နစက-BGB နယ်စပ်လုံခြုံရေး တိုးမြင့်ချထားမှု အရှိန်မြင့်မားလာ

BGB operation Border on Nov 13မြန်မာ-ဘင်္ဂလာ နယ်စပ်မှတ်တိုင် အမှတ် ၅၀၊ ၅၁၊ ၅၂နှင့် အနီးတ၀ိုက်ရှိ နစက-BGBတို့အကြား နိုဝင်္ဘာ ပထမအပတ်က လုံခြုံရေး တိုးမြင့် ချထားမှု အရှိန်မှာ ပိုမိုမြင့်မားလာကြောင်း နယ်စပ်မှ သတင်းပေးပို့သည်။

ဘင်္ဂလာ အခြေစိုက် အမည်မသိ နက်လက်ကိုင် တပ်ဖွဲ့တဖွဲ့အနေဖြင့် နိုဝင်္ဘာ ၆ ရက်နေ့က မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ် နယ်စပ်လမ်းများကို ပြုလုပ်နေသော GE တပ်ဖွဲ့ဝင်များအား အငိုက်မိတိုက်ခိုက်ရာ တစ်ဦးသေဆုံးသွားခဲ့ပြီး ၃ ဦးမှာ ပြန်ပြေးဆွဲ ခံရမှုမှ ယခုကဲ့သို့ နယ်စပ်တင်းမာမှုမှ လုံခြုံရေးတပ်ဖွဲ့များ တိုးမြင့်ချထားမှု ပြန်လည်မရုပ်သိမ်းသေးဘဲ ရှိနေခြင်းဖြစ်သည်။

ယင်းအခင်းဖြစ်ပွားမှုကြောင့် မောင်တောမြို့နယ် နယ်မြေ ၇ နစက- နတ်ချောင်းဆရီမြို့နယ် အခြေစိုက် BGB အမှတ် ၁၅ တို့အနေဖြင့် အရေးပေါ်တွေ့ဆုံဆွေးနွေးခဲ့သည်မှာ လေးကြိမ်တိုင်ရှိခဲ့ပြီးဖြစ်သော်လည်း လုံခြုံရေးတင်းကြပ်ချထားမှု နှစ်ဘက်စလုံးမှ တိုးမြင့်လျက် ရှိနေကြောင်း ယင်းဒေသခံ မျက်မြင်များက အတည်ပြုပြောဆိုသည်။

နစက-BGB တို့အနေဖြင့် ယင်းခြုံခိုပစ်သတ် ပြန်ပြေးဆွဲသွားသော အဖွဲ့မှာ RSO တပ်ဖွဲ့ဝင်များဖြစ်ကြောင်းနှင့် နစကအနေဖြင့် BGBအား ရှာဖွေအပ်နှံရန် အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးကာ ပန်ကြားထားသော်လည်း ယခုအချိန်ထိ ဖေါ်ထုတ်နိုင်ခြင်း မရှိသေးချေ။

နစကအနေဖြင့် ပြန်ပြေးဆွဲခံ ယင်းတို့ GE တပ်ဖွဲ့ဝင် ၃ ဦးအား BGBက ရှာဖွေ၍ ပြန်လည်မအပ်နှံနိုင်င်လျှင် ဘင်္ဂလာပိုင်နက်တွင်းသို့ ယင်းတို့ကိုယ်တိုင် ၀င်ရောက်ရှာဖွေမည်ဖြစ်ကြောင်း ကမ်းလှမ်းမှုများရှိကြောင်း နယ်စပ်သတင်းများအရ သိရှိရသည်။

BGB အနေဖြင့် ယင်းတို့နတ်ချောင်းဆရီနယ်မြေရှိ ဒိုးဆိုးရီ၊ လီမော်ဆိုးရီ၊ အာဆာတိုလီနှင့် ဆာက်တာလား နယ်မြေများရှိ ဒေသခံများကို မေးမြန်းရှာဖွေခဲ့ပြီးဖြစ်ကြောင်းနှင့် RSO မှ ယင်းနယ်မြေအပြင် နယ်စပ်ဒေသရှိ ဗုဒ္ဓဘာသာဝင်များအား နည်းမျိုးစုံဖြင့် ခြိမ်းခြောက်မှုများ ရှိနေသဖြင့် ဒေသခံများမှာ စိုးရိမ်မှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပေးပို့သော သတင်းများအရ သိရှိရသည်။

ဘင်ဒရိုဘင်ခရိုင် နတ်ချောင်းဆရီမြို့နယ် အခြေစိုက် BGB အမှတ် ၁၅ တပ်ရင်းမှူး မာဟာဘ်ဘူရ် ရော်ဟ်မာန် PSC က “ပြန်ပြေးဆွဲခံရတဲ့ မြန်မာ့စစ်တပ်ကသူတွေအတွက်ကြောင့် နှစ်ဘက်နယ်စပ်က စစ်တပ်လုံခြုံရေးတပ်ဖွဲ့တွေ ခုချိန်ထိ နေ့ညအသင့် ရှိနေတုန်းပါဘဲ၊ လုံခြုံရေးတွေ အတွက်ပါ၊ အစောပိုင်းတော့ နယ်စပ်အနီးက လူထုတွေ လုံခြုံတဲ့နေရာဘက်ကို ရွေ့ပြောင်းခဲ့ကြပါတယ်။”ဟု ဒေသခံ သတင်းထောက်တဦးအား ပြောဆိုလိုက်သည်။

ဒိုးဆိုးရီနယ်မြေမှ စေယမာန် အာဘ်ဒူ ရော်ဆိဒ်က “ပြဿနာအစတော့ စိုးရိမ်ခဲ့ပါတယ်၊ အိမ်မရအထိပေါ့ဗျာ၊ သို့သော်လည်း BGBက အနီးအနားမှာ ရှိနေတော့ ဖြေသာပါတယ်။”ဟု ဆိုကြောင်း ယင်းဒေသခံသတင်းထောက်က သတင်းပေးပို့ထားသည်။

မြန်မာအစိုးမရ ဘင်္ဂလာပိုင်နက်မှ ဗုဒ္ဓဘာသာဝင်များအား မောင်တောမြို့နယ်တွင် အခြေချပေးမည်ဟု တရားမ၀င် ကောလဟလ သတင်းများ ပေးဆောင်ပြီး ခေါ်ဆောင်နေမှုသတင်းများကြောင့် တချို့မှာ သွားရောက်ဆက်သွယ် နေထိုင်သူများ ရှိနေသဖြင့် BGB အနေဖြင့် ယင်းသတင်းကြောင့် မကျေနပ်မှုများ စတင်ရှိလာနေသည်ဟု နယ်စပ်သတင်း တခုက ဆိုသည်။

http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/666–bgb—

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s