ALERT Religious War: Muslims Attack Burn and Destroy 10 Buddhist Temples in Bangladesh-video-photos

On October 1. 10 .2012, Buddhist monks adopt silence protest at Bodhgaya against burning down Buddhist Temples , houses & barbaric attack on minorities Buddhists in Bangladesh
photo credit

BANGLIS ROHINGYAS ARE LINKED BEHIND BANGLADESH’S MUSLIM ATTACKS ON BUDDHIST MONASTERIES
ဘုန်းကြီးကျောင်းများ မီးရှို့မှု ရိုဟင်ဂျာ ပတ်သက်နေဟု ဘင်္ဂလားဒေ့ရှ် အစိုးရဆို
နေမျိုး | တနင်္လာနေ့၊ အောက်တိုဘာလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၃၅ မိနစ်နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံနှင့် နယ်စပ်အနီး ဘင်္ဂလားဒေခ်ျ့နိုင်ငံ၊ ကော့ဘဇား ခရိုင်နှင့် စစ်တကောင်း နယ်များတွင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများနှင့် လူနေအိမ်များကို လူအုပ်များက မီးရှို့ဖျက်ဆီးခြင်း၏ နောက်ကွယ် တွင် ရိုဟင်ဂျာများ ဆက်စပ်မှု ရှိနေသည်ဟု

ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက စွပ်စွဲပြောဆိုလိုက်သည်။အစ္စလာမ် ဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ ကိုရမ်ကျမ်းစာအုပ်အား မဖွယ်မရာ စော်ကားထားသည့်ပုံ
ဖေ့စ်ဘွတ် စာမျက်နှာများပေါ်တွင် ပျံ့နှံ့လာပြီးနောက် ထိုပုံကို ဗုဒ္ဓဘာသာဝင် လူငယ်တဦးက တင်သည်ဟု စွပ်စွဲကာ ဒေါသထွက်နေသော လူအုပ်များက ဒေသတွင်းရှိ ဗုဒ္ဓဘာသာ ကျောင်းတော်များနှင့် စေတီ ၁ဝ ခုကျော်ကို စက်တင်ဘာလ ၂၉ ရက်နေ့ည သန်းခေါင်အချိန်က ကော့ဘဇားခရိုင်၊ ပင်းဝါရွာကြီး (ခေါ်) ရာမူး Ramu ဒေသတွင် စတင် တိုက်ခိုက်ဖျက်ဆီးခဲ့ကြခြင်း ဖြစ်သည်။

ထိုအကြမ်းဖက်မှုမှာ ရိုဟင်ဂျာများနှင့် ဆက်စပ်နေသည်ဟု ညွှန်းဆိုသည့် အစီရင်ခံစာ တခုကို လက်ခံရရှိထား
ကြောင်း ပြည်ထဲရေးဝန်ကြီး မိုဟီအူဒင် ခန်း အလမ်ဂီးရ် Mohiuddin Khan Alamgir က တနင်္လာနေ့တွင် ပြောဆို လိုက်သည်။

“အစိုးရအနေနဲ့ ရိုဟင်ဂျာတွေဟာ အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်နေကြောင်း သတိထားမိတယ်” ဟု ရာမူး အကြမ်းဖက်မှုများနှင့် ပတ်သက်၍ သတင်းထောက်များ၏ အမေးကို ဝန်ကြီးက ဖြေကြားသွားသည်။

ဝန်ကြီး စွပ်စွဲလိုက်သည့် ရိုဟင်ဂျာများမှာ မြန်မာနိုင်ငံမှ ရခိုင်ဒေသခံတို့က ဘင်္ဂါလီ မွတ်ဆလင်များဟု ခေါ်ဆိုပြီး ဘင်္ဂလား ဒေ့ရှ်နိုင်ငံကမူ ၎င်းတို့နိုင်ငံသားများ မဟုတ်ဟု ငြင်းဆိုခံထားရသောသူများ ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွင် ရိုဟင်ဂျာ ဒုက္ခသည် သုံးသိန်းခန့် ရှိနေသည်။ Continue reading “ALERT Religious War: Muslims Attack Burn and Destroy 10 Buddhist Temples in Bangladesh-video-photos”