(ရိုဟင်ဂျာ)ကို မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား လူမျိုးတမျိုးအနေနဲ့ အသိအမှတ်
ပြုမှာမဟုတ်ကြောင်း ဒီကနေ့ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက် ပါတယ်။ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ရခိုင်ပြည်နယ်တွင်းမှာ ရိုဟင်ဂျာမူဆလင်တွေနဲ့
ဒေသခံ ရခိုင်တိုင်းရင်းသားတွေကြား အဓိကရုဏ်းတွေဖြစ်ပွါးခဲ့တဲ့အပေါ် အခြေခံပြီး အခုလို ကြေညာချက်ထုတ်ရတာဖြစ်ကြောင်း NDFအဖွဲ့
အထွေထွေ အတွင်းရေးမှူး (ခွန်အိုး)က ပြောပါတယ်။
အခုလို ရခိုင်ပြည်နယ်တွင်းအဓိကရုဏ်းတွေ ပေါ်လာရတာဟာ မြန်မာအစိုးရ
အဆက်ဆက်ရဲ့မှန်ကန်တိကျတဲ့ တရားဥပဒေစိုးမိုးရေး မရှိခြင့်ကြောင့်ပဲ
ဖြစ်ကြောင်း NDFအဖွဲ့ရဲ့ ကြေညာချက်က ဆိုပါတယ်။
ရခိုင်ပြည်နယ်တွင်း ပေါ်ပေါက်ခဲ့တဲ့ မငြိမ်မသက်မှုတွေနဲ့ ပတ်သက်ပြီး
စိုးရိမ်ပူပန်ကြောင်း ၊ ပြစ်မှုကျူးလွန်သူတွေကို ဥပဒေကြောင်းအရ တိတိကျကျ အရေးယူအပြစ်ပေးဖို့နဲ့ ၊ အသက်အိုးအိမ်ဆုံးရှုံးခဲ့ရတဲ့ ရခိုင်ပြည်သူတွေအတွက် ကူညီ ကယ်ဆယ်ရေးတွေကို မြန်မာအစိုးရကရော
နိုင်ငံတကာအစိုးရတွေကပါ ဝိုင်းဝန်းပံ့ပိုးပေးဖို့ အမျိုးသားဒီမိုကရေစီ
တပ်ပေါင်းစုအဖွဲ့က ထုတ်ပြန်တဲ့ကြေညာချက်ထဲမှာတိုက်တွန်းထားပါတယ်။

You must be logged in to post a comment.