Conspiracy of Bengali (so-called Rohingya) supporters? ဘင်္ဂါလီကိစ္စတုန်းက ဟန့်ခဲ့ သူတွေ ဒီကိစ္စမှာ ဘယ်ရောက်သွားလဲ ? by James Mint

bengali supporters divert the attention-They don’t want public united against Bengali so-called Rohingya. This is a new tatic.
လက်ပန်းတောင်းတောင် အပါအ၀င် တစ်ခြားကိစ္စတွေ အများကြီး စဖြစ်ကတည်းက အကုန်လုံးကို ခြုံပြောရခက်ပေမယ့် မရိုးသားမှုကတော့ တွေ့နေရတာပါပဲ…. ကိုမင်းကိုနိုင်တို့၊ ဒေါ်စုတို့ အစပိုင်းကတည်းက ၀င်မပါဘူးဆိုကတည်းက တစ်ခုခုတော့ မှားနေတယ်ဆိုတာ စဉ်းစားဖို့ လိုပါတယ်……. သူတို့ ကိုယ့်ထက် မျက်စိကြီး နားကြီးကြပါတယ်….

အခု လက်ပန်းတောင်းတောင် ကိစ္စမှာ ဒေါ်စု (ဗိုလ်ချုပ်သမီး၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အိုင်ကွန်၊ လက်ရှိ တရားဥပဒေ စိုးမိုးရေး ကော်မတီဥက္ကဌ) ကိုယ်တိုင် လာစစ်ဆေးမယ်….. အစောကြီးကတည်းက သတင်းတွေ သိထားကြပြီးသားပါ….. နောက်ပီး အစိုးရက အစောကြီးကတည်းက သပိတ်စခန်းကို ဖျက်ဖို့ ကြိုပီး Notice ထုတ်ထားတယ်…… ဆန္ဒပြသူတွေ အနေနဲ့ အစိုးရလည်း ဂရုမစိုက် ဒေါ်စု လာဖြေရှင်းပေးမှာလည်း ဂရုမစိုက်ဆိုတဲ့ ပုံစံလို ဖြစ်မသွားဘူးလား…. ဒေါ်စုလုပ်ပေးမှာကို မယုံလို့လား… သူဆက်ပီးတော့ လုပ်ပေးမှာတွေကို ဆန္ဒပြသူတွေက လက်မခံနိုင်ဘူးလား…… လားပေါင်းများစွာ ထွက်လာပါတယ်…. သေခြာတာတော့ ဒေါ်စုကိုလည်း လုပ်ရကိုင်ရ ကြပ်သွားအောင် လုပ်လိုက်တာနဲ့ မတူဘူးလား…… စဉ်းစားကြည့်ရင် အများကြီးပါ……

ဒေါ်စုဟာ တရားဥပဒေစိုးမိုးမှု ကော်မတီမှာ ဥက္ကဌပါ….. သူဘာလို့ အစောကြီးကတည်းက မ၀င်လည်း….. သူဘာကြောင့် အခုပြောတဲ့ စကားထဲမှာ ဒေါသတွေ ဟုန်းဟုန်းထနေတဲ့ ပါတ်ဝန်းကျင်မှာ မနေချင်ဘူးလို့ ဘာလို့ပြောလည်း…. စဉ်းစားဖို့တော့ လိုမယ်…. အခုကိစ္စမှာ ဒေါ်စုဟာ အေးအေးချမ်းချမ်းနဲ့ ပြေလည်တော့ ကျွန်မတို့ ပြည်သူတွေလည်း ဝမ်းသာတယ်။ နိုင်ငံလည်း သိက္ခာရှိတယ်လို့ ပြောခဲ့ပါတယ်…. အခု ဒေါ်စုပြောတဲ့ စကားဟာ တရားနည်းလမ်းကျတယ် ဒါပေမယ့် လူတွေ ဘာလို့ လက်မခံနိုင်ကြသလဲ…. သေခြာတာ အခုလက်ရှိမှာ ခံစားချက်ကို ရှေ့တန်းတင်နေကြတာပဲ….. စစ်တကောင်း ဘင်္ဂါလီတုန်းက ဒေါ်စုရဲ့ ဘက်နှစ်ဘက် စကားကို မှန်ကန်ပါတယ်၊ နားလည်ပေးရမယ်၊ တရားနည်းလမ်းကျပါတယ်လို့ ထောက်ခံခဲ့တဲ့လူတွေဟာ အခုဒီစကားကိုကော ဘာလို့ မထောက်ခံနိုင်တာလဲ….. စဉ်းစားစရာတွေ ထွက်လာတာပါပဲ…

ဘာပဲဖြစ်ဖြစ် ထစ်ခနဲရှိ ဘုန်းကြီးတွေ ရှေ့တန်းတင်ပီး ဖြစ်လိုက်တိုင်း ဘုန်းကြီးတွေ တန်းစီခံရတာကိုလည်း ကျွန်တော် အရင်ကတည်းက ခဏခဏရေးဖူးပါတယ်…. ရှေ့တန်းတင်တဲ့၊ ဘုန်းကြီးကိုလုပ်တဲ့ လူတွေလည်း ငရဲပဲ လားမှာ ဖြစ်သလို ခုတုံးလုပ်တဲ့လူတွေလည်းတော့ ငရဲပါပဲ…. ဒါပေမယ့် တမင် မလုပ်လုပ်အောင် လုပ်နေတယ် ဆိုရင်ကော ဘယ်လိုစဉ်းစားကြမလဲ…… နောက်တစ်ခုက စစ်တပ်က အာဏာသိမ်းသွားမယ်နော်နဲ့ စစ်တကောင်း ဘင်္ဂါလီကိစ္စတုန်းက ဟန့်ခဲ့သူတွေ ဒီကိစ္စမှာ ဘယ်ရောက်သွားလဲ မေးစရာတွေ ရှိပါတယ်…..

ဒီကိစ္စမှာ အစိုးရဘက် ထုံးစံအတိုင်း ရွှေဖော့ရိုးနဲ့ ရှင်းခိုင်းတာကို ၀ါးရင်းတုတ်နဲ့ ရှင်းထုတ်လိုက်လို့ ရွှေဖျဉ်းညီနောင် အနိစ္စရောက်တဲ့ ကိန်းမျိုးပါပဲ…… နဂိုက လက်နက်ကျွမ်းကျင် အခံမရှိ၊ ကိုယ်သုံးတဲ့ဟာ ဘယ်လောက် တာသွားမှန်း အနှိုင်းအဆမသိ မလုပ်သင့်တဲ့အချိန်မှာ လုပ်တော့ မဖြစ်သင့်တာတွေ ဖြစ်လာတာပါပဲ…… ဒီလိုပဲ ဆန္ဒပြသူတွေဖက်မှာကော သွေးထိုးသူတွေ မရှိနေဘူးလားဆိုတာ ကျွန်တော် အပေါ်ကပြောတဲ့ အချက်တွေနဲ့ နှိုင်းယှဉ်စဉ်းစားနိုင်ပါတယ်….. ဒီကိစ္စမှာ ခဲ တစ်လုံးတည်းနဲ့ ငှက်နှစ်ကောင်မက ပစ်သွားတာပါ…..

အစိုးရလည်း သိက္ခာချလိုက်သလို ဒေါ်စုကိုလည်း အကျပ်အတည်းနဲ့ ပြဿနာ မတက်တက်အောင် ထိုးပေးလိုက်တာပါပဲ…… မြန်မာနိုင်ငံရေး မအေးလေ၊ ဆူပူနေလေ ဘယ်သူတွေ လုပ်စားရ လွယ်လေ၊ ဘယ်သူတွေ ခိုးဝင်ရလွယ်လေ ဆိုတာလည်း မျက်စိရှင်ရှင် ထားကြည့်စေချင်ပါတယ်…. ဒါတွေကို မြင်အောင်ကြည့်နိုင်ဖို့လိုတယ်….. ဒီအဆိုးထဲက အကောင်းအနေနဲ့ ဦးပိုင်ကို သေခြာကြပ်မတ်ဖို့ တောင်းဆိုရမှာ ဖြစ်ပါတယ်….

ကျွန်တော်သိပါတယ် ဒီလိုကိစ္စတွေ ဖြစ်တိုင်းမှာ အစိုးရကို အားလုံး ၀ိုင်းအပြစ်တင်သလို ကျွန်တော့ကို အပြစ်တင်စေချင်တယ်…. ကျွန်တော်ကလည်း ကျွန်တော့ညဉ်အတိုင်း ၀ါးလုံးရှည်နဲ့ သိမ်းကြုံးမရမ်းဘူး အခြေအနေကို စောင့်ကြည့်တယ်…. သူတို့ဖြစ်စေချင်သလို မဖြစ်ကြတော့ ဒီအတွက် လူခွာပီး တံဆိပ်ကပ်ကြတယ်…… အရင် NLD ကိစ္စတွေ ဖြစ်တယ်…. ထုံးစံအတိုင်း မဖြစ်သင့်ဘူးဆိုပီး ထောက်ပြတယ်…. ဒေါ်စုနဲ့ ပြဿနာဖြစ်ရခြင်းတေါနဲ့ ခွဲခြားပြတယ်…. အဲ့ဒိအချိန်တွေမှာတော့ တံဆိပ်တွေခွာ လူတွေပြန်လာကပ်ကြတယ်…… ဒီအတွက်တော့ သူတို့ဖြစ်စေချင်သလို ရေးစေချင်သလို မရေးတဲ့အပေါ် ဝေဖန်လာမှာကို ပြင်ထားပီးသားပါပဲ…..

ကျွန်တောတို့ လူမျိုးက ကောက်ရိုးမီးလို အတောက်လွယ်တယ် အငြိမ်းလွယ်တယ်၊ အညှာသိသူတွေက ထစ်ခနဲရှိတိုင်း ကိုယ့်လူမျိုးတွေရဲ့ အသည်းညှာကို ဆွဲကိုင်လှုပ်နိုင်မယ့် ဟာတွေနဲ့ပဲ လုပ်သွားလေ့ ရှိတယ်…. အခုအချိန်မှာ အရေးကြီးတာက ခံစားချက်ကို ရှေ့တန်းတင်တာထက် Facts & Figures တွေများများစုပါ၊ နှိုင်းယှဉ်ကြည့်ပါ….. သတင်းကို စိတ်ခံစားချက်ထက် သတင်းလိုဖတ်ပီး သုံးသပ်ပါ…… ဒေါ်စုလို လူကြီးတွေ ဘယ်လိုစကားလုံးတွေ သုံးသွားသလဲ လေ့လာကြည့်ပါ.. အမှန်အမှား အဖြေသဲသဲကွဲကွဲ ထွက်လာပါလိမ့်မယ်…..

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s