27.12.2012
============
‘မြန်မာမွတ်စလင်’ အမျိုးသားရေးရာအဖွဲ့ချုပ် ဟု မိမိကိုယ်ကို အမည်ပေးထားသော အဖွဲ့က ဒီဇင်ဘာလ (၁၃)ရက်နေ့ ရက်စွဲပါစာဖြင့် ဤဆောင်းပါးကို တိုင်တမ်းသည့်အတွက် ပြန်ကြားရေးဝန်ကြီးဌာနက လိုအပ်သလိုအရေးယူပေးပါရန်ဆိုပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ပြန်ကြားရေးဝန်ကြီးဌာနကို ဒီဇင်ဘာလ ၂၁ ရက်နေ့က အကြောင်းကြားစာ ပေးပို့ထားသည်။
ဤသို့သော ချိုးဖောက်ရေးသားမှုများကို ထပ်မံပြုလုပ်ပါက ပါတီအားဖျက်သိမ်းသည်အထိ အရေးယူခံရမည် ဟူ၍လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP)အား ဒီဇင်ဘာလ ၁၉ ရက်နေ့ ရက်စွဲပါစာဖြင့် သတိပေးအကြောင်းကြားထားသည်။
တိုးတက်ရေးသတင်းလွှာသည် နိုင်ငံရေးပါတီများက ထုတ်ဝေသော စာစောင်များအနက် NLD ၏ ဒီလှိုင်း စာစောင်ပြီးလျှင် စောင်ရေအများဆုံး စာစောင်ဖြစ်သည်။
Coral Arakan News