Kyaukphyu Social network group: ဒုတိယမြောက် ကျောက်ဖြူပညာရေးကောလိပ်ထမင်းတိုက်ပွဲ

ဒုတိယမြောက် ကျောက်ဖြူပညာရေးကောလိပ်ထမင်းတိုက်ပွဲ
#################################
2.1.2013တွင် ဖြစ်ပွားခဲ့သော ကျောက်ဖြူပညာရေးကောလိပ်ဆန္ဒပြပွဲတွင် သက်ဆိုင်ရာအာဏာပိုင်များရောက်ရှိလာပြီး ဆရာမကြီးနှင့်ကျောင်းသားများကြားဖြစ်ပေါ်နေသော ထမင်းအ၀မစားရသည့်ပြသနာကိုညှိနှိုင်းဖြေရှင်းခဲ့သော်လည်း
မပြေလည်သည့်အတွက်(3.1.2013) နံနက် 8;30နာရီတွင်
ကျောင်းသားများထပ်မံ၍ ဆန္ဒထုတ်ပေါ်ခဲ့ကြသည် ။
ထိုကိစ္စနှင့်ပတ်သက်၍ ကျောင်းအုပ်ဆရာမကြီးဒေါက်တာဒေါ်ဝေေ၀ဦးနှင့်
ကျောင်းတာဝန်ရှိသူတို့သည် ပြသနာကို ပြေလည်အောင်ဖြေရှင်းရမည့်အစား
ဆရာမကြီးက “နင်တို့ရခိုင်တွေ ထမင်းစားလွန်းအားကြီးတယ်” ဟုပြောဆိုလိုက်သောကြောင့် ကျောင်းသူကျောင်းသားများနှင့် ဒေသံခံများ အလွန်ခံပြင်းဒေါသထွက်နေကြသည်။
ကျောင်းရှိ ဆရာ ဆရာမများနှင့်ဝန်ထမ်းများကိုလဲ အာဏာရှင်ဆန်ဆန် မောက်မာစွာ ပြောဆိုဆက်ဆံခြင်းကိုလည်း ဆရာမကြီး ဒေါက်တာဒေါ်ဝေေ၀ဦး စဉ်ဆက်မပြတ်လုပ်ကိုင်ဆောင်ရွက်နေသည်။
ထိုကိစ္စနှင်းပတ်သက်၍ ကျောင်းသူကျောင်းသားများတို့၏ ရိက္ခာကို ဖြတ်တောက်၍ အပိုငွေရှာနေသော ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဒေါ်ဝေေ၀ဦး နှင့် ရိက္ခာတာဝန်ခံ ဆရာဦးယဉ်သိန်း တို့အား ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချ၍ လူသားဆန်စွာတောင်းဆိုတိုက်ပွဲဝင်နေကြသော ကျောင်းသားကျောင်းသူများကို ချီးကျူးထောပနာပြုနေကြပြီး လက်ရှိဖြစ်ပေါ်နေသော အလွန်ရှက်ဖွယ်ကောင်းသော ထမင်းအ၀မစားရသည့်ပြသနာကို
မည်သို့ကိုင်တွယ်ဖြေရှင်းကြမည်ကို အနီးကပ်စောင့်ကြည့်လေ့လာနေကြပြီး လိုအပ်သည်များကို တက်ကြွစွာကူညီဆောင်ရွက်ပေးရန် အဆက်သင့်ရှိနေကြကြောင်း သိရှိရသည်။
မှတ်ချက်။ ။ကျောင်းသားဦးရေ ၄၄၉ဦး
ကျောင်းသားတဦးကိုတလလျှင် စားစရိတ် ၈၅၀၀ ကျပ်
နှုန်းနှင့် ၃၈၁၆၅၀၀ကျပ်ဖိုးကျွေးရန်ချထားပေးသော်လည်း
၂၂၀၀၀၀၀ ဖိုးခန့်သာကျွေးကြောင်းသိရသည်။
အထက်မှချပေးသော တပတ်စာဈေးသုံး(၁၇၈၀၀၀)ကျပ်
တရက်ဈေးသုံး(၂၅၄၂၈)ကျပ်
တရက်ဆန်ဖိုး(၄၈၃၃၃)ကျပ်
စုစုပေါင်းတရက်အသုံးငွေ(၇၃၇၆၁)ကျပ်
တရက်လျင်း ကွာဟချက်(၅၃၄၃၅)ကျပ်(စာရင်းပျောက်)

270292_576787942338722_1952255135_n

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s