အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ABSDF ထည့်သွင်း ဆွေးနွေးမည်။

ဖနိဒါ | တနင်္လာနေ့၊ မတ်လ ၁၂ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၅၄ မိနစ်၊

 

 

ချင်းမိုင်(မဇ္စျိမ) ။       ။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF အနေနှင့် အစိုးရ

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ ရန်ကုန်မြို့တွင် တွေ့ဆုံပါက အထွေထွေ လွတ်ငြိမ်းချမ်းသာ ခွင့် ထုတ်ပြန်ရန် ဆွေးနွေးသွားရန် ရှိသည်ဟု ဆိုသည်။

 

ကျောင်းသားတပ်မတော် ခေါ် ABSDF ခေါင်းဆောင်များနှင့် ဦးအောင်သောင်း ခေါင်းဆောင်သော အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ ဧပြီလ ၇၊ ၈ နှင့် ၉ ရက်နေ့များတွင် ရန်ကုန်မြို့၌ တွေ့ဆုံကြမည် ဖြစ်သည်။

 

ထိုသို့တွေ့ဆုံပါက တနိုင်ငံလုံး အပစ်ရပ်ရေးနှင့် မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွင် ကျန်ရှိ နိုင်ငံရေး အကျဉ်းသား များ၊ ပြည်ပရောက်များ အပါအဝင် နိုင်ငံရေးအင်အားစု အားလုံးပါဝင်လာနိုင်ရေးအတွက် အဓိကထား ဆွေးနွေးသွား မည်ဟု ABSDF ဒု-ဥက္ကဋ္ဌ ဦးမျိုးဝင်း က မဇ္ဈိမကို ပြောသည်။

 

“အားလုံးပါဝင် အဖြေရှာဖို့ လုပ်ရမယ်။ အကျဉ်းထောင်တွေမှာ ကျန်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပါဝင်နိုင်အောင် စီစဉ်ပေးရမယ်။ ပြည်တွင်းမှာ ရှိနေတဲ့ အင်အားစုတွေနဲ့ ပြည်ပမှာ ရှိနေတဲ့ နိုင်ငံရေး အင်အားစုတွေကို ဂုဏ်သိက္ခာရှိရှိ ပါဝင်နိုင်တဲ့ အခြေအနေဖြစ်အောင် ဖန်တီးပေးဖို့ လုပ်ရမယ်။ ဥပမာ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ပြီးတော့မှ ကျနော်တို့ကို ဖိတ်ခေါ် ကမ်းလှမ်းမှုတွေ လုပ်ပေးရမယ်။ ဒါတွေ ပြင်ဆင်ဆောင်ရွက်သွားမှာပါ”ဟု သူက မဇ္စျိမကို ပြောသည်။

 

တွေ့ဆုံပွဲသို့ ကချင်ပြည်နယ်(မြောက်ပိုင်း)၊ ကရင်နီ၊ အိန္ဒိယနိုင်ငံနယ်စပ် အစရှိသည့် နယ်မြေများမှ ABSDF ကိုယ်စား လှယ်များ တက်ရောက်လာမည် ဖြစ်သော်လည်း တက်ရောက်မည့်သူစာရင်းကို ဆွေးနွေးနေဆဲဖြစ်ကြောင်း သူက ဆက်ပြောသည်။

 

အဆိုပါ ခရီးစဉ်တွင် ABSDF ကျောင်းသားများ၏ လုံခြုံရေးအတွက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဘက်က  တာဝန်ယူပေးမည် ဖြစ်သည်။

 

မတ်လ ၈ ရက်နေ့က ကရင်ပြည်နယ် ဘားအံ့မြို့တွင် ABSDF ကျောင်းသားများနှင့် အစိုးရဘက်က ဒုဗိုလ်မှူးကြီး (ငြိမ်း)

စောခင်စိုး ဦးဆောင်သော ကိုယ်စားလှယ်များက ဆက်လက်တွေ့ဆုံမည့် ရက်သတ်မှတ်ခြင်း၊ ABSDF ကျောင်းသား များ အချိန်မီ တက်ရောက်လာနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

 

ဖေဖော်ဝါရီလ ၉ ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ဒုဗိုလ်မှူးကြီးဟောင်း စောခင်စိုး ဦးဆောင်

သော အစိုးရဘက်မှ ကိုယ်စားလှယ်များနှင့် ABSDF ကိုယ်စားလှယ်များ ပဏာမ တွေ့ဆုံခဲ့ပြီး အပစ်အခတ်ရပ်ရေး အပါအဝင် နိုင်ငံရေးအရ နှစ်ဖက် ငြိမ်းချမ်းရေးဖော်ဆောင်မည့် ကိစ္စရပ်များကို အကောင်အထည် ဖော်နိုင်ရန် ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးရန် သဘောတူခဲ့ကြခြင်း ဖြစ်သည်။

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s