 41st and 47th DSA.

A military helicopter made an emergency landing yesterday evening near Tarlawgyi Village in Kachin State due to machine failures, Deputy Information Minister Ye Htut announced on his Facebook page.

Ye Htut, who was recently appointed as the spokesperson for the President’s Office, wrote that relief operations have already started at the landing site, but no official details were given about the number of fatalities and causalities.

However, rumors spread about some fatalities and casualties after the helicopter crashed.

Military-owned Myawaddy Media also announced on its Facebook page that the helicopter doing administrative matters had to make an emergency landing near the Tarlawgyi Village, 20 miles south of the state’s capital Myitkyina.

Helicopters carrying soldiers have arrived at the crash site to do rescue works, according to Myawaddy Media.

543438_417721068296016_1515022180_n

Myen Asuya Nbung Li (1) hpe, KIA gap jahkrat kau ya.

ဝေဟင်ချစ်သူ စာဖတ်ပရိတ်သတ်များကို ကျွန်တော် စိတ်မကောင်းဖွယ် ဖြစ်စဉ်လေးတစ်ခု မတင်ဆက်ချင်လဲ တင်ဆက်ပေးရပါဦးမယ်။ ဒီနေ့ ညနေ ၄ နာရီလောက်မှာပဲ ကျွန်တော်တို့ဖက်က Mi35 တစ်စီး ရန်သူ့ နယ်မြေထဲမှာ ပျက်ကျမှုဖြစ်ပေါ်ခဲ့ပါတယ်။ ရန်သူ့ ကျည်ဆံထိလို့လား ဒါမှမဟုတ်ပဲ စက်ချို့ယွင်းလို့လားဆိုတာကို ယခုထက်တိုင် မည်သူမျှ မသိရသေးပါဘူး။ လေသူရဲကတော့ DSA အပတ်စဉ် ၃၈ မှဖြစ်ပါတယ်။ ကျွန်တော်တို့ အလွန်ပင် ၀မ်းနည်းလျက်ရှိပါတယ်။ ခုချိန်ထိ လေသူရဲတွေကို ဆက်သွယ်နိုင်ခြင်းမရှိသေးပါဘူး။ အသက်ရှင်နိုင်သေးလား ဒါမှမဟုတ် ကျဆုံးသွားပြီလားဆိုတာလဲ အတည်မပြုနိုင်သေးလို့ ကျွန်တော်တို့ အားလုံးဝိုင်းဝန်းဆုတောင်းနေကြပါတယ်။ တပ်မတော်ကြည်းမှ စစ်သည်များကတော့ လေယာဉ်ပျက်ကတဲ့ နေရာတ၀ိုက်ကို ၀ိုင်းဝန်းပိတ်ဆို့ကာ အပြင်းအထန်ရှာဖွေလျက်ရှိပါတယ်။ တတ်နိုင်သလောက် ကူညီကယ်ဆယ်ပို့ ပြင်ဆင်လျက်ရှိပါတယ်။ down pilot ဖြစ်သွားပြီး survive ဖြစ်လျှင်တော့ မရရအောင် ကယ်ဆယ်ဖို့လည်း ဆုံးဖြတ်ထားပြီးသားပါ။ တပ်မတော်ဟာ ယခုနေရာကို ရှင်းလင်းရတာ အဲဒီနေရာတ၀ိုက်မှာ မိုင်းထောင် ဗုံးခွဲ မိုင်းဆွဲလျက်ရှိလို့ မဖြစ်မနေသာ သွားရောက်ရှင်းလင်းရကြောင်းကိုလည်း အသိပေးအပ်ပါတယ်။ ကျွန်တော့်တို့ရဲ့ လေသူရဲ ကို အမြန်ဆုံးရှာဖွေနိုင်ပါစေလို့ ဝေဟင်ချစ်သူ စာဖတ်ပရိတ်သတ်တွေလည်း ၀ိုင်းဝန်းဆုတောင်းပေးဖို့ မျှော်လင့်ပါတယ်။အေးချမ်းမွန်မှ ဝေဟင်ချစ်သူ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

BDC BURMA Constitution Amending: constitutional clauses which prohibit Buddhist monks’ right to vote

Constitution Amending:Working to review the controversial 2008 constitution which gives absolute power to military commander in chief– is still major concern for people of Burma. We must work all together to amend the constitutional clauses which are undemocratic and authoritative. We must work to amend the constitutional clauses which give the military commander in chief the power to directly choose military officers sitting in the parliament occupying 25% of the seats. Addition, Burma Democratic Concern (BDC) calls for amending the constitutional clauses which prohibit Buddhist monks’ right to vote in Burma which is totally undemocratic and unacceptable.
www.bdcburma.org667_157676511044753_899099545_n

 

ABSDF ကျောင်းသူရဲမေဟောင်း နန်းအောင်ထွေးကြည် မြောက်ပိုင်း ခရီး(၂၆)May Thingyan Hein

friday 11 january 2013

မေသင်္ကြန်ဟိန်(မြစ်မခ)

ဇန်န၀ါရီလ ၁၁၊ ၂၀၁၃၊ ရန်ကုန်မြို့။

အပိုင်း(၂၆)

မြောက်ပိုင်းမှာကျောင်းသား အယောက် ၁၀၀ ကျော်ကို ထောက်လှမ်းရေးလို့ စွတ်စွဲပြီး ဖမ်းဆီးနှိပ်စက်ခဲ့တဲ့ ကျောင်းသားသတ်ပွဲမှာ ပါဝင်ခဲ့တဲ့ ရော်နယ်အောင်နိုင်ကို BBCကနေ နှုတ်ထွက်ရအောင် လုပ်နိုင်ခဲ့ပြီးတဲ့ နောက်မှာ ကျမတို့ အားတက်သွားကြတယ်။

 

ဟာ…စိတ်ထဲမှာလေ…၊ ငါတို့တဆင့်တက်လို့ရပြီ၊ အမှန်တရားကို ဖော်ဖို့ ဆက်လုပ်လို့ရပြီ ဆိုပြီး ဖြစ်သွားကြတယ်။ ဦးနှောက်ထဲမှာ ငါတို့အမှန်တရားတွေ ဖော်ထုတ်လို့ရတယ်ဆိုတာ တကယ်ကို စွဲသွားပြီ၊ အရင်တုန်းကတော့ ငါ မလုပ်ပေးနိုင်ခဲ့ဘူး၊ ငါမလုပ်ပေးနိုင်ခဲ့ဘူး ဆိုပြီး မိချိုနဲ့ ကိုထွန်းအောင်ကျော်ကို ကတိပေးခဲ့တာ၊ သစ္စာပြုခဲ့တာတွေ အတွက် ခံစားခဲ့ရတယ်။အဲဒါနဲ့ အဲဒီ ၂၀၀၈ က စလိုက်တဲ့ ကိစ္စလေးကနေ အားတက်သွားတယ်။

 

နောက် ၂၀၀၉ မှာ အွန်လိုင်းကနေ ABက လူတယောက်နဲ့ အဆက်အသွယ်ရလိုက်တယ်။ အဲဒီကနေ အချိတ်အဆက်တွေ ရှာရင်း၊ အချက်အလက်တွေရှာရင်း မတရားတာတွေကို လက်မခံနိုင်တဲ့ သူတွေကလည်း သူတို့မှာ ရှိတဲ့ သက်သေဖြစ်နိုင်တာတွေနဲ့ ကျမတို့ကို အားပေး ကူညီပေးခဲ့ကြတယ်။

 

၂၀၀၉၊ ဒီဇင်ဘာမှာ ကျမ ဘန်ကောက်ကို သွားခဲ့တယ်။ ခရစ္စမတ်အချိန်ပေါ့။ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ဘန်ကောက်ကို ရောက်တယ်။ ဇန်န၀ါရီလ ၂၆ ရက်နေ့ ၂၀၁၀ မှာ ဘန်ကောက်ကနေ ပြန်တယ်။

 

အရင်ကတည်းက ဘန်ကောက်ကို သွားလေ့ရှိပါတယ်။ ဒါပေမဲ့ အဲဒီနှစ်ကတော့ ဘန်ကောက်ကို သွားတာ အရင်ကနဲ့ မတူတော့ဘူး။ အထင်ကရ နှစ်လို့လဲ ပြောလို့ရမယ်။ ဘန်ကောက်ကိုရောက်တော့ အေးအေးမြင့်ခေါ် အီးတီက ဖုန်းဆက်လာတယ်။ အီးတီဆိုတာ ကျမတို့က ခေါ်တာ၊ သူက ပတူငါးကောင်ထဲက တကောင်ပေါ့။ သူက ပြောတယ်၊ သူ ချင်းမိုင်သွားမယ်တဲ့။ ချင်းမိုင်ဆိုတော့ ကျမကလည်း စိတ်ဝင်စားသွားတယ်။ အေးသွားပေါ့ ငါလည်း လာလို့ရရင် လာမယ်လို့သူ့ကို ပြောလိုက်တယ်။

 

အဲဒါနဲ့ ကျမလည်း ချင်းမိုင်ကို လိုက်သွားလိုက်တယ်။ ချင်းမိုင်ရောက်တော့ မင်းဋ္ဌေးနဲ့ တွေ့တယ်။ မင်းဋ္ဌေးဆိုတာက ABSDF မြောက်ပိုင်းကနေ တောင်ပိုင်းကိုေ၇ာက်နေတာ၊ လက်ရှိအချိန်မှာတော့ ABSDF မြောက်ပိုင်းက တိုက်ပွဲတွေထဲမှာ ပြန်ပါနေတယ်။

အဲတော့ အီးတီတို့နဲ့ တွေ့တော့ကျမတို့က မြောက်ပိုင်းက ကိစ္စတွေအကြောင်း ပြန်ပြောကြတယ်၊ အဲဒီတော့ အီးတီက ပြောတယ်။ အမတဲ့…ကျမတို့က အဲဒီတုန်းက ငယ်သေးတော့ နားမလည်ဘူးတဲ့။ ဟုတ်တယ် …အဲဒီတုန်းက သူတို့က ၁၅ နှစ် ၁၆ နှစ်အရွယ်လေးတွေကို။ နောက် မင်းဋ္ဌေးနဲ့လည်း စကားတွေ ပြောဖြစ်တော့ မင်းဋ္ဌေးကလည်း ပြောတယ်။ မငယ်တဲ့…ကျနော် စိတ်မကောင်းဘူးတဲ့။ ရတယ်လို့။ နောက်မင်းဋ္ဌေးကလည်း အဲဒီတုန်းက ကျမတို့တွေကို ဖမ်းထားတဲ့ အချိန်တွေမှာ သူက ရှေ့တန်းမှာလေ။ အဲဒါကြောင့် သူလည်း ဒီကိစ္စတွေကို သေချာ မသိဘူး။

 

အဲဒီ ချင်းမိုင်ကနေ ဘန်ကောက်ကို ပြန်လာတယ်။ ပန်ချီဆရာ ထိန်လင်းက ဘန်ကောက်ရောက်နေတယ်။ သူက ပြောတယ် ကျနော် မဲစောက်ကို သွားမယ်တဲ့။ နန်းစောတို့နဲ့လည်း သွားတွေ့မယ်တဲ့။

 

ဟာ… ဒါဆို နန်းစောလည်း မဲဆောက်မှာ ရှိတယ်ဆိုတော့ ငါလည်း လိုက်မယ် ထိန်လင်းဆိုပြီး အမလည်း လိုက်သွားလိုက်တယ်။ ကားစီးပြီးတော့မှ သွားကြတယ်။

မဲစောက်ရောက်သွားတော့ ဘယ်သူလာကြိုလဲဆိုတော့ ကိုရင်မောင် ကိုယ်တိုင်လာကြိုတယ်။ သိတယ်မဟုတ်လား။ ဘီဘီစီက ကိုရင်မောင်လေ။ တကယ်တော့လည်း သူတို့တွေက ယဉ်ယဉ်ကျေးကျေးနဲ့သိမ်သိမ်မွေ့မွေ့ပါပဲ။ ကျမ အမှန်အတိုင်းပြောတာ။

 

ကိုရင်မောင်က ယဉ်ကျေးတဲ့ သူပါ၊ သူ့ဇနီးက မစန်းစန်းမော်၊ သူနဲ့ခုမှ တွေ့ကြပေမဲ့ ကျမနဲ့ ရင်းနှီးသွားတယ်။ နောက်တော့ သူတို့က ဘာပြောလဲ ဆိုတော့ မိုးသီးလာမယ်တဲ့…။ ကျမကလည်း ဟာ ကောင်းတာပေါ့လို့။ တွေ့မယ်လို့။

 

မဲဆောက်မှာ ကျမက ဟိုတယ်တခုမှာ တည်းတယ်၊ နန်းစောတို့နဲ့ တွေ့တယ်၊ အဲလိုပေါ့ ပျော်တာပေါ့လေနော်၊ နောက် ကျမကို မမြင်ဘူးလိုက်တဲ့ တောင်ပိုင်းက ABSDF အထွက်တွေကလည်း လာတွေ့ကြတယ်။ သူတို့နဲ့လည်း မတွေ့တာကြာတော့ စကားတွေလည်း ပြောပေါ့။ သူတို့နာမည်တွေကိုလည်း အကုန်လုံးတော့ မမှတ်မိဘူးပေါ့။

နောက် ကိုမိုးသီးရောက်လာတော့ ဒီလိုပဲ ပြောကြ ဆိုကြပေါ့။ နောက် ကျမက ကိုမိုးသီး၊ကိုရင်မောင်တို့၊နန်းစောတို့နဲ့ ဒီမြောက်ပိုင်းကိစ္စကို ပြန်ပြောကြတယ်။

ကျမ မြောက်ပိုင်းကနေ ထွက်လာပြီးကတည်းက ဒီကိစ္စကို ဘယ်သူနဲ့မှ တိတိကျကျ ပြန်မပြောဖြစ်တော့တာ။ အဲဒီမှာ ပထမဆုံးအကြိမ်အနေနဲ့ ပြန်ပြောဖြစ်တယ်။

ဘာဖြစ်လို့လဲ ဆိုတော့ ကျမက လျှောက်ပြောနေတော့ကော ဘာလုပ်မှာလဲ၊ ကျမက ပြောချင်တာက အထောက်အထားတွေဘာတွေနဲ့ ခိုင်ခိုင်လုံလုံ သေသေချာချာပြောချင်တာ။ကျမ အကျင့်က မပြောတတ်ဘူး။ လုပ်မယ်ဆိုရင်တော့ တကယ်လုပ်တော့မယ်။

 

ဒီအကြောင်းတွေကို မိသားစုတွေ အမေတို့တွေကိုတောင် မပြောခဲ့ဘူး၊ ဒါပေမဲ့ အဲဒီမှာ ကျမ ကောင်းကောင်းဖွင့်ချလိုက်တယ်။ အဲဒီမှာ မိုးသီးဇွန်ကလည်း သေသေချာချာနားထောင်တယ်။

 

တကယ်တော့ မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ပြဿနာဟာ အပြင်လူတယောက်မှ နားမလည်နိုင်ဘူး။ ဘယ်လောက်ကြီး ရှင်းပြရှင်းပြ တယောက်မှ နားမလည် နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ခံစားမှု အပိုင်းတွေ ရှိတယ်။ တယောက်နဲ့ တယောက်နဲ့ ဖမ်းတာ ဆီးတာက တဏ္ဍ၊ သံယောဇဉ်ရှိတာ တဏ္ဍ။ အဲဒါတွေက ဘယ်သူ့ကို ဖွင့်ပြရမလဲ၊ အဲဒါတွေက ဘယ်လိုပြောလို့မှ နားလည်နိုင်မဲ့ ကိစ္စတွေ မဟုတ်ဘူး။

 

အဲဒါကြောင့် မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ကိစ္စတွေရဲ့ အမှန်တရားကို အပြင်လူတယောက်ကမှ ဖော်ပေးလို့မရဘူး။ မြောက်ပိုင်းမှာ လုပ်ခဲ့တဲ့ သူတွေနဲ့ ပြုလုပ်ခံခဲ့ရတဲ့ သူတွေနှစ်ဦး နှစ်ဘက် ပြောကြ ရှင်းကြတဲ့ အခါကျမှ ဒီဖြစ်ရပ်မှန်သမိုင်းဆိုတာက ပေါ်ထွက်လာမှာ။

 

ကျမတို့ ထောက်လှမ်းရေး မဟုတ်ဘူးဆိုတဲ့ သမိုင်းမှန်ကတော့ပေါ်ပြီ၊ ကျမတို့ သမိုင်းတွေ ပေါ်ပြီ၊ ဒါပေမဲ့ ဖြစ်စဉ်က ရှိသေးတယ်၊ ဘာကြောင့် ဒီလို လုပ်ခဲ့တာလဲ၊ ဘာကြောင့်ဒီလိုဖြစ်ခဲ့တာလည်း ဆိုတာက ပေါ်ရဦးမယ်။

 

အဲဒါပေါ်ဖို့အတွက်ဆိုရင် ပြန်ကြည့်ရင် အဓိက လုပ်ခဲ့တဲ့ မျိုးဝင်းက သေသွားပြီ၊ မရှိတော့ဘူး။ နောက် သံချောင်း၊ ရော်နယ်အောင်နိုင်၊ ကိုစိန်အေး၊ နေဒွန်း၊အောင်ကြီး၊ နောက် တာဝန်ရှိတဲ့ မြောက်ပိုင်းက ကိုကျော်ကျော်… သူတို့နဲ့ အဲဒီတုန်းက မြောက်ပိုင်းမှာ ထောက်လှမ်းရေးအဖြစ် တာဝန်ခံထားတဲ့ သန်းဇော်၊ ဇော်ဇော်မင်း၊ အောင်စိုးမင်း၊ ကျော်ထင်ဦး သေသွားပြီ ပြောတယ်။ အဲဒီ အုပ်စုနဲ့ ကျမတို့ ခံခဲ့ရတဲ့ အုပ်စု အေးအေးဆေးဆေးဆွေးနွေးမှ ဒီဇာတ်လမ်း ဘာကြောင့်ဖြစ်သလဲ ဆိုတာပေါ်လာမှာ။ အဲဒါမှ ဇာတ်လမ်းက ပေါ်မှာလေ။

 

ကျမတို့က ABSDF ကို တိုက်ခိုက်နေတာ မဟုတ်ဘူး။ ကျမတို့က ခွဲထုတ်ပေးနေတာ၊ ဒီလို လူသတ်ခဲ့တဲ့သူတွေနဲ့ ABSDF ကို ခွဲမြင်ကြဖို့လိုတယ်။ လူ့အခွင့်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ အဖွဲ့မှာ လူ့အခွင့်ရေး ချိုးဖောက်သူတွေ မရှိသင့်ဘူုး။ အဲဒါတွေကိုသူတို့က ဝှေ့လည်ကြောင်ပတ်နဲ့ လုပ်နေတာ။ သူတို့က လက်ရှိ ရှိနေတဲ့ ABSDF ကို ကာဗာတွေ ယူပြီးတော့မှ ABSDF သိက္ခာကျအောင်လုပ်နေတာသူတို့ ကျမတို့ မဟုတ်ဘူး။

 

ရှေ့ဆက်ဖော်ပြပေးပါမည်။

မိတ်ဆွေများအားလုံးကို လေးစားခင်မင်လျက်ပါ။

 

မေသင်္ကြန်ဟိန်(မြစ်မခ)      https://www.facebook.com/MayThingyanHein

Ladpadaung Report-burmese

“လက်ပံတောင်းတောင် စုံ စမ်းရေးကော်မရှင် ၏ သတင်းထုတ်ပြန်ချက် ထွက်ရှိ”
ယင်းထုတ်ပြန်ချက်ကို ဇန်န၀ါရီလ ၁၁ ရက်နေ့ ရက်စွဲဖြင့် လွှတ်တော် အဆောက်အအုံ (I.12) တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

 

 

COPPER MINING LADPADAUNG REPORT
COPPER MINING LADPADAUNG REPORT

UNITED NATIONALITIES FEDERAL COUNCIL (UNFC) ANNUAL MEETING STATEMENT 10.JANUARY 2013-ENGLISH

UNFC ANNUAL MEETING STATEMENT
UNFC ANNUAL MEETING STATEMENT 10.JANUARY 2013