အသုံးအနှုန်းကို မနှစ်သက်၍ အောင်မှိုင်းဆန်းနှင့်အဖွဲ့ အာမခံယူရန်ငြင်းဆန်

 

အသုံးအနှုန်းကို မနှစ်သက်၍ အောင်မှိုင်းဆန်းနှင့်အဖွဲ့ အာမခံယူရန်ငြင်းဆန်

မင်းမင်းလတ်-မန္တလေး(မြစ်မခ)
by Myit Makha Mediagroup on 14 Dec, 2012

 

 

 

 

 

အာမခံခံဝန်လက်မှတ်ရေးထိုးရာစာရွက်ပေါ်၌ သုံးနှုန်းထားသော အသုံးအနှုန်းများအား မနှစ်သက်၍ အာမခံယူရန် ငြင်းဆန်ရခြင်းဖြစ်သည်ဟု ဗကသကျောင်းသား အောင်မှိုင်းဆန်းက သီးသန့်ပြောကြား လိုက်သည်။

 

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တရားရုံးမှ ပြန်လည်ခေါ်ထုတ်လာစဉ် ပုဒ်မ(၁၈)ဖြင့် အမှုဖွင့် အရေး ယူခြင်းခံထားရသူ အောင်မှိုင်းဆန်းက ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

 

“အခု ဖမ်းတယ်ဆိုတာလည်း  တရားတယ်လို့ ကျွန်တော်တို့ မယူဆပါဘူး ၊ နောက်ပြီးတော့ သုံးနှုန်း ထားတဲ့ အသုံးအနှုန်းတွေကလည်း ကျွန်တော်တို့ကို တရားခံဆိုပြီး သုံးနှုန်းထားပါတယ် ၊ အဲဒါကို ကျွန်တော်တို့ လက်မခံပါဘူး ´´ ဟု ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

 

၎င်းအား ဒီဇင်ဘာ (၁၂)နေ့ညမှ စတင်ဖမ်းဆည်းခဲ့ခြင်းဖြစ်ပြီး လက်ပံတောင်းအရေးဆန့်ကျင်မှု အတွက် စီတန်းလှည့်လည်စဉ် ပူးပေါင်းပါဝင်ခဲ့မှုအတွက် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

 

စီတန်းလှည့်လည်ရာတွင် ပါဝင်သူများအနက် ဗကသ အဖွဲ့မှ အောင်မှိုင်းဆန်း ၊ မင်းနိုင်လွင် ၊ သန်းထိုက်နှင့် ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့မှ သိန်းအောင်မြင့်တို့ အဖမ်းခံထားရပြီဖြစ်ပြီး ၀ရမ်းတွင် ပါဝင်သူ ဗကသမှ ထွန်းထွန်းကျော်မှာ ယခုတိုင် တိမ်းရှောင်နေဆဲ ဖြစ်ကြောင်း သိရသည်။

 

 

စီတန်းလှည့်လည်ခွင့်ဥပဒေသည် လုပ်ပိုင်ခွင့်နည်းနည်း ပေးထားပြီး ချုပ်ကိုင်မှုများနေကြောင်း ၊ အဆိုပါဥပဒေကို ပြန်လည်စဉ်းစား သင့်ကြောင်း ပြောဆိုခဲ့ပြီး ၎င်းတို့အနေနှင့် မြန်မာတစ်နိုင်ငံလုံးတွင် သံဃာ့လှုပ်ရှားမှုမှန်သမျှကို ပူးပေါင်းပေးရန်ရည်မှန်းချက်ရှိကြောင်းကိုလည်း ဗကသကော်မတီဝင် မိုးထက်နေက ပြောကြားခဲ့သည်။

 

 

“လပြည့်ညက ဖြေရှင်းသွားတဲ့ပုံက အင်မတန်ကို စိုးရိမ်စရာဖြစ်ပါတယ် ၊ ကျွန်တော်တို့ရှိနေရဲ့သားနဲ့ ဒီလိုမျိုး အဖြစ်မခံပါဘူး” ဟု မိုးထက်နေက ပြောသည်။

 

 

အများကို မထိခိုက်သည့် စီတန်း လှည့်လည်ခွင့်များကို အခြေခံဥပဒေက ပြဌာန်းပေးထားသော်လည်း မြို့နယ်ရဲတပ်ဖွဲ့မှူးများက ငြင်းဆိုနေခြင်းမှာ အခြေခံဥပဒေနှင့်မညီကြောင်းနှင့် စီတန်းလှည့်လည် မှုကြောင့် အမှုရင်ဆိုင်ရတော့မည်ဖြစ်သည့်သူများဘက်မှ ရှေ့နေများကွန်ယက်မှ ဦးသိန်းသန်းညွန့်က လိုက်ပါဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

“စီတန်းလှည့်လည်မှု လုပ်မယ်ဆိုရင် သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှုးဆီ ခွင့်တင်ရတယ် ၊ တကယ့် တကယ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အများပြည်သူရဲ့ ငြိမ်ဝပ်ပိပြားမှုကိုမထိခိုက်ဘူးဆိုရင် လွတ်လပ် စွာ စီတန်းလှည့်လည်ခွင့်ရှိတယ် ၊ အဲဒီအခြေခံဥပဒေက ပေးထားတဲ့အခွင့်အရေးကို မြို့နယ်ရဲတပ်ဖွဲ့ မှူးတွေကို ငြင်းပယ် ခွင့်ပေး ထားတာ အခြေခံဥပဒေနဲ့ လုံးဝမညီဘူး ´´ ဟု မိုးထက်နေက သုံးသပ် ပြောကြားခဲသည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၂)ရက်နေ့က ပြုလုပ်ခဲ့သည့် သံဃာများစီတန်းလှည့်လည်မှုတွင် လူထောင် ပေါင်းများစွာပါဝင်သော်လည်း ယခုလို ငါးဦးသာ ဖမ်းဝရမ်းထုတ်ခဲ့ခြင်းနှင့် ပတ်သတ်၍ မန္တလေးခရိုင် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူအား တွေ့ဆုံမေးမြန်းရာ ၎င်းတို့တွင် ဖြေကြားရန် အခွင့်အရေးမရှိဟု  တရားရုံး သို့လိုက်ပါလာသည့် အရာခံဗိုလ်တစ်ဦးက  ပြောကြားခဲ့သည်။

 

စုံးစမ်းစစ်ဆေးမှုများကို လာမည့် (၂၀)ရက်နေ့တွင် ထပ်မံပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

 

breaking news:small explosion on the stage before Daw Aung San Suu Kyi give a speech. Three people got injured!!

There   was a small explosion on the stage before  Daw  Aung San Su Kyi  came and gave speech in Kan Maw village, Myeik Archipelago  and while people were cleaning up the stage for that event at 3pm local time on 14,december,2012.

397164_4604312838626_620230482_n

 

The people from NLD party members from Kan Maw Village were arranging and cleaning up the place where Daw Aung San Su Kyi would come and deliver speech. One of the NLD members reported that at least three members were wounded. One of them is elderly woman and has wounded in thigh, the other two were young people and have wounded in their faces.

There is a hole which is one yard deep after the explosion and some metal were scattering all around the incident location.

A nurse from Kan Maw Hospital confirmed that explosion is the course of wounds of the victims. Administration leader, U Bar Bu also witnessed that there was an explosion. Till now there was no authority that came and investigated on the place.

 

One of the NLD member commented that water transportation is the course of these delays. And there were some authorities visiting the victims at the hospital as people were reporting to NLD central office.

———

“This is the serious matter. The government need to cooperate with her personal guards to protect the opposition leader Daw Aung San Suu Kyi. We need to be very careful about her safety. Before anything out of our hand we need advance prote

ction as this could affect highly on National Reconciliation”
မြိတ်ခရိုင်ကျွန်းစုမြို့ နယ်ကန်မော်ရွာရှိ၊ ဒေါ်အောင်ဆန်းစုကြည်မိန့် ခွန်းပြောကြားမည့်

စင်အားသန့်ရှင်းရေးပြုလုပ်နေစဉ် ပေါက်ကွဲမူအသေးစားတစ်ခု ယနေ့ သုံးနာရီအချိန်တွင် ဖြစ်ပွားခဲ့ကြောင်း NLD Central နှင့် NLD Dawei facebook များတွင် ဖော်ပြထားချက်အရ သိရသည်။

အဆိုပါ သတင်းနှင့် ပတ်သတ်၍ facebook တွင် ဖော်ပြထားသည့် သတင်းအရ သိရှိရကြောင်း၊ အသေးစိတ် အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိကြောင်း NLD ပါတီ သတင်းထုတ်ပြန်ရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောကြားခဲ့ပါသည်။ အသေးစိတ်အချက်အလက်များ သိရပါက သတင်းထုတ်ပြန်သွားမည် ဖြစ်ကြောင်းလည်း ဦးအုန်းကြိုင်က ပြောကြားခဲ့ပါသည်။
Eleven Media News

PRESIDENT OFFICE Myanmar Information Team Press Release (12/2012)children with suspected health problems

Republic of the Union of Myanmar

Information Team

Press Release (12/2012)

14 December 2012

1st Waxing of Nadaw 1374 ME

Releasing medical records of four children with suspected health problems caused by acid

1. According to the request of Chairperson Daw Aung San Suu Kyi of Investigation Commission formed regarding Lapadaungtaung Copper Mining Project in Salingyi Township of Monywa District of Sagaing Region, four children with suspected health problems due to the exposure to acid were sent to Yangon Children’s Hospital and medical check-ups were made.

2. The four children arrived at Yangon Children’s Hospital on 11 December 2012, and received necessary medical check-ups by specialists. Their medical records revealed as follow:-

No.

Name

Age

remarks/diseases

(a)

Ma Yun Wadi

one year and ten months

Cerebral Palsy

(b)

Mg Kaung Htet Zaw

eight years

Cerebral Palsy

(c)

Ma San Yu Maw

two years and four months

Cerebral Palsy

(d)

Ma Zin Mar Swe

16 years

Brain Tumour surgery was given five years ago. Loss of vision

occurred gradually.

3. According the aforementioned examination results, there is no symptoms  of exposing to acid, it is learnt.

ABSDF North Dec 13, 2012 3:41pm VIDEO

source Kayin Lay ယနေ့ နောက်ဆုံးရသတင်းများအရ ကေအိုင်အေဗဟိုဌာနချုပ်ရှိရာ လိုင်ဇာဖက်သို့ စစ်အစိုးရတပ်များ အင်အားဖြည့်ချည်းကပ်လျက်ရှိနေသဖြင့် ကေအိုင်အေနင့် ကျောင်းသားတပ်မတော်တို့ မှ အဆင့်သင့်ပြင် နေရာယူမှုများပြုလုပ်ထားလျက်ရှိသည်။ ကျောင်းသားတပ်မတော်မှလည်းနောက်ချန်အင်အားအားထုတ်နုတ်လျက် ရှေ့ တန်းသို့ ထပ်မံပို့ ဆောင်ပြီး အဆင့်သင့်အနေအထားရှိနေပြီဖြစ်သည်။ —