Burma_Myanmar: kyue မကွေးကျောင်းတိုက်မှ ပြန်ထွက်ခွာခွင့်မရတဲ့ မန္တလေးမြို့တော်ဝန် video

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ဇီးအုပ်ကျေးရွာ ၊ကံကြီးကုန်းကျေးရွာအစရှိတဲ့ကျေးရွာတွေမှာ နိုင်ငံတော်ပိုင် မြေတွေပေါ်မှာ ကျူးကျော်နေထိုင်သူတွေလို့ သတ်မှတ်ခံရသူတွေကို ဖယ်ရှာပေးဖို့ ကံကြီးကုန်းကျေးရွာမှာရှိတဲ့ မကွေးကျောင်းတိုက်မှာ စက်တင်ဘာလ ၂၂ ရက်နေ့ နေ့လည် ၁ နာရီခန့်က မန္တလေးမြို့တော်ဝန် ဦးအောင်မောင်း ကိုယ်တိုင် သွားရောက်ပြောကြားခဲ့ပါတယ်။ရပ်ကွက်သစ်ထပ်မံတိုးချဲ့ဖို့အတွက် ဖယ်ရှားခိုင်းတာဖြစ်ပြီး ကျူးကျော်သူတွေလို့ သတ်မှတ်ခံထားရတဲ့သူတွေဟာ အဆိုပါနေရာတွေကို တရားဝင်ဝယ်ယူနေထိုင်နေကြတဲ့ အတွက် မြေတွေကိုသိမ်းမယ်ဆိုရင် နေရာသစ်ပြန်လည်ချထားပေးဖို့ အိမ်ဂရံတွေကို ကိုင်ဆောင်ပြီး မြို့တော်ဝန်ရဲ့ အပြန်လမ်းကို ပိတ်ဆို့တောင်းပန်ခဲ့ကြပါတယ်။ မြို့တော်ဝန် ဦးအောင်မောင်းက သတင်းမီဒီယာသမားတွေနဲ့ သူရဲ့ရုံးခန်းမှာ ညနေ ၆ နာရီမှာ ခေါ်ယူတွေဆုံပြီး အဆိုပါ အဖြစ်အပျက်တွေနဲ့ပတ်သတ်ပြီး သတင်းစာရှင်းလင်းပွဲတခုကို အဲဒီနေ့မှာပဲ ပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်ခင်ဗျာ။

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s