Burma Thailand သစ်ခိုးထုတ်သည့် အဖွဲ့ ထိုင်းအာဏာပိုင်များ ဖမ်းမိ-

ထိုင်းအမျိုးသား ဥယျာဉ်ပိုင် သစ်များအား တရားမဝင် ခိုးထုတ် နေသည့် အဖွဲ့ငယ် တစ်ခုအား ယမန်နေ့က စံခလဘူရီ ခရိုင် ပလိုင်းနွစ် ရွာတွင် ထိုင်းအာဏာပိုင် များမှ ဖမ်းဆီး ရမိ ခဲ့သည်ဟု သိရှိရသည်။

ကန်ချနပူရီ အခြေစိုက် တပ်မ (၉) မှ နယ်မြေ စိုးမိုးရေး စစ်ကြောင်း၊ စံခလဘူရီ အခြေစိုက် နယ်ခြားစောင့် အထူးတပ် ၁၄၀၆၊ နယ်ခြားစောင့်တပ် ၁၃၄၊ ထွမ်ဖာဖုန်မြို့နယ် အမျိုးသား ဥယျာဉ် လုံခြုံရေး ပူပေါင်း အင်အား များဖြင့် ဖမ်းဆီး ရမိ ခဲ့ခြင်းလည်း ဖြစ်သည်။

“သူတို့တွေ သစ်ကို ခွဲစိတ် နေကြတုန်း ဖမ်းမိတာ၊ နေ့လည် ၁၀ နာရီ ၅၅ မိနစ် မှာပေါ့၊ ကျွှန်တော်တို့ နိုင်ငံပိုင် သစ်တောတွေ ပြုန်းတီး ရပါတယ်၊ အခု အချုပ်ခန်းထဲ ထည့်ပြီး အမှု ဖွင့်ထား ပါတယ်” ဟု စံခလဘူရီ ဒေသခံ ရဲအရာရှိ တစ်ဦးမှ ပြောသည်။

သက်သေခံ ပစ္စည်း များအဖြစ် သစ်များ ဆွဲရန်အတွက် အတွက် အသုံးပြုသည့် ဆင်နှစ်ကောင်၊ စတန်းစက် တစ်လုံး၊ ခွဲစိတ်ပြီး သစ်ပြား (၂၂) ချပ်နှင့် မခွဲစိတ် ရသေးသည့် ပိတောက်သား သစ်အတုံး (၁) တုံး၊ အခြား ထိုင်းနိုင်ငံ တားမြစ် သစ်တမျိုး (၆) တုံး တို့အား သိမ်းဆည်း ရမိခဲ့သည်ဟု ရဲမှုခင်း အစီရင် ခံစာအရ သိရှိရသည်။

ဖြစ်စဉ်မှာ နိုင်မြင့်ရွှေဟု ဆိုသူမှ ၄င်းထိုင်း အမျိုးသား ဥယျာဉ်ပိုင် သစ်များ ထုတ်လုပ်ရန် အတွက် သစ်ဆွဲခ တစ်တန်လျှင် ထိုင်းဘက် ၁၅၀၀ ဘတ်နှင့် ဆင်နှစ်ကောင်၊ တစ်ရက်လျှင် ဘတ် ၂၀၀ နှုန်းဖြင့် လွှတိုက် သမား နှစ်ဦးအား ငှားရမ်း ခဲ့ပြီး ထိုင်းအမျိုးသား ဥယျာဉ်ပိုင် သစ်များကို ခိုးထုတ်ရန် စေခိုင်းခဲ့သည်။

ဆင်ဦးစီး နှစ်ဦးမှာ နိုင်ကပအီး (၅၂) နှစ်နှင့် နိုင်ဖုကလိ (၅၂) နှစ်တို့ ဖြစ်ပြီး ထိုင်းနယ်မြေ အသိအမှတ်ပြု ကဒ်ပြားများ ကိုင်ဆောင်ကာ ထိုင်းနိုင်ငံတွင် နေထိုင်သည့် မြန်မာ နိုင်ငံသား နှစ်ဦး ဖြစ်ပြီး လွှတိုက် သမားများမှာ နိုင်တာတာ (၄၅) နှစ်နှင့် နိုင်တာနု (၄၀) နှစ်တို့ ဖြစ်ပြီး ဘုရားသုံးဆူ ဒေသခံ မြန်မာ နိုင်ငံ သားများ ဖြစ်ကြကာ မည်သည့် ကဒ်ပြားမှ ကိုင်ဆောင် ထားခြင်း မရှိပေ။

ကာလ တန်ဖိုးအားဖြင့် ထိုင်းဘတ်ငွေ ၃၂၀၀၀ ဘတ် တန်ဖိုးရှိ ပိတောက်နှင့် အခြား တားမြစ် သစ်တစ်မျိုးအား ခုတ်ယူ၍ ကြိတ်ခွဲ နေစဉ်၌ ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။

သက်သေခံ ပစ္စည်း များအား ထိုင်းအမျိုးသား ဥယျာဉ်မှ သိမ်းယူ ထားပြီး ဆင်နှစ်ကောင် အားလည်း ၄င်းတို့ပင် ထိန်းသိမ်း စောင့်ရှောက် ထားပါသည်။ ဖမ်းဆီး ရမိသည့် သူများအား ထိုင်းနိုင်ငံ သစ်တော ဥပဒေ ချိုးဖောက်မှု စွဲချက်ဖြင့် အမှု ဖွင့်ထား သည်ဟု သိရှိ ရပါသည်။

http://www.phophtaw.org/burmese/index.php/news/internation-news/2408-2012-11-22-13-16-06.html

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s