Burma Democratic Concern(BDC) call for Human Rights Watch and Amnesty International to call for British government to grant all stateless people in UK as the British Citizenship regardless of their background.

July 11, 2012 — Burma Democratic Concern (BDC)

We understand that Human Rights Watch is based in USA, a democratic country. We understand that Human Rights Watch is said to be working for promoting Human Rights around the world.

We also understand that Amnesty International HQ is based in London, UK. We are very concerned about the STATELESS PEOPLE in UK.

We call for Human Rights Watch and Amnesty International to call for British government to grant all stateless people in UK as the British Citizenship regardless of their background.

UK citizenship law is not in line with the Universal Declaration of Human Rights.

UNIVERSAL DECLARATION OF HUMAN RIGHTS Article 15 clearly stated that

(1) Everyone has the right to a nationality.
(2) No one shall be arbitrarily deprived of his nationality nor denied the right to change his nationality.

But, British Government says you cannot be a BRITISH citizen EVEN if you were born in the UK to parents who are not British citizens and are not legally settled in UK.

Even if you were born in the United Kingdom, you will not be a British citizen if neither of your parents was a British citizen or legally settled here at the time of your birth.

This means you are not a British citizen if, at the time of your birth, your parents were in the country temporarily, had stayed on without permission, or had entered the country ILLEGALLY and had not been given permission to stay here indefinitely.

We had believed that UK is a democratic country respecting human rights. It is hypocritical of seeing British immigration laws which are not in line with basic human rights. We call for all genuine human rights organisations to pressure UK government to change British citizenship law.

starting-to-born-uav-5 by photayokeking under policy law

“SKY 02 UAV” လေယာဉ်၏ မြေပြင်ထိန်းချုပ်ရေးဆက်သွယ်ရေးပစ္စည်းများ

ပေးပို့သူ – ဝေဟင် (ပြည်တွင်းမှ လက်ရှိ တာဝန်ထမ်းဆောင်ဆဲ လေတပ် အရာရှိ တစ်ဦး)

၅၁။ ‘SKY – 02 UAV’ လေယာဉ်၏ မြေပြင်ထိန်းချုပ်ရေးစခန်းသုံး ကွန်ပြူတာအတွင်း ထည့်သွင်း ထားသည့် ‘Software’ များဖြင့် အောက်ပါ “Data Processing” လုပ်ငန်းများအား ဆောင်ရွက်နိုင်ပါသည်-

  • (က) သာမန်စစ်ဆင်ရေးသတင်းရုပ်ပုံများကို ထောက်လှမ်းရရှိနိုင်ခြင်း “Common Operational Picture”။
  • (ခ) စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုခြင်း Persistent Surveillance’။
  • (ဂ) ဧရိယာတစ်ဝန်းအား ထောက်လှမ်းနိုင်ခြင်း “Area Reconnaissance”။
  • (ဃ) မှန်ကန်တိကျသောပစ်မှတ်အား ရှာဖွေပေးနိုင်ခြင်း “Accurate Target Acquisition”။
  • (င) လေယာဉ်မှတိုက်ရိုက် ရိုက်ကူးပေးပို့သော သတင်းဗွီဒီယိုပုံရိပ်အား ဆက်စပ် ပုံဖော် ပေးနိုင်ခြင်းနှင့် တည်ငြိမ်ပုံရိပ်အား ပြန်လည်ဖန်တီးပေးနိုင်ခြင်း “Live Video Mosaicking and Stabilization”
  • (စ) ထောက်လှမ်းရရှိသော ဗွီဒီယိုပုံရိပ်များအား ချိန်ညှိပေးနိုင်ခြင်းနှင့် မွမ်းမံပြင်ဆင်ပေးနိုင်ခြင်း “Video and metadata synchronization and refinement” ။
  • (ဆ) တိကျသော နေရာညွှန်းချက်ပေးနိုင်ခြင်းနှင့် မြေပုံညွှန်းချက်ပါရှိသော ဗွီဒီယိုပုံရိပ်များအား ရိုက်ကူးပေးပို့နိုင်ခြင်း “Geo-location and geo-registration of video”။
  • (ဇ) ရရှိလာသောပုံရိပ်အား ပိုမိုကြည်လင်ပြတ်သားအောင် ချိန်ညှိပေးနိုင်ခြင်း “Resolution enhancement”။
  • (ဈ) လှုပ်ရှားပစ်မှတ်အား ညွှန်ပြပေးနိုင်သောစနစ်ပါရှိခြင်း “Moving target indicators”။
  • (ည) ရရှိလာသောဗွီဒီယိုပုံရိပ်အား မြေပုံပေါ်တွင်ချိန်ကိုက်၍ ကြည့်ရှုနိုင်ခြင်း “Display video over a map with overlays”။
  • (ဋ) လက်တွေ့ပျံသန်းမှုမစတင်မီ ပျံသန်းမှုလမ်းကြောင်းနှင့် လုပ်ငန်းတာဝန်အား ကြိုတင် ပြင်ဆင်ခြင်း “Mission planning and operations: Path planning before flying”။
  • (ဌ) လေယာဉ်မှရိုက်ကူးရရှိသည့်သတင်းအချက်အလက်များနှင့် လေယာဉ်ဆိုင်ရာ အချက်အလက် များကို အချိန်နှင့် တစ်ပြေးညီ တွက်ချက်ဆောင်ရွက် ခင်းကျင်းပြသနိုင်ခြင်း “Intelligence Display”။
  • (ဍ) လေယာဉ်မှရိုက်ကူးရရှိသည့် သတင်းအချက်အလက်များအား အချိန်နှင့်တစ်ပြေးညီ ခွဲဝေဖြန့်ဖြူးပေးပို့နိုင်ခြင်း “Information Dispatch”။

၅၂။ “SKY-02” ယူအေဗွီများ၏ စွမ်းဆောင်ပေးနိုင်သော လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

ဖမ်းဆီးခံ NGO ၀န်ထမ်းများ မောင်တောတွင် ရုံးတင်

မောင်အေး

ရခိုင်ပြည်နယ် မောင်တောမြို့တွင်ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုနှင့် ဆက်စပ်မှုရှိသည့်ဟုဆိုကာ စွပ်စွဲ ဖမ်းဆီးခံထားရသည့် NGO ၀န်ထမ်း သုံးဦးကို ယမန်နေ့က မောင်တောခရိုင် တရားရုံးတွင် ရုံးတင် စစ်ဆေးခဲ့သည်ဟု သတင်း ရရှိသည်။

မောင်တောတွင် နစက တပ်ဖွဲ့များနှင့် ဆူပူသူများ ထိပ်တိုက်တွေ့နေစဉ်။

ယမန်နေ့က ရုံတင် စစ်ဆေးခံရသူများမှာ ချိုလေမာ ခါတုန်ဆိုသူ အမျိုးသမီး တစ်ဦးနှင့် နောက် အမျိုးသား နှစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။  သူတို့အား ကျီးကန်းပြင် အခြေစိုက် နစက ဌာနချုပ်မှ ယူဆောင်လာပြီး ယခုကဲ့သို့ ရုံးတင်စစ်ဆေးခြင်းဖြစ်သည်။

“ ချိုလေးမာကို ရုံးတင်ပါတယ်။ သူ့ကို နိုင်ငံတော်ပုန်ကန်မှုနဲ့လို့ကြားတယ်။ နောက်ပြီး ဒီမောင်တော မှာ ရှိတဲ့ ဌာနဆိုင်ရာတွေရဲ့ လှုပ်ရှားမှုတွေကို နိုင်ငံအပြင်ဘက်ကို ပို့ပေးတယ် ဆိုတဲ့ စွဲချက်တွေ ပါတယ်လို့ သိရတယ်” ဟု မောင်တော ခရိုင် တရားရုံးနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ချိုလေးမာခါတုန်မှာ သံတွဲသူ တဦးဖြစ်ပြီး မောင်တောတွင် ကျောင်းဆရာမအဖြစ် တာဝန် လာပြီးနောက် ကျောင်းဆရာမ အလုပ်မှထွက်ကာ ဂျပန်ကုမ္ပဏီတခုဖြစ်သည့် PCJ ကုမ္ပဏီတွင် အလုပ်ဝင်ခဲ့ပြီး UNHCR တွင် ပြောင်းလဲ တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း သိရသည်။

ချိုလေးမာခါတုန်ကို ရုံးထုတ်သည်မှာ ဟုတ်မှန်ကြောင်း အာဏာပိုင်များနှင့် နီးစပ် သည့် မောင်တောမြို့ခံတဦး က လည်း ယခုကဲ့သို့ ပြောသည်။ Continue reading “ဖမ်းဆီးခံ NGO ၀န်ထမ်းများ မောင်တောတွင် ရုံးတင်”

ALA တပ်သားများ အခြေခံ စစ်သင်တန်း ဆင်း

မောင်ရမ္မာ

ရခိုင်ပြည် လွတ်မြောက်ရေးတပ်မတော် (ALA) တပ်သားများ၏ အခြေခံ စစ်သင်တန်း ဆင်းပွဲ တစ်ခုကို ယခုလ ၇ ရက်နေ့က ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ (၇) နယ်မြေတွင် ပြုလုပ်ခဲ့သည်။

ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ (၇) နယ်မြေတွင် အခြေစိုက်သော ALA  ရမ္မာဝတီ တပ်ရင်းတွင် အဆိုပါ စစ်သင်တန်းဆင်းပွဲအား ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ရဲဘော် ၅၀ ကျော် သင်တန်း ဆင်းခဲ့ကြသည်ဟု သိရသည်။

သင်တန်းဆင်းပွဲသို့ တက်ရောက်ခဲ့သူ ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီ ဒုဥက္ကဌ ခိုင်စိုးနိုင်အောင်က ယခုလို ပြောသည်။

“ ရခိုင်တပ်မတော် ဆိုတာ ရခိုင်ပြည်သူတွေရဲ့ အသက် အိုးအိမ် စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ဖို့ အတွက် ဖွဲ့စည်း ထားတာာ ဖြစ်ပါတယ်။ အဲဒီ ရည် ရွယ်ချက်အပေါ်မှာ အခြေခံပြီးတော့ ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် သားတွေ ကို  စစ်သား တစ်ဦး အတွက် မရှိ မဖြစ် လိုအပ်တဲ့ အခြေခံ စစ်ရေး သင်တန်းကို  ဖြည့်စွမ်း ပေးရတာ ဖြစ်ပါတယ်။ အခု သင်တန်းကို ALA လက်အောက်ခံ ရမ္မာဝတီ တပ် ရင်းက ပြုလုပ်တဲ့ သင်တန်း ဖြစ်ပါတယ်” ဟု ပြောသည်။

ယခု စစ်ရေး သင်တန်းသည် ၂၀၁၂ ခုနှစ်တွင် ပထမအကြိမ် ပြုလုပ်သော သင်တန်း ဖြစ်ပြီး အပတ်စဉ် ၁/၂၀၁၂ ဖြစ်သည်။ Continue reading “ALA တပ်သားများ အခြေခံ စစ်သင်တန်း ဆင်း”

နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကြီးကို နေပြည်တော်သို့ ခေါ်သွားပြီ

မောင်အေး

မောင်တောမြို့ အခြေစိုက် နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကြီးကို နေပြည်တော်မှ စစ်ဆေးရန်  ခေါ်ယူသွားပြီ ဖြစ်ကြောင်း နစက သတင်းရပ်ကွက်အရ သိရသည်။

မောင်တောမြို့တွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုနှင့် ပတ်သတ်ပြီး စွပ်စွဲချက် အများအပြား ထွက်လာပြီး နောက်ပိုင်းတွင် ယခုကဲ့သို့ နေပြည်တော်မှ စစ်ဆေးရန် ခေါ်ယူသွားခဲ့ခြင်း ဖြစ်ကြောင်း နစက တပ်ဖွဲ့ တစ်ဦးက ပြောသည်။

“ ဗိုလ်မှူးကြီးကို ဒီကနေ ဇူလိုင်လ ၇ ရက်နေ့ကနေ  ခေါ်သွားပါတယ်။ သူ့ကို နေပြည်တော်မှာ စစ် ဆေးဖို့ ခေါ်သွားတာလို့ သိရပါတယ်။ မောင်တောမှာဖြစ်သွားတဲ့ အကြမ်းဖက်မှုတွေမှာ အကြမ်းဖက် လူပ်ရှားသူတွေဆီက ပိုက်ဆံ ယူတယ်ဆိုပြီး စွပ်စွဲချက်တွေ အကြီးအကျယ် ထွက်ပေါ်လာပြီးတဲ့ နောက်ပိုင်းမှာ သူခုလို အခေါ်ခံရတာ ဖြစ်တယ်။”  ဟု နစက တပ်ဖွဲ့ဝင်က ပြောသည်။

ယခုကဲ့သို့ ခေါ်ယူသွားသည့် ကိစ္စနှင့်ပတ်သတ်ပြီး မောင်တောမြို့တွင် တာဝန်ကျနေသည့် ရဲတပ်ဖွဲ့ဝင်တ ဦးကလည်း ယခုကဲ့သို့ ပြောသည်။

“ကျွန်တော်ကြားတာက အခုသူ့ကို (ဗိုလ်မှူးကြီးအောင်ကြီး) နေပြည်တော်ကို ခေါ်သွားပြီလို့ကြား တယ်။  မောင်တောကိစ္စနဲ့ပတ်သတ်လို့ သူ့ကို စစ်ဆေးနေတယ်လို့ကြားတယ်” ဟု ပြောသည်။

မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုတွင် ရခိုင် ကျေးရွာ အများအပြား မီးရှို့ ခံရပြီး အကြမ်းဖက်ဆူပူသူများကို ထိထိရောက်ရောက်မနှိမ်နှင်း နိုင်ခဲ့ခြင်းမှာ နစကမှူး ဗိုလ်မှူးကြီး အောင်ကြီး၏ အားနည်း ချက်ကြောင့် ဖြစ်သည်ဟု ပြည်သူများသာမက အစိုးရ၀န်ထမ်းများကပါ မြင်နေကြသည်ဟု သူက ဆိုသည်။

“ မောင်တောမြို့ထက်မှာ ဖြစ်နေတုန်း လုံးထိန်းတပ်ရင်း ၂ က သေနတ်ပစ်ပြီး လူစုခွဲတာကို နစက က လာပြီး ပြဿနာရှာတယ်။ မောင်တော မြောက်ပိုင်း လောင်းဒုံ နတလရွာမှာ ဖြစ် တုန်း ကလည်း ဗိုလ်မှူးကြီး အောင်ကြီးက  လုံးဝ ပစ်ခွင့် မပေးဘူး။ နယ်မြေမှူး ခန္ဓာပေါ်  ခဲတွေကျလို့ မခံနိုင်တဲ့ အတွက် သေနတ် ပစ်ခတ်လိုက် တော့မှ လူစုကွဲသွားတယ်။ ဒီတွက် သူရဲ့ လုပ်ပုံ  ကိုင်ပုံတွေကို ဌာနဆိုင်ရာက အရာရှိတွေပါ မကျေမနပ် ဖြစ်နေကြပါတယ်”ဟု အဆိုပါ ရဲတပ်ဖွဲ့ဝင်မှ ပြောသည်။

မကြာသေးမီက မောင်တောမြို့ခံများက နိရဉ္စရာသို့ ပို့ပေးသည့်စာတွင်လည်း ဗိုလ်မှူးကြီး အောင်ကြီး သည်  အကြမ်းဖက်မှု ဖြစ်ကို စတင် ဖြစ်ပွားစေသော အခြေခံ အကြောင်း အရင်း ဖြစ် သည့်  ငြိမ်းချမ်းစွာ ဆုတောင်းပွဲကို ကျပ်ငွေသိန်းပေါင်း ၃၅၀ဝ နှင့် ခွင့်ပြုခဲ့သည်ဟု စွပ် စွဲ ဖေါ်ပြသည်။

ယခုအခါ မောင်တော နစက ဌာနချုပ်တွင် အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုနိုင်က တိုက်ရိုက် ကိုင်တွယ်နေသည်ဟု သိရသည်။

Burma: 88 Generation Students Work to build Democracy -meeting KIA -photos by 88 Generation Students

ဇူလိုင်လ၊(၁၁)ရက်ညနေ ၄း၀၀ တွင် ဖိလစ်ပိုင်နိုင်ငံ Initiatives for International Dialogue မှ Program Manager Carmen Lauzon Gatmaytan သည် ၈၈မျိုးဆက်ကျောင်းသားများရုံးခန်းသို့ လာရောက်ကာ ၈၈မျိုးဆက်ကျောင်းသားများဖြစ်ကြသော ကိုပြုံးချို၊ ကိုစိုးထွန်းတို့နှင့် လာရောက်တွေ့ဆုံခဲ့သည်။
၎င်းတို့တွေ့ဆုံစဉ် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း ကိစ္စရပ်များကိုဆွေးနွေးခဲ့ကြသည်။

 

စစ်တွေမြို့ပေါ်ရှိ ဆရာတော်ကြီးများထံမှ သြ၀ါဒ နာယူခဲ့ကြစဉ်။ ( ဇူလိုင်လ၊ ၁၁ ရက်၊ မွန်းလွဲ ၂း၁၅ နာရီ၊ စစ်တွေ ၊ မြို့မ ပရိယတ္တိစာသင်တိုက်ကျောင်း)

ဂြစ်ဘက်ကျောင်းတိုက် ဒုက္ခသယ်စခန်း

မင်းဂံဒုက္ခသည်စခန်းတွင် နေ့လယ်စာ စားနေကြသော ဒုက္ခသည်ကလေးငယ်များနှင့် အတူ (ဇူလိုင် ၁၁ရက်၊ ၁၁း၄၅ နာရီ)

https://www.facebook.com/88GenerationStudents

ကချင်ပြည်နယ် လိုင်ဇာဒေသရှိ စစ်ပြေးဒုက္ခသည်စခန်များအား ဇူလိုင်လ၊(၇) ရက် တွင် ၈၈မျိုးဆက်ကျောင်းသားများ ဖြစ်ကြသော မြအေး၊ထွန်းမြင့်အောင်၊စိုးထွန်း၊ပဏ္ဍိတ်ထွန်း၊မီမီလွင်နှင့် စမ်းစမ်းမော်တို့သွားရောက်လေ့လာခဲ့ကြပါသည်။

ကချင်ပြည်နယ် လိုင်ဇာဒေသရှိ စစ်ပြေးဒုက္ခသည်စခန်များအား ဇူလိုင်လ၊(၇) ရက် တွင် ၈၈မျိုးဆက်ကျောင်းသားများ ဖြစ်ကြသော မြအေး၊ထွန်းမြင့်အောင်၊စိုးထွန်း၊ပဏ္ဍိတ်ထွန်း၊မီမီလွင်နှင့် စမ်းစမ်းမော်တို့သွားရောက်လေ့လာခဲ့ကြပါသည်။

ဇူလိုင်လ၊(၆) ရက်က ကချင်ပြည်နယ် လိုင်ဇာမြို့၌ကို မြအေး ဦးဆောင်သည့်၈၈မျိုးဆက်ကျောင်းသားများဖြစ်ကြသောထွန်းမြင့်အောင်၊ စိုးထွန်း၊ ပဏ္ဍိတ်ထွန်း၊မီမီလွင်နှင့် စမ်းစမ်းမော်တို့သည်KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်အက်စ်ဂွန်မော်၊ KIO တွဲဖက်အထွေထွေအတွင်းရေးမှုး ဦးလနန်တို့နှင့် တွေ့ဆုံခဲ့ကြပြီး ပြည်တွင်းစစ်ရပ်စဲရေးနှင့် စစ်မှန်သော ငြိမ်းချမ်းရေး ဖြစ်ထွန်းမှုအတွက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြစဉ်….၊

with KIA Freedomfighters