KIO နယ်မြေမှ အစိုးရ အုပ်ချုပ်နယ်မြေသို့ ထွက်ပြေးတိမ်းရှောင်လာသော အမျိုးသားများ ဖမ်းဆီးခံရ

မြစ်ကြီးနား အမှတ် ၁ ရဲစခန်း ဒု-ရဲအုပ်မှ ထုတ်ပြန်သည့် အမိန့်စာ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်ရပ်ကွက်ရှိ နှစ်ခြင်းခရစ်ယာန်စစ်ပြေးဒုက္ခသည်စခန်းတွင် ခိုလှုံနေသော အဆောင်မှူးတစ်ဦးလည်းဖြစ်သူ ဦးလထော်ဘရန်ရှောင်အား (ပ) ၁၂၂/၂၀၁၂ ပေါက်ကွဲ(၃) အမှုနှင့်ဆက်စပ်၍ မေးမြန်းစစ်ဆေးရန်  ရပ်ကွက် ရယက ဥက္ကဌ သက်သေများနှင့်အတူ အမှတ်(၁) ရဲစခန်းမှ ဖမ်းဆီးသွားကြာင်းသိရသည်။

မြစ်ကြီးနား စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ)နှင့် အမှတ်(၁) ရဲစခန်းမှ ၁၀ဦးကျော်သည် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေမှတိမ်းရှောင်လာသူ ဦးလထော်ဘရန်ရှောင် (၂၉) နှစ်အား ဇွန်လ ၁၇ ရက် တနင်္ဂနွေ ည ၉ နာရီချိန်တွင် ဖောက်ခွဲမှုနှင့်ပတ်သက်ပြီး စစ်ဆေးရန်ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း ဒုက္ခစခန်းမှသိရသည်။

“ည ၉ နာရီလောက်မှာ လာဖမ်းသွားတယ်။ အမှတ် (၁) ရဲစခန်းမှူးကိုယ်တိုင် လာတယ်။ သူတို့အားလုံး ခြောက်ယောက်ဟုတ်တယ်။ ဖောက်ခွဲမှုမသင်္ကာမှုနဲ့ လာဖမ်းတယ်လို့ပြောတယ်။ ဧည့်စာရင်းမှတ်တမ်းထဲမှာလည်း အဲလိုပဲရေးထားတယ်။ ၂၄ နာရီအတွင်း စစ်ဆေးပြီး အပြစ်မတွေ့ရင် ပြန်လွှတ်မယ်လို့တော့ပြောတယ်” ဟု ဒုက္ခသည် စခန်းတာဝန်ခံ ဦးမရန်လဘုန်ပြောသည်။

၎င်းအား ဖမ်းဆီးသွားစဉ်တွင် ဒုက္ခသည်စခန်းအတွင်း တစုံတရာရိုက်နှက်မှုမရှိသော်လည်း ရဲစခန်းအတွင်းသို့ ညှင်းပန်းနှိပ်စက်မှုများပြုလုပ်နေကြောင်း သတင်းများထွက်ပေါ်နေ၍ ဒုက္ခသည်တာဝန်ရှိသူများစိုးရိမ်နေသည်။

“သူ့တို့က ပေါက်ကွဲ (၃) ဆိုပြီးဖမ်းတယ်။ ဘာသက်သေ အထောက်အထား မရှိဘဲနဲ့လာဖမ်းတယ်။  စစ်ဆေး မေးမြန်းမယ် ဆိုပြီးဖမ်းသွားတာဖြစ်တယ်။ ဖမ်းသွားတဲ့ညက ကျနော်လည်းလိုက်သွားတယ်။ သူတို့က အခန်းထဲမှာ စစ်ဆေးမေးမြန်းနေတယ်။ ကျနော်က ဧည့်ခန်းမှာနေတော့ ဘာတွေလုပ်လဲ ဘာမှမသိလိုက်ဘူး။ မြစ်ကြီးနား စရဖရုံးမှာ ဟုတ်တယ်” ဟု ဒုက္ခသည်စခန်းမှ တာဝန်ရှိသူတစ်ဦး ပြောသည်။ Continue reading “KIO နယ်မြေမှ အစိုးရ အုပ်ချုပ်နယ်မြေသို့ ထွက်ပြေးတိမ်းရှောင်လာသော အမျိုးသားများ ဖမ်းဆီးခံရ”