ကိုယ်စားလှယ် အဖွဲ့ နှင့် ကရင်နီ တိုးတက်ရေး ပါတီ (KNPP) မှ အတွင်းရေးမှူး (၁)

KNPP_13ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုဥက္ကဌ ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော
ကိုယ်စားလှယ် အဖွဲ့ နှင့် ကရင်နီ တိုးတက်ရေး ပါတီ (KNPP) မှ အတွင်းရေးမှူး (၁) ဖြစ်သူ ခူဦးရယ် ခေါင်းဆောင်သော ၉ ဦးပါ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ တို့သည် ဇွန်လ ၉ ရက်နေ့တွင် ကယားပြည်နယ် လွိုင်ကော်မြို့ ၌ ဒုတိယ အကြိမ် ထပ်မံတွေ့ဆုံကြ မည်ဟု (KNPP ၏  အတွင်းရေးမှူး ၂ ဖြစ်သူ ဦးအောင်ဆန်းမြင့်က ပြောပါသည်။

“အဓိက ကတော့   ပြည်နယ် အဆင့် ဆွေးနွေးပွဲတုန်းက ဆွေးနွေးပွဲမှာ တင်ပြထားတဲ့ အချက် ၂၀ ဟာ အစိုးရဘက်က အတိအကျ တုန့်ပြန်ပြီး အဖြေပေးတာမျိုး မရှိသေးဘူး။ အဲဒီအချက် ၂၀ ကို အခြေခံပြီး ဆက်ဆွေးနွေးသွားမယ် ပြီးတော့ တပ်ပိုင်း ဆိုင်ရာကိစ္စ ၊ လူထုအတွက် ဘ၀ အာမခံချက် ကိစ္စ၊ အပစ်ခတ်ရပ်စဲ ရေး တည်ဆောက်မှု လမ်းစဉ် မှာ ခိုင်မာအောင် နှစ်ဦးနှစ်ဖက် ဘယ်လိုတည် ဆောက်သွား မလဲဆိုတာ ထည့်သွင်းဆွေးနွေးသွားမှာ ဖြစ်တယ်လို့” ပြောပါသည်။

KNPP ၏ ကိုယ်စားလှယ်များမှာ

၁) ခူဦးရယ် (အတွင်းရေးမှူး – ၁ )

၂) အောင်ဆန်းမြင့် (အတွင်းရေးမှူး – ၂ )

၃) ဗိုလ်ချုပ် စောဘီထူး   (စစ်ဦးစီးချုပ်)

၎) ခူရှားရယ် (ပါတီ ဗဟို အလုပ်မှုဆောင်ကော်မတီ)

၅) ဗိုလ်မှူးကြီး ဖုန်းနိုင် (စစ်ဦးစီးချုပ်)

၆) ခူဒဲနီရာ (ပါတီဗဟိုကော်မတီဝင်)

၇) ရွေမျိုးသန့် ( ပါတီအရံ ဗဟိုကော်မတီဝင်)

၈) ခူပလူးရယ်   (ပါတီအရံ ဗဟိုကော်မတီဝင်)

၉) ခူညေးရယ်  ( ပါတီအရံ ဗဟိုကော်မတီဝင် တို့ ဖြစ်ကြပါသည်။

KNPP_19cKNPP မှ ပြည်သူလူထုအား ဆွေးနွေးတင်ပြစဉ် (ဓါတ်ပုံ KNPP)

KNPP နှင့် အစိုးရတို့သည်၊ တပ်ဖွဲ့နေရာ ချထားရေးနှင့် နယ်မြေလှုပ်ရှားရေး တို့တွင် အမြင်မတူကြသဖြင့် နှစ်ဖက်စလုံးမှ အထက် အဖွဲ့အစည်းကို တင်ပြခဲ့ရပါသည်။ KNPP သည် တင်ပြ ထားခဲ့သော အဆိုပြုချက် (၂၀) ထဲက သဘောတူ နိုင်သည့် အချက်များကို လက်မှတ် ထိုးဖွယ် ရှိနေပြီး သဘောထား မတူညီသည့် အပိုင်းများကို ဆက်လက် ညှိနှိုင်းသွားရန် ဆုံး ဖြတ်ထားပါသည်။

ဇွန်လ ၇ ရက်နေ့ ၌ KNPP မှ ခူဦးရယ် ဦးဆောင်သော အဖွဲ့သည် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မှ  စတင်ထွက်ခွာကြ မည်ဖြစ်ပြီး ပြည်တွင်းက လူမှု အဖွဲ့အစည်းများနှင့်လည်း စကားပြောခွင့် ရရန်ကြိုးစားသွားမည်ဟု ဦးအောင်ဆန်းမြင့်က ပြောပါသည်။

“ကျနော်တို့က မနက်ဖြန် ဒီကနေ စထွက်မယ်လေ အစိုးရနဲ့တော့ အများကြီး ဆွေးနွေးရဦးမယ်။ ဆွေးနွေးပွဲပြီးရင်တော့ လွိုင်ကော်မှာ ရှိတဲ့ ကျနော်တို့ တိုင်းရင်းသားတွေနဲ့ စကားပြောချင်တယ် အစီစဉ်ကတော့ ဟိုရောက်ပြီးမှ အခြေနေ အနေထားပေါ်မှာ မူတည်သည်” ဟု ပြောပါသည်။

KNPP ကိုယ်စားလှယ်များသည်၊ မြို့ပေါ်ရှိ နိုင်ငံရေး ပါတီများ၊ လူထုလူတန်းစား များနှင့် ထပ်မံ တွေ့ဆုံရန် ရှိပါသည်၊ ဤဆွေးနွေးပွဲသည်၊ KNPPနှင့် အစိုးရကြား ဒုတိယအကြိမ် တွေ့ဆုံပွဲဖြစ်ပြီး၊ ပထမ အကြိမ်သည်  ပြီးခဲ့သည့် မတ်လ (၇) ရက်နေ့၌ ဆွေးနွေးခဲ့ပါသည်။ ပဏာမဆွေးနွေးပွဲကို ၂၀၁၁ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၁၂ ခုနှစ်ဖေဖေါ်ဝါရီ လတွင် နှစ်ကြိမ်တိုင် ထိုင်းနိုင်ငံ၌ တွေ့ဆုံခဲ့ဘူးပါသည်။

 http://www.phophtaw.org/burmese/index.php/news/local-news/1689–knpp-.html

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s