Sai Myint Maung of NLD has gracefully accepted his defeat after the latest count showed that Sai Sam Min of SNDP had outstripped him by more than 4,000 votes.

2 April 2012
NLD candidate for Upper House Sai Myint Maung says he doesn’t expect a wide margin between him and SNDP’s Sai Sam Min. “I beat him in Lashio, he beats me in Mongyai, Tangyan and Hsenwi. And we were both beaten by USDP in Kunlong.” The District Election Commission is waiting for the last ballot boxes from Mongyaw, 34 miles northeast of Lashio, say sources. (SHAN)2 April 2012
Sai Myint Maung of NLD has gracefully accepted his defeat after the latest count showed that Sai Sam Min of SNDP had outstripped him by more than 4,000 votes. The last polling station whose ballot box is yet to arrive is Pang Yayoong, a village of some 300 eligible voters in Mongkiet tract near Mongyaw.(SHAN)

ကံ့ခိုင်ရေး ပါတီ ရုံးအား ခဲနှင့် ပစ်ပေါက်မှု ဖြစ်ပွား voice weekly

ကံ့ခိုင်ရေး ပါတီ ရုံးအား ခဲနှင့် ပစ်ပေါက်မှု ဖြစ်ပွား

မန္တလေး၊ ဧပြီ ၂ ( 5 : 38 PM )

ကြားဖြတ် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် အများစု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မန္တလေးတိုင်း ဒေသကြီး တိုင်းရုံးအား ရေသန့်ဗူး၊ခဲဖြင့် ပစ်ပေါက်မှု နှစ်ရက်ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း ယင်းပါတီရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးမျိုးမြင့်က The Voice Weekly သတင်းထောက် ကို ယနေ့ညနေ ၅ နာရီခွဲခန့်တွင် ပြောကြားသည်။

အွန်လိုင်း သတင်းမီဒီယာများနှင့် ဖေ့ဘုတ် စာမျက်နှာများပေါ်တွင် မန္တလေးမြို့ ပေါ်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေး
နှင့် ဖွံ့ဖြိုးရေး ပါတီ တိုင်းရုံး တည်ရှိရာ လမ်းမအား လုံခြုံရေး တပ်ဖွဲ့က ပိတ်ထားရသည့် သတင်းဓါတ်ပုံများနှင့် ယင်းပါတီရုံးအား ခဲနှင့် ပစ်ပေါက်ခံရသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သဖြင့် The Voice Weekly က ဧပြီလ ၂ ရက်နေ့ ညနေပိုင်းတွင် အတည်ပြု ဆက်သွယ် မေးမြန်းခဲ့ရာ အထက်ပါအတိုင်း ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

မန္တလေးမြို့  ၇၃ လမ်း ၂၇ x ၂၈ ကြားတွင်ရှိသော ယင်းပါတီ ရုံးအား မတ်လ ၃၁ရက်နေ့ည ၁၂ နာရီခန့်တွင် အခြားသော နိုင်ငံရေးပါတီ တစ်ခု၏ အမှတ်တံဆိပ်များ ဝတ်ဆင်ထားသော လူများက မော်တော်ယာဉ်ပေါ်မှ နေ၍ ခဲဖြင့် ပစ်ပေါက်ခဲ့ရာ ရုံးအဆောက်အအုံတွင်း နေထိုင်သော လူများအား ထိမှန်ခြင်း မရှိသော်လည်း ပါတီရုံး ဆိုင်းဘုတ်မှာ ထိမှန်ပျက်စီးခဲ့ကြောင်း၊ ဧပြီလ ၁ရက်နေ့ ည ၁နာရီ ခန့်အချိန်တွင်လည်း ရေသန့်ဗူးများဖြင့် လာရောက် ပစ်ခတ်သဖြင့် လုံခြုံရေး တပ်ဖွဲ့သို့ အသိပေးထားကြောင်း အဆိုပါ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

ရေသန့်ဗူးနှင့် ခဲများ ပစ်ပေါက်ခံရမှုနှင့် ပတ်သတ်၍ အမှုဖွင့် တိုင်ကြားသွားရန်လည်း မရှိကြောင်း မန္တလေးတိုင်း ဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထံမှသိရသည်။