စစ်တွေ ၊ ၂၂ ဒီဇင်ဘာ ၂၀၁၂ ၊ Coral Arakan News ၊ [ breaking news ]မြန်မာ-ဘင်္ဂလာ နယ်စပ်တွင် ဘင်္ဂလာဒေ့ရှ်အရာရှိများက RSO ရိုဟင်ဂျာအမည်ခံ သောင်းကျန်းသူများကို လေ့ကျင့်ပေးနေသည် ဟု ဆို

22.12.2012

By Oo-du Khin-sai

စစ်တွေ ၊ ၂၂ ဒီဇင်ဘာ ၂၀၁၂ ၊ Coral Arakan News ၊ [ breaking news ]

မောင်တောမြို့နယ်အလွန် မြန်မာ-ဘင်္ဂလာနယ်ခြားတွင် ရိုဟင်ဂျာအမည်ခံ RSO ကုလားဆိုး သောင်းကျန်းသူ များအား အခြေစိုက်စခန်းတည်ရှိခွင့်ပေးထားရုံမျှမက ဘင်္ဂလာဒေ့ရှ် စစ်ဘက်အရာရှိများ ဟု ယူဆရသူများကပါ အဆိုပါသောင်းကျန်းသူများကို လေ့ကျင့်ပေးနေကြောင်း ထိုအခြေစိုက်စခန်းအနီးသို့ ရောက်ခဲ့သူ ဘင်္ဂလာဒေ့ရှ် နိုင်ငံသားတစ်ဦးက Coral Arakan အား သတင်းပေးပို့သည်။

“RSO ဌာနချုပ်မှာက ကုလားဆိုး (၁၈၀)ရှိတယ်။ လက်နက်က ရှစ်ဆယ်လောက်ရှိတယ်။ ရှစ်ဆယ်က လက်နက်ကိုင်ပြီး ကျန်တစ်ရာလောက်က လက်နက်မရကြသေးဘူး။ ဒါပေမဲ့ ဒါက အကုန်လုံးမဟုတ်သေးဘူး။ အနီးအနား တစ်မိုင်နှစ်မိုင် ပတ်လည်မှာ ဖြန့်ကျက်ထားထာတွေ၊ အနီးအနားကျေးရွာတွေမှာ စခန်းချထား တာတွေနဲ့ ပေါင်းလိုက်ရင် သူတို့မှာ လူအင်အား လေးရာလောက်ရှိတယ်” အဆိုပါ အမည်မဖော်လိုသော သတင်းပေးသူက Coral Arakan အားပြောကြားသည်။

အဆိုပါ RSO ဌာနချုပ်တည်ရှိရာနေရာမှာ Garjania မြို့မှ အရှေ့မြောက်ယွန်းယွန်း (၆၃.၈၆ ဒီဂရီ ဦးတည်ချက် ဖြင့် တိုင်းလျှင်) ခုနစ်မိုင်ကျော်ကျော်ကွာဝေးပြီး ယင်းနေရာကို အိမ်ခြေနည်းပါးသော မြိုကျေးရွာငါးရွာနှင့် အခြားရွာနှစ်ရွာက အနီးအနားတွင် ပြန့်ကျဲဝိုင်းရံလျက်ရှိသည်။

ယင်းကျေးရွာများ၏အလွန် အနောက်တောင် ဘက် လေးမိုင်ခန့် ကွာဝေးသောနေရာတစ်ခုတွင် BGB (Border Guard Bangladesh) စစ်စခန်း တစ်ခု ရှိနေသည့် အတွက်၊ ဘင်္ဂလာဒေ့ရှ်အစိုးရအနေဖြင့် RSO ဌာနချုပ် ရှိနေကြောင်းကို သိရှိရမည်မှာ အမှန်မုချ ပင်ဖြစ်သည်ဟု ၄င်းသတင်းပေးသူက ပြောကြားသည်။

မြန်မာနိုင်ငံ မောင်တောမြို့နယ် မြောက်ဘက်အလွန် တွင် ရှိသော ယင်း RSO ဌာနချုပ်တွင် ဘင်္ဂလာဒေ့ရှ် အစိုးရအရာရှိ တချို့ လက်နက်ကိုင်လေ့ကျင့်မှုပေးနေသည်ကို တွေ့ခဲ့သည်ဟု ၄င်းက ဆက်လက် ပြောကြား သည်။
“အစိုးရဘက်က လူတွေ လို့ပြောကြတာပဲဗျ။ ဒါပေမဲ့ ဘယ်ဌာန ဘယ်အဖွဲ့အစည်းကမှန်း မသိဘူး” ဟု ၄င်းက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၂) ရက်နေ့က ဘင်္ဂလာဒေ့ရှ် နှင့် မြန်မာနယ်ခြားအရာရှိများ၏ အလံတင်ဆွေးနွေးပွဲ၌ တွေ့ဆုံ ဆွေးနွေးကြရာတွင် နိုဝင်ဘာလ ခြောက်ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသော မြန်မာ ဂျီအီးတပ်သား သုံးဦးအရေးကို မြန်မာဘက်မှ မေးမြန်းရာ၊ ထူးခြားမှုမရှိသေးကြောင်း ရှာဖွေနေဆဲဖြစ်ကြောင်း ဘင်္ဂလာဒေ့ရှ် ဘက်မှ ဖြေကြားခဲ့သည်။

မောင်တောမြို့နယ် မြောက်ပိုင်း အောင်သပြေ အပိုင် ဗန္ဓုလ စခန်းအနီးတွင် လမ်းတည်ဆောက်ရေး လုပ်ငန်းလုပ်နေကြသော ဂျီအီးတပ်ဖွဲ့မှ တပ်သား လေးဦးကို (RSO များ ဟု ယူဆရသော) လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က နိုဝင်္ဘာလ ၆ ရက်နေ့တွင် တစ်ဖက်နယ်စပ်မှ ၀င်ရောက် ပစ်ခတ်ခဲ့သည်။

ဂျီအီးတပ်ဖွဲ့မှ ကျော်ကျော်ဝေမှာ တိုက်ခိုက်ခံရသည့်နေရာတွင်ပင် သေဆုံးသွားခဲ့ကာ တပ်ကြပ်ကြီး ခင်မိုးအောင် နှင့် အခြား နှစ်ဦး ဖမ်းဆီးခံခဲ့ရသည်။ အဆိုပါ ဖမ်းဆီးခံရသူ သုံးဦးကို သတ်ပစ်လိုက်ပြီ ဖြစ်သည်ဟု သတင်း ထွက်ပေါ်နေသော်လည်း အဆိုပါသတင်းကို အတည်မပြုနိုင်သေးချေ။

RSO အရေး၊ ဘင်္ဂါလီ ခိုးဝင်သူများအရေးနှင့် ပတ်သက်၍ ရခိုင်လူမှုကွန်ရက်၏ ညှိနှိုင်းရေးမှူးတစ်ဦးဖြစ်သူ ဦးကျော်ဇောဦး၏ ထင်မြင်ချက်ကို Coral Arakan က မေးမြန်းရာ ၄င်းက “ဒါတွေဟာ နှစ်ဆယ်ပေါင်းများစွာ စနစ်တကျ မူဝါဒ ချမှတ်ပြီး ဟိုဘက်နိုင်ငံက အလုပ်လုပ်နေခဲ့တာဖြစ်ပါတယ်။ သူတို့နဲ့ ဘာသာတူ လူမျိုးတူ ဘာသာစကားတူ ဒီအန်အေတူတဲ့ ခိုးဝင်သူတွေကို မြန်မာနိုင်ငံဘက်ကို ခိုးထွက်ရင် အလွယ်တကူ ခိုးထွက်ခွင့်ပေးဖို့၊ ဘင်္ဂလာကို ပြန်လာဖို့ကြိုးစားရင် မလာရအောင်တားဆီးဖို့၊ ဒီလူတွေဟာ ငါတို့နဲ့ မဆိုင်ပါဘူးလို့ ပြောဖို့၊ ဒါပေမဲ့ အဲဒီသူပုန်တွေ အခြေစိုက်စခန်းလိုချင်ရင် နေရာချထားပေးဖို့၊ ဒီထက်မကသော အခြားအခြားသော အစီအစဉ်ပေါင်းများစွာကို အကွက်ကျကျ နှစ်ပေါင်း ဆယ်ပေါင်းများစွာ လုပ်ဆောင် လာခဲ့ကြတာဖြစ်တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံဘက်မှာကတော့ ဒါလေးကိုတောင် သတိမူမိဖို့ခက်နေသေးတယ်။ ဘင်္ဂါလီအရေးဟာ မသီတာထွေး အသတ်ခံရတာကို အခြေခံပြီးဖြစ်လာတဲ့ အဓိကရုဏ်းတွေလို့ အိပ်မှုံစုံမွှား ပြောနေကြတဲ့ လူတွေလည်း ရှိနေသေးတယ်။ တကယ်တော့ ဒီဘင်္ဂါလီဆူပူမှုဖြစ်စဉ်တွေ အားလုံးမှာ ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဘင်္ဂလာဒေ့ရှ်အစိုးရတွေ နိုင်ငံရေးပါတီတွေသာမက ကြီးမားတဲ့အင်အားစုကြီးတစ်ရပ်က အကွက်ချလုပ်ဆောင်ပေးနေခဲ့တာဖြစ်တယ်” ဟု Coral Arakan အားပြောကြားသည်။

RSO (Rohingya Solidarity Organization) ကို ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ မိုဟာမက်ယူနွတ်စ် က ဦးဆောင်ဖွဲ့စည်းခဲ့သည်။
အဖွဲ့ရဲ့ရည်မှန်းချက်က မြန်မာအစိုးရတပ်တွေကို ပြောက်ကျားနည်းစနစ်အားဖြင့် တိုက်ထုတ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လွတ်လပ်သော အစ္စလမ္မစ် ရခိုင်ပြည်နယ် ကို တည်ထောင်ရန် ဖြစ်သည်။

အစ္စလမ္မစ်ဘာသာရေးဘက်ကို အလေးကဲထားသော RSO အဖွဲ့ကို ထောက်ပံ့ကြသူများထဲတွင် ဘင်္ဂလာဒေ့ရှ် နှင့် ပါကိစ္စတန်တွင် လှုပ်ရှားသော JeI အဖွဲ့ ၊ အိန္ဒိယနိုင်ငံ ဂျမူး နှင့် ကတ်ရှမီးယားဒေသမှ Hizb-ul-Mujahideen (HM) အဖွဲ့ ၊ မလေးရှားနိုင်ငံမှ Angkatan Belia Islam sa-Malaysia (ABIM) အဖွဲ့ နှင့် မလေးလူငယ်အဖွဲ့ကြီး (the Islamic Youth Organisation) တို့ ပါဝင်ကြသည်။

အာဖဂန် တာလီဘန်ကိုယ်စားလှယ် နှစ်ဦးဖြစ်သော Al Ha-Saud နှင့် Al Ja-hid တို့ ၂၀၁၁-ခုနှစ် နိုဝင်ဘာလ အတွင်းတွင် RSO တို့၏ ကန်းဂြတ်ချောင်းစခန်း (Kann-Grat-Chaung camp) သို့ ရောက်လာကြပြီး၊ RSO ခေါင်းဆောင်များ ARNO ခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့ကြဖူးသည်။

(ဥတုခင်စိုင်း က Coral Arakan အတွက် ရေးသားသည်။)

KO KO GYI VISIT INJURED MONK IN BANGKOK AND GAVE DONATION FROM 88 GENERATION STUDENT GROUP.PHOTOS BY KOKO GYI

ထိုင်းနိုင်ငံ ဘန်ကောက်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော လက်ပံတောင်းတောင်မှ
ဒါဏ်ရာရ သံဃာတော် အရှင် တိက္ခဥာဏ ထံသို့ ရွှေညဝါဆရာတော်ဘုရားကြီးနှင့်အတူ
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး နှင့် အမေရိကန်နိုင်ငံမှ
ခေတ္တပြန်လည်ရောက်ရှိနေသော ကိုအောင်ဒင် တို့ လာရောက်အားပေးရင်း
၈၈မျိုးဆက်ကျောင်းသားများကိုယ်စား ကိုကိုကြီးမှ ဘက်ငွေတစ်သောင်းတိတိကို
လှူဒါန်းခဲ့ပါသည်။
KO KO GYI VISIT INJURED MONK
KO KO GYI VISIT INJURED MONK

705652_569731803053287_1872861633_o

KO KO GYI VISIT INJURED MONK AND GIVE DONATION FROM 88 GENERATION STUDENTS
KO KO GYI VISIT INJURED MONK AND GIVE DONATION FROM 88 GENERATION STUDENTS

Burma: Medical bills mount up for monk’s treatment in Thailand- Special Commission will take full responsibility for the medical expenses

Medical expenses for a Buddhist monk who is currently receiving medical treatments in Thailand has reached over 1.3 million baht (US$34,000) in three days, U Vimala from the Health Care Committee for Injured Monks said.

Among the five monks who were seriously injured during the police crackdown on the Latpadaungtaung protest, only U Tikkhanana is receiving medical treatment in Thailand, and the other monks have not obtained their passports and are also having financial concerns.

U Vimala, the leader of the healthcare committee, said he cannot tell whether the hospital charges are expensive or whether the cost of the medicines is expensive due to the monk’s serious condition.

“Daw Aung San Suu Kyi told us that the Special Commission will take full responsibility for the medical expenses of the monks who were injured in the Latpadaungtaung incident,” said U Vimala.

The state media reported last Friday that the government remitted 1 million baht (US$ 33,000) to Bangkok General Hospital in advance for U Tikkhanana’s medical treatment.

He left Yangon General Hospital on his own on last Thursday to receive medical treatment.

Among the four monks who are currently receiving medical treatment at the Yangon General Hospital, Ashin Tejana is in a critical condition after his wounds got infected. The healthcare commission has been preparing a passport for him in case his condition worsens and he needs to receive medial treatment abroad.  *US$1=30.64 baht

ABSDF ရဲဘော်/ရဲမေဟောင်းများနှင့် တွေ့ ဆုံမှုပြုလုပ်။- ABSDF NORTH NOT JOIN-BY NIKNAYMAN

ABSDF NORTH DON,T JOIN MEETING-MAYBE THEY DON,T WANT THE MEETING OBSERVED  BY MEDIA AND PRESS-(I TOTALLY AGREE WITH THAT)

ABSDF ရဲဘော်/ရဲမေဟောင်းများနှင့် တွေ့ ဆုံမှုပြုလုပ်ကြောင်း သိရှိရ။

အကျဉ်းထောင်အသီးသီးမှ ပုဒ်မအမျိုးမျိုးတပ်ကာ အကျဉ်းကျခံခဲ့ကြပြီး ပြန်လည်လွတ်မြောက်လာသော ABSDF ရဲဘော်/ရဲမေဟောင်းများနှင့် ယခုလက်ရှိ ABSDF ဥက္ကဌ ကိုသံခဲ ဦးဆောင်သော ငြိမ်းချမ်းရေးအဖွဲ့တို့ တွေ့ဆုံပွဲကို ယနေ့ ၂၂-၁၂-၂၀၁၂ နေ့ နံနက် (၉) နာရီအချိန်က

သင်္ဃန်းကျွန်းမြို့နယ်ရှိ မဂ္ဂင်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ကျဆုံးသွားသော ရဲဘော်/ရဲမေအသီးသီးအတွက် သံဃာတော်များအား ဆွမ်းဆက်ကပ်လှုဒါန်းကြပြီး အမျှအတမ်းပေးဝေ ရေစက်ချကာအခမ်းအနားကို နေ့လည် (၁) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

https://www.facebook.com/media/set/?set=a.10200169995720683.2191603.1475121874&type=1

ABSDF ရဲဘော်/ရဲမေဟောင်းများနှင့် တွေ့ ဆုံမှုပြုလုပ်ကြောင်း သိရှိရ။အကျဉ်းထောင်အသီးသီးမှ ပုဒ်မအမျိုးမျိုးတပ်ကာ အကျဉ်းကျခံခဲ့ကြပြီး ပြန်လည်လွတ်မြောက်လာသော ABSDF ရဲဘော်/ရဲမေဟောင်းများနှင့် ယခုလက်ရှိ ABSDF ဥက္ကဌ ကိုသံခဲ ဦးဆောင်သော ငြိမ်းချမ်းရေးအဖွဲ့တို့ တွေ့ဆုံပွဲကို ယနေ့ ၂၂-၁၂-၂၀၁၂ နေ့ နံနက် (၉) နာရီအချိန်က သင်္ဃန်းကျွန်းမြို့နယ်ရှိ မဂ္ဂင်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ကျဆုံးသွားသော ရဲဘော်/ရဲမေအသီးသီးအတွက် သံဃာတော်များအား ဆွမ်းဆက်ကပ်လှုဒါန်းကြပြီး အမျှအတမ်းပေးဝေ ရေစက်ချကာအခမ်းအနားကို နေ့လည် (၁) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

67384_10200169996480702_252923083_n

KING OF FACEBOOK ဖေ့ဘုတ် ဘုရင်ကြီးPOEM BY Htay Tint ,BROTHER OF KILLED 1988 STUDENT Htay Naing-BURMESE,ENGL.

HTAY TINT
HTAY TINT

ဖေ့ဘုတ်ဖွင့်လိုက်ရင်
After open my face book .
ငါ့ရဲ့ တိုင်းပြည်ထဲ ရောက်သွားတယ် ။
My mind go back to Burma .
သတင်းတွေဖတ်ရင်း
When I read news
ငါဟာ ပါဝင်ပါတ်သက်သူဖြစ်လာတယ် ။
i become inclusive .
သိချင်တာတွေ ရေးရင်း
I wrote what i want know
ငါဟာ စပ်စုသူဖြစ်လာတယ် ။
i become inquisitive man .
မှားတယ်လို့  ယူဆတာတွေကို ရေးရင်း
I find out wrong wrote artical
ငါဟာ အမှန်တရား ရှာဖွေသူဖြစ်လာတယ် ။
I become find the true . Continue reading “KING OF FACEBOOK ဖေ့ဘုတ် ဘုရင်ကြီးPOEM BY Htay Tint ,BROTHER OF KILLED 1988 STUDENT Htay Naing-BURMESE,ENGL.”