6.november 2012
ရခိုင်ပြည်နယ်အတွင်း အောက်တိုဘာလအတွင်းက နောက်ဆက်တွဲဖြစ်ပွားခဲ့သော ပြဿနာကြောင့် စစ်တွေမြို့တွင် သားငါးဈေးကွက်များထိခိုက်
———————————————————————————————–
စစ်တွေ၊ နိုဝင်ဘာ ၆
ရခိုင
်ပြည်နယ်အတွင်း အောက်တိုတိုဘာလ နောက်ဆုံးပတ်တွင် ဆက်လက်ဖြစ်ပွားခဲ့သော နောက်ဆက်တွဲ ပြဿနာကြောင်း စစ်တွေမြို့တွင် သားငါးဈေးကွက်များထိခိုက်ခဲ့ကြောင်းသိရသည်။ ပုံမှန်ဆိုလျှင် သီတင်းကျွတ်လပြည့်နေ့မတိုင်မီ(၁)ရက်နေ့မှသာ ငါးဖမ်းစက်လှေများအနားယူပြီး သီတင်းကျွတ်လပြည့်ကျော် (၂)ရက်နေ့လောက်တွင်မှသာ ငါးဖမ်းစက်လှေများပြန်လည်လုပ်ငန်းခွင်ဝင်ကြကြောင်းသိရသည်။ သို့သော်လည်း ယခုနှစ် ယင်းအချိန်တွင် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ကျောက်ဖြူမြို့တွင် ဆက်လက်ဖြစ်ပွားခဲ့သော နောက်ဆက်တွဲပြဿနာများကြောင်း ငါးဖမ်းစက်လှေများမှာ ပင်လယ်ပြင်လုံခြုံမှုမရှိသဖြင့် ပုံမှန်ရက်ထက် သုံးလေးရက်လောက်စောပြီးလုပ်ငန်းခွင် ပိတ်သိမ်းခဲ့သောကြောင့် စစ်တွေမြို့အတွင်း ငါးများရှားပါးကာ သားငါးဈေးနှုန်းများမတန်မဆထိုးတက်သွားခဲ့ရသည်။ သီတင်းကျွတ်လွန်သော်လည်း ပင်လယ်ပြင်လုံခြုံမှုအရေး စိုးရိမ်မှုရှိသောကြောင့် ငါးဖမ်းစက်လှေအချို့မှာ ယခုအချိန်ထိလုပ်ငန်းခွင်မ၀င်နိုင်ဘဲရှိနေသေးသည်။ အဆိုပါဈေးကွက်ဂယက်ကြောင့် သားငါးကိုအဓိကထားလုပ်ကိုင်နေရသည့် ထမင်းဆိုင်၊ စားသောက်ဆိုင်၊ မုန့်တီမုန့်ဟင်းခါးဆိုင်အချို့မှာ ပိတ်ထားခဲ့ရပြီး အများစုမှာ လုပ်ငန်းများနှောင့်နှေးခဲ့ရသည်အထိဖြစ်ခဲ့ရသည်။ စစ်တွေမြို့၊ မောလိပ်ရပ်ကွက်အတွင်းရှိ နာမည်ကြီးရခိုင်မုန့်တီဆိုင်ဆိုလျှင် ငါးရှားပါပြီး လိုအပ်သည့်ငါးများသဖြင့် ဆိုင်ကို(၁)ပါတ်နီးပါးခန့် ပိတ်ထားခဲ့ရပြီး ယနေ့ ၆-၁၁-၂၀၁၂ နေ့တွင်မှသာ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်းသိရသည်။ ယခုအချိန်တွင် ငါးဖမ်းစက်လှေတစ်ချို့မှာ လုပ်ငန်းခွင် ၀င်နေကြပြီဖြစ်သော်လည်း သားငါးဈေးနှုန်းမှာ မကျဆင်းသေးကြောင်းသိရသည်။ အဆိုပါငါးဖမ်းစက်လှေများမှာလည်း ပင်လယ်ပြင်လုံခြုံရေးစိုးရိမ်မှုများကြောင့်လည်း တစ်စုတစ်ဝေးတည်း ထွက်ခွာပြီး တစ်စီးနှင့်တစ်စီး မျက်မြင်နိုင်လောက်သောအခြေအနေတွင်သာ ငါးဖမ်းနေရကြောင်းသိရသည်။