၁၃၇၄-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၈) ရက်။
၂၀၁၂ -ခုနှစ်၊ နိုဝင်ဘာလ(၂၁)ရက်။
၁။ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေး လှုပ်ရှားမှု ကော်မတီ (M.N.M.C) ၏ ၂၀၁၂ နိုဝင်ဘာလ(၂၀) ရက်နေ့ ရက်စွဲပါ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသို့  ထုတ်ပြန်ထားသော ကြေညာချက်ကို သက်ဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးသို့  ပထမ အဆင့်အနေဖြင့် ပေးပို့ သွားမည်ဖြစ်သည်။
၂။ မြန်မာနိုင်ငံသို့  နိုဝင်ဘာလ(၁၉) ရက်နေ့ က အလည်အပတ်လာရောက်ခဲ့သော အမေရိကန် သမ္မတ အိုဘားမား၏ မြန်မာပြည်ခရီးစဥတွင် ပြောကြားသွားသော မိန့် ခွန်းမှ ” ရိုဟင်ဂျာ” ဟု သုံးစွဲမှုအပေါ် ကန့် ကွက်ကြောင်းကို အမေရိကန် သံရုံးသို့  ပထမ အဆင့်အနေဖြင့် ပေးပို့ သွားမည်။
၃။ အထက်ပါ အချက် နှစ်ချက်နှင့် ပက်သက်သော ကြေညာချက်များကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံး နှင့် အမေရိကန် သံရုံးများသို့  တစ်ပြိုင်တည်း ပေးပို့ သွားမည် ဖြစ်ကြောင်း ရဟန်းရှင်လူပြညသူလူထုအား အသိပေးကြေညာအပ်ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေးလှုပ်ရှားမှု ကော်မတီ
Myanmar National Movement Committee(M.N.M.C)