လားရှိုး ကော်မရှင်ကို NLD တိုင်

SATURDAY, 31 MARCH 2012 16:59 သျှမ်းသံတော်ဆင့်
E-mailPrint

မနက်ဖြန်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်များထံ မဲပေးရမည့် စလစ်နံပါတ်အား ကြံ့ခိုင် ရေးပါတီက လိုက်ဝေနေသောကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းက ရွေးကောက် ပွဲကော်မရှင်ထံတိုင်ကြားကြောင်း ကြားသိရပါသည်။

 

usdp-slipကြံ့ခိုင်ရေးတံဆိပ်ပါ မဲစားရင်းအမှတ်စဉ် စလစ်ပြား

“လူထုကို ကူညီသယောင်နဲ့ပေါ့ဗျာ။ မဲပေးရမယ့် အမှတ်စဉ်ကို စလစ်ပြားလေးလုပ်ပြီး ကြံ့ခိုင်ရေးပါတီက အိမ် တိုင် ရာရောက်လိုက်ပေးတာလေ။ ဒီကိစ္စက မဟုတ်သေးဘူးလေ။ လုပ်လဲမလုပ်သင့်ဘူး၊ ဒါ့ကြောင့်ဒီမနက် ကဘဲ ကျနော်ရွေးကောက်ပွဲကော်မရှင်ကိုသွားပြောတယ်” – ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် လောင်း စိုင်းမြင့်မောင်က ပြောပါသည်။ 
အမှတ် ၃ မဲဆန္ဒနယ်  လားရှိုးမြို့တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီက မဲပေးမည့်သူများ အမှတ်စဉ် တုံကင်ပြား လိုက်လံဝေငှခြင်းဖြစ်ကြောင်း၊ ထိုအမှတ်စဉ်များသည်မှန်ကန်ခြင်းလည်း မရှိကြောင်း၊ လိုလည်း  မလိုအပ်ကြောင်း၊  ပြည်ခိုင်ဖြိုးကိုသာမဲပေးဖို့ ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း လားရှိုးမြို့တွင်း တက်ကြွလှုပ်ရှားသူများက ပြောပါသည်။

http://www.burmese.panglong.org/news.html

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s