မူဆယ်ခရိုင် ဒေသအတွင်း အဓမ္မ လူသစ် စုဆောင်း ခံရသည့် အရပ်သား များအား အဓမ္မ စုဆောင်း ခဲ့သည့် သောင်းကျန်းသူ အဖွဲ့တစ်ဖွဲ့ နှင့် အတူ လက်ရ ဖမ်းဆီးရမိ

(မူဆယ်ခရိုင် ဒေသအတွင်း အဓမ္မလူသစ် စုဆောင်းခံရသည့် အရပ်သား များအား အဓမ္မ စုဆောင်းခဲ့သည့်  သောင်းကျန်းသူ အဖွဲ့တစ်ဖွဲ့နှင့် အတူ လက်ရ ဖမ်းဆီးရမိ)

(နေပြည်တော်   အောက်တိုဘာ   ၂၈)
၂ဝ၁၂ ခုနှစ် အောက်တိုဘာ  ၂၆  ရက်က ပြောက်ကျား ယူနီဖောင်း ဝတ်ဆင်ထားသော သောင်း ကျန်းသူ အဖွဲ့တစ်ဖွဲ့ သည် ပန်ခမ်း ဒေသတွင် ကျေးရွာ များမှ အဓမ္မ စုဆောင်း ထားသော လူသစ် များဖြင့် တပ် သားသစ် သင်တန်း ဖွင့်လှစ် လျက်ရှိကြောင်း သတင်းအရ မိမိ နယ်မြေခံ စစ်ကြောင်း များဖြင့် နယ်မြေ ရှင်းလင်းခဲ့ရာ ၄င်း သောင်းကျန်းသူ အဖွဲ့နှင့် အဓမ္မစုဆောင်း  ခံရသည့် အရပ်သား များသည် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် တာပန်းကုန်း၊ ရှောက် ပန်းကုန်း ဒေသသို့ တိမ်းရှောင် ရောက်ရှိ ခဲ့ကြောင်း၊ သောင်းကျန်းသူ များသည် ၄င်းဒေသရှိ ကျေးရွာများ မှ လူသစ် များအား အတင်းအဓမ္မ ထပ်မံ စုဆောင်းခဲ့ရာ နယ်မြေခံ စစ်ကြောင်း များနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း၊ ထို ဖြစ်စဉ်တွင် ပြောက်ကျား ယူနီဖောင်း ဝတ်ဆင် ထားသော သောင်းကျန်းသူ ၄၈ ဦးအား အရှင် ဖမ်းဆီး ရမိခဲ့ပြီး အဖွဲ့ ခေါင်းဆောင်မှာ ထွက်ပြေး လွတ်မြောက် သွားကြောင်း သတင်း ရရှိသည်။
သောင်းကျန်းသူ များ၏ လုပ်ရပ်အား လက်မခံ၊ နှစ်မြို့ခြင်း မရှိသည့် ဒေသခံ တိုင်းရင်းသား များမှ နယ်မြေခံ ပြည်သူ့စစ် နှင့် တပ်မတော် စစ်ကြောင်း များအား  သတင်း အတိအကျ ပေးခဲ့မှုကြောင့် ၂ဝ၁၂ ခုနှစ် အောက်တိုဘာ ၂၆ ရက်က ထိတွေ့မှု ဖြစ်ပွားခဲ့ ကြောင်း၊ သောင်းကျန်းသူ အဖွဲ့မှ ခေါင်းဆောင် ဖြစ်သူ (စိစစ်ဆဲ) အဆင့်ရှိ ခေမာနှင့် တစ်ဦးမှာ လွတ်မြောက် ထွက်ပြေး သွားပြီး သောင်းကျန်းသူ နှစ်ဦး သေဆုံး၊ ဒဏ်ရာရသူ နှစ်ဦး အပါအဝင် SSA (ဝမ်ဟိုင်း) အဖွဲ့၊ တပ်မဟာ(၁) ဌာနချုပ်မှ တပ်သားသစ် နည်းပြ တာဝန် ထမ်းဆောင် သူ ကိုယ်ပိုင်အမှတ်၊ ဝဝ၈၉၃၁၊ တပ်ကြပ်ကြီး အဆင့်ရှိ အိုက်ရီ (ခေါ်) ရီဆာနှင့် ၄၇ ယောက်အား လက်နက်/ ဖောက်ခွဲရေး မိုင်းများ နှင့်အတူ အရှင် ဖမ်းဆီး ရမိခဲ့သည်။
ပဏာမ စစ်ကြောချက် အရ ဖမ်းဆီး ရမိ ၄၈ ယောက်တွင် တပ်ကြပ်ကြီး အဆင့်ရှိ အိုက်ရီ (ခေါ်) ရီဆာအပါ အဝင်လေးဦး မှာ တပ်မဟာ (၁)ဌာနချုပ် SSA (ဝမ်ဟိုင်း) မှဖြစ်ပြီး ကျန် ၄၄ ယောက်မှာ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ နှင့် လားရှိုး အပါအဝင် မြို့/ရွာ ၇ ခုမှ အဓမ္မ လူသစ် စုဆောင်း ခံရသူ များဖြစ် ကြောင်း၊ ၄င်းတို့အား ကချင် ပြည်နယ်၊ မန်စီမြို့နယ်၊ ကုန်းခမ်း ကျေးရွာ အနီး တပ်သားသစ် သင်တန်းအား ၂ဝ၁၂ ခုနှစ် အောက်တိုဘာ ၇ ရက်မှ စတင်၍ ဖွင့်လှစ် သင်ကြား နေစဉ် တပ်မတော် စစ်ကြောင်း များ၏   ရှင်းလင်းမှု ကြောင့် ထွက်ပြေး တိမ်းရှောင် ခဲ့ရကြောင်း၊ သောင်းကျန်းသူ များ၏ အဓမ္မ လုပ်ရပ် များအား လက်မခံသည့် တိုင်းရင်းသား ပြည်သူ လူထုမှ အချိန်နှင့် တစ်ပြေးညီ သတင်း ပေးပို့မှု ကြောင့် ယခုကဲ့သို့ အရှင် ဖမ်းဆီး ခံရခြင်း ဖြစ်ကြောင်း သတင်း ရှိသည်။
အဆိုပါ  အဓမ္မ လူသစ် စုဆောင်းခံရ သည့် အရပ်သား ၄၄ ယောက်အား နယ်မြေခံ တပ်/ ရဲတပ်ဖွဲ့ တို့မှ သက်ဆိုင်ရာ မိဘ၊ ဆွေမျိုး များထံ ဆက်သွယ် အကြောင်းကြား လျက်ရှိပြီး တရားဝင် လွှဲပြောင်း အပ်နှံ ပေးသွား မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s